“ငါတို့ အရင်စားသင့်တယ်” အိုးရန်လုံ သူ့ရဲ့ မျက်​ကြောများကို နှိပ်နယ်ရင်း ပြောလိုက်သည်။

"ငါလုပ်စရာရှိသေးတယ်" မုချိုး မှတ်စုတွေကို ပြန်သိမ်း​နေပြီး ပြောလိုက်သည်။

".....မင်း တစ်​ယောက်,ယောက်နဲ့ ချိန်းထားလို့လား?"

တစ်ခြားနေ့တစ်နေ့ကိုအလေးအနက်ထားပြီး ဒီအချိန်မှာတော့ မစ္စတာဒါရိုက်တာအ​နေနဲ့ သူ့ရဲ့ ဂန္တဝင်ဆန်တဲ့ ပုံရိပ်ကိုမပျက်စီးဖို့အတွက် နှင်းဆီပန်းတွေအကြောင်းကို​ မမေးတော့ပေ။

"မင်းပြန်သွားပြီးရင် ငါ့ရဲ့အဆိုပြုချက်ကိုကြည့်လိုက်ဦး။ နောက်အပတ် ငါတို့ဆက်လုပ်မယ်"

ဒါပေမယ့် အဲ့ဒီအစား မုချိုးက နွေဦးလေညင်းလိုနွေးထွေးပြီး နူးညံ့သိမ်မွေ့တဲ့အပြုံးလေးနဲ့ ပြန်ပြုံးပြလိုက်ရင်း “ငါ ဒါရိုက်တာကျုံးကိုသွားတွေ့မလို့”

ကော်ဖီသောက်ချိန်ကို နေ့လည် ၁၂ နာရီသတ်မှတ်ထားတာမို့ ခုချိန်ထွက်ရင် အကောင်းဆုံးအချိန်ပင်။
ဒါ​ပေမယ့်လည်း အရာအားလုံးက စီစဉ်ထားသည့်အတိုင်း မဖြစ်လာတတ်တာ​တွေလည်း ရှိတတ်ပါသည်။ ကြောက်စရာကောင်းတဲ့မတော်တဆမှုတစ်ခုက အဝေးပြေးလမ်းမပေါ်တွင်ဖြစ်ပွားခဲ့ပြီး ကားလမ်းပိတ်ဆို့မှုကြီးက အမြင်နဲ့တင် မဆန့်​ချေ။ကားပင်လယ်ကြီးကို ကြည့်ရင်းနဲ့ မစ္စတာမုတစ်​ယောက် တဖြည်းဖြည်းနဲ့ ပိုပိုပြီး စိတ်တိုလာရသည်။ လမ်းလျှောက်ဖို့ အရမ်းဝေးသေးတာ​ကြောင့်သာမဟုတ်ရင် ကားကိုချက်ချင်း ရေ​မြောင်းထဲကို ထိုးချလိုက်ပြီးပြီ။

ဒါ သူ့ရဲ့ကာလကြာရှည် စောင့်ဆိုင်းခဲ့ရတဲ့ dateလေးပဲလို့!!အား!!! ဘယ်လောက်ဝမ်းနည်းစရာကောင်းလိုက်လဲ​လေ!

တစ်ချိန်တည်းမှာပင် ကျုံးလီဖုန်းပိုင်သည် ကော်ဖီဆိုင်မှာ ထိုင်နေပြီး တည်ငြိမ်သည့်မျက်နှာထားဖြင့် မဂ္ဂဇင်းတစ်စောင်ကို လှန်ကြည့်နေသည်။ အတွင်းစိတ်ထဲမှာ​တော့ ဒေါသ​တွေထွက်​နေပြီး စိတ်မရှည်ဖြစ်​နေတာက လွဲပြီးလို့​ပေါ့!

သူ(မုချိုး) က သူ့ထက်နောက်ကျပြီး ရောက်လာနိုင်ရတာလဲ။ နှစ်မိနစ်က​နေ အခု နေ့လည် ၂ နာရီဖြစ်နေပြီ။ဒါပေမယ့် ဒီနေရာမှာ လူတစ်ယောက်ရဲ့အရိပ်နဲ့တူတာ​တောင် မတွေ့ရသေးဘူး။ ဘာတွေဖြစ်နေတာလဲ! ဒါကိုသူခွင့်လွှတ်နိုင်စရာ အ​ကြောင်းမရှိဘူး။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Wo Geschichten leben. Entdecke jetzt