ချီပေါ်ယန်က နာမည်ကြီးကြယ်ပွင့်ဖြစ်ပြီး လူတိုင်းရဲ့ချစ်ခင်ကြင်နာမှုကိုရထားသူဖြစ်သလို ယုံကြည်မှုရှိပြီး လှုပ်ရှားမှုတိုင်းကတန်ဖိုးရှိကာ သူ့ကိုယ်ရောင်ကိုယ်ဝါက သာမန်လူတွေနဲ့ မတူကွဲပြားသည်။ 

အကယ်၍ ကျီးဝမ့်ကသာ နှိမ့်ချပြီး သိုသိုသိပ်သိပ်နေတက်တဲ့ အနုပညာ ပန်းပုရုပ်လေးဖြစ်လျှင် ‌ချီပေါ်ယန်ကတော့ ကောင်းကင်ပေါ်မှာတောက်ပနေတဲ့ ကြယ်ပွင့်လေးသာဖြစ်သည်။

ကျီးဝမ့် ရှောင်ရှုပုခုံးကို ပုတ်လိုက်ပြီး

"ဒါ မင်းအတွက်ခက်ခဲမှာပဲ မင်းအတွက် စာအိတ်နီ(မုန့်ဖိုး)ပို့ပေးလိုက်မယ်"

ရှောင်ရှုက ကျီးဝမ့်လက်ကို ခွေးပေါက်လေးသဖွယ် ဖက်တွယ်လိုက်ပြီး

"အစ်ကိုဝမ့် အစ်ကိုသာ နာမည်ကြီးဖြစ်လာရင် သူ့ထက်ပိုချောလာမှာ သေချာတယ်"

ကျီးဝမ့် စကားပြန်မပြောနိုင်ခင်မှာပဲ နှုတ်ဆက်သံ ကြားလိုက်ရသည်။ ဒီအသံကသူနဲ့အလွန်ရင်းနှီးနေပြီး အလိုလိုစိတ်မသက်မသာဖြစ်လာရသည်။ သို့သော် ထိုနှုတ်ဆက်စကားကတော့ သူ့ကိုရည်ညွှန်းခြင်း မဟုတ်တန်ရာ။

သူ မျက်နှာဖုံး တပ်ထားရုံတင်မဟုတ်ဘဲ သူ့လည်ပင်းမှာပါ Pheromone ထိန်းဖို့အတွက် စတစ်ကာကပ်ထားခဲ့သည်။

လူကြားထဲမှာတော့ Alpha နဲ့ Omega တို့ကယဉ်ကျေးမှုအရ သူတို့ရဲ့ အားပြင်းတဲ့ pheromone ကိုထုတ်လွှတ်လေ့ရှိသည်။ အချို့ သီးသန့်တကျနေရာမျိုးနဲ့ ထူးခြားတဲ့အခြေအနေမျိုးကလွဲပြီး သူတို့ pheromone တွေကို ထိန်းချုပ်ထားလေ့မရှိ။

ပြောရရင် ကျီးဝမ့်ရဲ့ pheromoneတွေက အရမ်းမပြင်းပေမယ့် သူဖုံးကွယ်ထားလိုက်သည်။ ပြီးတော့ ချီပေါ်ယန်ကလည်း သူ့ကို မှတ်မိပုံမရချေ။

သို့သော် ရှောင်ရှုက စိတ်လှုပ်ရှားစွာနဲ့ သူ့အင်္ကျီလက်တွေကို ဆုပ်ခြေနေပြီး အဝတ်အစားအထူကြီး ဝတ်ထားတောင်မှ သူ့နောက်ကျောအား စိုက်ကြည့်နေသည်ကို ခံစားမိတော့ ဒါကိုကြည့်ခြင်းအားဖြင့် နှုတ်ဆက်သံက သူ့ကိုရည်ညွှန်းနေတယ်ဆိုတာ သိလိုက်ရသည်။

Give upWhere stories live. Discover now