လူကို​ခြောက်​တော့မယ်ဆိုရင်လည်း ကြိုတင်သတိ​ပေးတာ​လေး​တော့ ရှိရမှာ​ပေါ့!

"ဒီမှာကြည့်။ဒါ သူမပုံ " ဟန်​ဝေ သူ့ဖုန်းထဲက ဓါတ်ပုံတစ်ပုံကို ထုတ်ပြလိုက်သည်။ဆုနို ပိုပြီးတော့တောင် စိတ်ညစ်သွားရတော့သည်။

သူ့အစ်ကိုကြီးဆီမှာ ဘယ်တုန်းက အော်သွယ်​တော်မှဲ့ကြီး ရှိသွားခဲ့ရတာလဲ!

သူရဲ့​ခေါင်းထဲမှာ သလဲသီး​ရောင်စကပ်ကို ဝတ်ထားသည့် သူ့အစ်ကိုကြီးရဲ့ ပုံရိပ်က ပေါ်လာခဲ့သည်။ ဝါးရုံစိမ်းအ​ဆောက်အဦးငယ်​လေးရဲ့ လမ်းတစ်​လျှောက်မှာ ပွန်းနီပန်း​တွေက လှိုင်လှိုင်ဖူးပွင့်​နေပြီး သူ့အစ်ကိုကြီးက ပန်း​​လေးတစ်ပွင့်လို ပြည့်စုံစွာ ပြုံးရယ်​နေရင်းဖြင့် ပြောလိုက်သည်။

"ဒီက သခင်​​လေး....အထဲကို ဝင်ပြီး ကျွန်တော်တို့ဆီ မှာ အသစ်​ရောက်လာတဲ့ ကောင်မ​လေးကို လာကြည့်ပါလား?သူမရဲ့အသားအရည်က ဖြူ​ဖွေး​​နေပြီး သူ့မက စိတ်ကိုလှုံ​ဆော်ပေးတဲ့​နေရာမှာလည်း ထူးချွန်တယ်​နော်။ ပြီး​တော့ သူ့မမှာ ကားနဲ့ အိမ်လည်း ရှိတယ်"

ဒီလို ထူးဆန်းတဲ့ ပုံကြီးက!!

လေက စကပ်ကို တိုက်ခတ်လိုက်​တာကြောင့် သူ့ရဲ့ ခြေ​မွှေး​တွေကို မြင်လိုက်ရတာက ကြောက်စရာပဲ။ သူ မတုန်လှုပ်ဘဲ မနေနိုင်တော့ဘူး!

"ဒီ​ကောင်မ​လေးက ရုပ်မဆိုးဘူးမလား?"ဟန်​ဝေ မေးလိုက်သည်။
"ကျွန်တော် သုံးနှစ်အတွင်း ဒိတ်မလုပ်ချင်ဘူး!" ဆုနို လက်ငါး​ချောင်း ထောင်ပြလိုက်ရင်း ပြောလိုက်သည်။

"ဒီ​လေး​ယောက်ထဲက သုံး​ယောက်ကိုလား?" ဟန်​ဝေ ရယ်ရခက်ငိုရခက်ဖြင့်။

"ဘာပဲဖြစ်ဖြစ် ကျွန်တော် မိန်းက​လေးရည်းစား မလိုဘူး" ဆုနို တင်းတင်းကြပ်ကြပ်ပင် ငြင်းပယ်လိုက်သည်။

ကျွန်တော် တကယ်လိုတာက ယောကျ်ားလေးချစ်သူပဲ!ပြီးတော့လည်း ကျွန်တော့်မှာ ယောကျ်ားလေးချစ်သူ ရှိ​နှင့်နေပြီ။ သူက အရမ်းကို နူးညံ့ကြင်နာတတ်ပြီး ခန့်ညားလွန်း​တဲ့သူပဲ!

"ဘာပဲဖြစ်ဖြစ် အခုလည်း မင်းမှာ ကောင်မ​လေးမရှိ​သေးဘူးလေ။ တွေ့ကြည့်တာ အရှုံးတော့မရှိပါဘူး" ဟန်​ဝေက​တော့ အရှုံး မ​ပေးချင်​သေးပေ။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now