"ကျွန်တော်က​တော့ သူမကို သွား​တွေ့မှာမဟုတ်ဘူး" ဆုနို သူ့စိတ်ထဲမှာ အော်ဟစ်​နေ​တော့၏။

ကျွန်တော်အရှုံးမရှိဘူးဆိုတာကို အစ်ကိုကြီး သိလို့လား?ဒါ​ပေါ့ ကျွန်တော် အရှုံးမရှိပါဘူး။ဒါ​ပေမယ့် မစ္စတာဒါရိုက်တာကြီးကသာ ဒီကိစ္စကို သိသွားရင် လုံးဝကို စိတ်ဆိုးသွားလိမ့်မယ်!ဒေါသထွက်သွားတယ်ဆိုတဲ့ကိစ္စက ကြောက်စရာ​ကောင်းလွန်းတယ်!

"ဒါဆိုရင် ဘယ်လို မိန်းက​လေးမျိုးကိုကြိုက်လဲ?အစ်ကိုကြီး ထပ်ပြီး ရှာ​ပေးမယ်" ဟန်​ဝေက​တော့ မ​လျှော့တမ်း ဆက်လက်​ပြောဆို​နေ​သေးသည်။

ဆုနိုရဲ့မျက်နှာမှာ မျက်ရည်​တွေနဲ့ ပြည့်​တော့မည်။
ဘာလို့ သူ့မှာ ဒီလိုမျိုး အေးစက်ပြီးကြမ်းကြုတ်တဲ့ အစ်ကိုမျိုးရှိ​နေရတာလဲ?အဘိုးအိုတစ်ယောက်ကို အမျိုး​တော်ထားရသလိုပဲ။ထင်​ယောင်ထင်မှား​တွေ​တောင် ဖြစ်ကုန်ပြီ!သူ ဘာဖြစ်လို့ ကာစီနိုဖွင့်ထားရတာလဲ?အောင်သွယ်​တော် အေဂျင်စီသာ ဖွင့်လိုက်ပါ​တော့လား?"သြဇာတက္ကပကြီးမားတဲ့ကြင်ယာ​တော်ရဲ့ ဖူးစာကြိုးနီ"ဆိုတဲ့ အနုပညာရသ​မြောက်တဲ့ နာမည်ကို ကိုယ့်ဘာသာကိုယ်တောင် ပေးလို့ရ​သေးတယ်။စကားလုံးလေးလုံးကို​တော့ အနောက်စတိုင်နဲ့​ပေါ့!

"ဘာ​တွေ ကြောင်​ငေး​နေပြန်ပြီလဲ?" ဟန်​ဝေ သူ့မျက်နှာလေးကို ညစ်လိုက်သည်။ "အစ်ကိုကြီး မင်းကို မေး​နေတယ်လေ။ဘယ်လို မိန်းက​လေးမျိုးကို ကြိုက်တာလဲလို့?"

"ကျွန်တော်က ဒေါသကြီးတဲ့သူမျိုးကို ကြိုက်တယ်" ဆုနိုရဲ့စကားလုံး​တွေကတော့ အံ့သြစရာ ကောင်းလွန်းပါသည်။ " ခြေ​မွှေး​တွေရှိရင် ပို​ကောင်းမယ်"

"..............."

ဟန်​ဝေ အ​တော်​လေးကို စိတ်ရှုပ်​ထွေးသွားရသည်။သူ့ရဲ့ညီငယ်​လေးရဲ့ အလှအပခံစားမှုက ဘီလပ်​မြေစက်ထဲမှာ အ​ရောခံလိုက်ရတာများလား?

"အဲ့ဒီနှစ်ချက်ပါပဲ" ဆုနို သူ့ရင်ဘတ်ထဲကစကား​တွေကို ပြောဖို့ အိပ်ယာ​ပေါ် ပြန်လှဲချလိုက်သည်။ "ချိုင်းမွှေး​တွေက​တော့ ကံစီမံရာ အတိုင်းပါပဲ။ကျွန်တော် မရမက ရှိရမယ်လို့ မ​တောင်းဆို​တော့ပါဘူး"

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now