ဒီလောက်ယောက်ျားဆန်တဲ့အခိုက်အတန့်မှာ ရန်ပွဲဆိုတာက မပါမဖြစ် ပါရမယ်!

ထို့ကြောင့် အပြင်ဘက်မှာတော့ အေးချမ်းပြီး ချောမောခန့်ညားတဲ့ အသွင်ရှိတဲ့သူဌေးကဲ့သို့သောပုဂ္ဂိုလ်နှစ်ဦးသည် အပြင်ပန်းအသွင်အပြင်တွေကို ဂရုမစိုက်တော့ဘဲ တစ်ယောက်ကိုတစ်ယောက် စတင်ထိုးကြိတ်ကြတော့သည်။

ထိုအခိုက်အတန့်တွင် ဆေးလိပ်ငွေ့များလွင့်ပျံလာပြီး ကလေးဆန်လွန်းလို့ မဖော်ပြချင်​တော့ပေ!

တစ်စုံတစ်ခု ကွဲအက်သွားသည့်အသံကိုကြား​တော့ မစ္စတာဒါရိုက်တာ ဒေါသတကြီးအော်ဟစ်လိုက်ပြီး "ငါ့ mouse က ဘာလိုပျက်သွားရတာလဲ!"

မစ္စတာမု ပိုလို့​​​တောင်စိတ်တိုသွားရ၏။ “ မင်း ငါ့ရဲ့ခေါင်းကို အဲ့ဒါနဲ့ရိုက်ခဲ့တာ မဟုတ်ဘူးလား?”
မင်းက ပစ္စည်းသုံးရဲတယ်​ပေါ့​လေ!

"..........."

ရုံးခန်းထဲမှာက အသံလုံ​သည်မို့လို့ပဲ သူတို့ရဲ့ သူဌေးပုံရိပ်က ကျန်​နေ​သေးတာပဲဖြစ်သည်။

ခက်ခဲလိုက်တာ!

ငါးမိနစ်လောက်ရုန်းကန်ပြီးတဲ့နောက်မှာ​တော့ သူတို့နှစ်ယောက်ရဲ့တင်းမာနေတဲ့ စိတ်ကိုဖြေဖျောက်ပေးခဲ့ပြီးဖြစ်ရာ ထိုလူနှစ်ယောက်က ဆိုဖာပေါ်မှာ ပြန်ထိုင်ပြီး ကျေနပ်မှုအပြည့်ဖြင့် စီးပွားရေးအ​ကြောင်း ဆွေးနွေးတွေ့ဆုံမှုကို ပြန်လည်စတင်ခဲ့သည်။

ဒီလို bro-like ဆက်ဆံရေးက အရမ်းကို hentai* ဖြစ်​ပေမယ့်လည်း အံ့သြဖွယ်လည်းကောင်းသည်။

[*ဒီ​နေရာမှာ ဆန့်ကျင်ဘက်ဖြစ်တယ်လို့ ဆိုလိုတာပါ]

မေးခွန်း - အတွင်းဘက်ခြမ်းမှာ မည်းညစ်​နေပြီး အပြင်ဘက်ခြမ်းမှာ​တော့ နူးညံ့ကြင်နာမှုအပြည့်ရှိတဲ့ မစ္စတာဒါရိုက်တာနဲ့  ရိုးသားသော်လည်း စိတ်အနှောင့်အယှက်ဖြစ်လွယ်တဲ့ မစ္စတာချိုး ဘယ်လိုများအကောင်းဆုံးမိတ်ဆွေများဖြစ်လာပါသနည်း။

အဖြေ : သူတို့နှစ်ယောက်လုံးရဲ့ခေါင်းက မမှန်တာကြောင့်ပါ။

ခေါင်းစဉ်က စီးပွားရေးဘက်ကိုပြောင်းလဲသွားသည်နှင့် အချိန်ကာလတစ်ခုသည် မျက်စိတစ်မှိတ်အတွင်းမှာပဲ ကုန်ဆုံးသွားပြီး ကြည့်လိုက်​တော့ နေ့လည် ၁ နာရီပင် ရောက်​​နေပြီဖြစ်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now