Maybe it's the way you play your game

766 69 3
                                    

~A few days after~

"ဆို​တော့ မင်းက ဂျပန် လူမျိုး​ပေါ့ "

"ဟုတ်တယ် အီသန်"

"ခက်တယ်​နော် ဂျပန်စာက"

"အဲ့လိုလား "

"အင်း ငါ ကိုရီးယားမှာ​တုန်းက အီတလီ မသွားဘဲ ဂျပန်သွားမလို့ လုပ်​သေးတယ် ဒါ​ပေမဲ့ စာခက်လို့ "

ဘီယာ တစ်ဗူး ​ဖောက်​သောက်ရင်း ​ပြော​နေတဲ့ အီသန့်​ကို ​ငေးကြည့်​နေမိပါသည်

ဘီယာ ​သောက်​နေတဲ့ အီသန်က အယ်ကို​ဟော​တွေလိုပဲ
​သောက်တိုင်း ​သောက်တိုင်း ပိုပို နှစ်သက်လာသလို
အီသန်ကလည်း ကြည့်ရင်း ကြည့်ရင်း ပိုပို သ​ဘောကျလာဖို့​ကောင်းတယ်
အီသန်က သူ့အတွက်​တော့ အကြိမ်ကြိမ်​သောက်ချင်​နေမိတဲ့ အယ်ကို​ဟော တစ်ခွက်ဘဲ

Love at first sight လို့လဲ မ​ပြော​​သေးဘူး
ဘာလို့ဆို သူ အီသန့်ကို မကြိုက်​သေးဘူး
ဒီတိုင်း သ​ဘောကျတာလို့ပဲ မှတ်ယူထားတုန်း
ဘာလို့ဆို မြင်မြင်အချစ်ဆိုတာကြီးက ရယ်စရာမ​ကောင်းဘူးလား
သူ အယုံအကြည်လဲ မရှိဘူး

ဒါ​ကြောင့် ဒီတိုင်း​လေး ဒီတိုင်း​​လေးဘဲ

"ဘာ​တွေ ​ငေး​နေတာလဲ နီခီ ကိုယ်​ချောလို့လား "

"အင်း အီသန်က ​ချောလို့ "
ဆို​တော့ သူ့ကို အပြုံး​လေး တစ်ပွင့်ပြုံးပြကာ ဘီယာ တစ်ငုံ​သောက်တယ်
အခုဆိုရင် သူတို့က ​ရေကူးကန်နားမှာ ​ရေကူးကန် နားက မီး​ရောင်​တွေနားမှာ
ရုပ်​ချော​ချော ​ကောင်​လေး တစ်​ယောက်က ဘီယာ ​​သောက်​နေတဲ့ ​ကောင်​လေး ​နောက်ထပ် ​ကောင်​လေးတစ်​ယောက်က တမက်တ​မော ကြည့်ရှု​နေတဲ့ မြင်ကွင်း​လေးက ပြတိုက်​တွေထဲက တန်ဖိုးကြီး ပန်းချီကား​တွေ အတိုင်း

အီသန့်ရဲ့ ဘီယာ​သောက်လိုက်တိုင်းမှာ လှုပ်စိလှုပ်စိ ဖြစ်​နေတဲ့ Adam Apple ကို သူ့မျက်စိက အလည်​ရောက်သွားတယ် စွဲမက်ဖို့​ကောင်းတာ ထက်ကို ပိုပါတယ် အီသန်

ဒီတိုင်း သူတို့နှစ်​ယောက်က သာမာန် အခန်း​ဖော်​တွေ ပါပဲ
အခန်း​ဖော်​တွေ ဘီယာ အတူတူ​သောက်တယ်
​တွေ့တာ ရက်သတ္တပတ် မကြာ​သေး​ပေမဲ့ ရင်းနှီးသွားတယ်
အချိန်ကြာလာရင် ဒါ​တွေက အီတလီမှာ ဖြစ်ပျက်ခဲ့တဲ့ မန်မိုရီ တစ်ခု အ​နေနဲ့ပဲ ပြီးသွားမှာ

𝐷𝑎𝑛𝑑𝑒𝑙𝑖𝑜𝑛𝑠 [𝐇𝐞𝐞𝐊𝐢]Completed ✔जहाँ कहानियाँ रहती हैं। अभी खोजें