ပုလဲ ဖြင့် ရစ်​နှောင် ထား​သောလိပ်ပြာငယ်

Start from the beginning
                                    

" ငါမယ်မယ်ကြီး အိပ်​ဆောင်ကိုသွားမယ် "

" အရှင်မ မဖြစ်ပါဘူး ခုချိန်က .. "

" တိတ် ! ငါစကားနှစ်ခွန်းမ​ပြောဘူး "

အ​ဟောက်ခံလိုက်ရ​သော အထိန်း​တော်ဆုန်း သည် ​နောက်ထပ်ပါးစပ်​တောင်မဟရဲ​တော့​ပေ။

လှည်းယာဥ် နဲ့​တောင် မသွား​တော့​ဘဲ ​ခြေလျင်သွား​သော အရှင်မ ​ကြောင့် နန်းတွင်းတစ်ခုလုံးကို မျက်ခုံးလှုပ်​နေ​စေတယ်။
သိပ်ကို အရှိန်အဝါကြီးလှတဲ့ အရှင်မ​ပေါ့။

မယ်မယ်ကြီး၏ အိပ်​ဆောင်ကို​ရောက်​သောအခါ ဂျဲနီသည် ဟန်ပင်မ​ဆောင်နိုင် ချက်ချင်း အပြင်ဘက်က လှမ်း​ခေါ်လိုက်တယ်။

" မယ်မယ်ကြီး ! ဂျဲနီ ပါ "

အ​ဖြေထွက်မလာတာ​ကြောင့် တံခါးကိုဖွင့်၀င်လိုက်တယ်။

မယ်မယ်ကြီးဟာ ခနဲ့ပြုံးတစ်ခုနဲ့ ဂျဲနီကို ကြိုဆိုတယ်။
​ချွေးစို့​နေ​သော ဂျဲနီကိုကြည့်ကာ မယ်မယ်ကြီး က ​လေ​ပြေ​လေးနဲ့ စကားတစ်ခု တုန့်ပြန်လိုက်တယ်။

" ဂျဲနီ .. မင်းကို တစ်ခုခု က ​နှောင့်ယှက်​နေပြန်ပြီလား "

" မယ်မယ်ကြီး ! ဂျဲနီ ကို မရွဲ့ပါနဲ့ ဂျဲနီ အတည်​ပြောမလို့ပါ "

ဂျဲနီ ကသာ အ​ရေးကြီးပုံ​ပေါက်​နေတာပါ။
မယ်မယ်ကြီး က​တော့ ခုထိ ပုလဲ နဲ့ ပတ်သက်သည့် ​ဆောင်းပါး စာအုပ်ကိုလက်ကမချ​သေး။
မယ်မယ်ကြီးက ပုလဲ ​လေး​တွေကိုသိပ်မြတ်နိုးတာ။
ဂျဲနီက​တော့ လိပ်ပြာ​လေးကိုမြတ်နိုးတာ။

" ဟုတ်ပြီ ဂျဲနီ ​ပြော "

" မယ်မယ်ကြီး ကျွန်မကို မုန်းလား "

" အရှင်မ .. ဒီ​မေးခွန်းကို ကျွန်မ​ဖြေရင် ကိုယ့်​ပေါင် ကိုယ် လှန်​ထောင်း ဖြစ်သွားမှာ စိုးမိပါတယ် "

" ကျစ် "

ဟု သာ​ပြောနိုင်ပြီး နန်းတွင်း အပြင်ဘက်က ပန်း​တော ထဲ ပြန်၀င်ခဲ့ပြန်ပါပြီ။
ဘာလို့ ဂျဲနီ ကိုပဲ ဖုံးကွယ် ချင်​နေကြတာလဲ။
ကျွန်မ က တကယ်ပဲ ​ကြောက်စရာ​ကောင်းလို့လား။
​မှောင်မည်း​နေ​သော နှင်းဆီရိုင်းခြုံ ထဲ တိုးဝင်ပြီး တစ်ခြားပြည်နယ် တစ်ခုကို ​ခြေလှမ်းတစ်ခုလှမ်းမိသွားတယ်။

ဘုရင်ကြီး ဆိုသည့် ကျွန်မ အ​ဖေ၏ နှိပ်စက်ဒဏ်များ ၊
အငယ်အ​နှောင်း၏ သမီး ဆိုပြီး လက်ညိုး၀ိုင်းထိုးကြ​သောဒဏ်များကို ကျွန်မ တကယ်ပင် မခံနိုင်​တော့ပါ။
​သေ​လောက်​အောင် နာကျင်​နေပါပြီ။
အခုကျွန်မအသက်က ၄၀နားကပ်လို့လာပါပြီ။
နှစ်၂၀​ကျော်ကြာ​အောင် ဂျိုဆွန်းကိုအုပ်ချုပ်ခဲ့ရရင် ​တော်ပါပြီ။
ကျွန်မ ဘ၀မှာ မလိုချင်တာ​တွေရ​နေတာကို သိပ်မုန်း​နေပြီ။

' လောကကြီးရယ် ကျွန်မကိုခွင့်လွှတ်ပါ​တော့ '

ဂျဲနီ သည် ပန်းရိုင်း​တောထဲ ​ပစ်၀င်ကာ ဆူးပုံထဲ လှဲချပစ်လိုက်သည်။
နာကျင်မှု​တွေ ​လျော့နည်းသွားပြီး အ​​ငွေ့အဖြစ် ​ပျောက်သွားသလို ​လေထဲ​မြောက်​နေပြီ။
ကျွန်မ လွတ်လပ်သွားပြီ။
မယ်မယ်ကြီး၏ သားကိုသတ်မိလို့ မယ်မယ်ကြီး နှိပ်စက်တာခံခဲ့ရတဲ့ဘ၀က​နေလွတ်လပ်သွားပြီ။
​ကျွန်မ ဘ၀ ကိုရစ်ပတ်ထားတဲ့ ပုလဲ ကြီး ဆီက​နေလွှတ်​မြောက်လာပြီ။
ကျွန်မ သိပ်​ပျော်တာပဲ။

...

တစ်ခါတစ်​လေ ​တော့လည်း လူ့ဘ၀ ကစိတ်ပျက်စရာကြီးပါ။
ရလည်းခဲသလို ​ပျော်ဖို့လည်းခဲပါတယ်။

...

Blackpink OneshotWhere stories live. Discover now