အပိုင်း ၃၇

Start from the beginning
                                    

အယုတ်ဆွဆုံးအနေဖြင့် ကျိုးယွင်သည် တော်ဝင်လူသတ် အလောင်းဖျောက်သည့် ကိစ္စများကိုပင် တွေဝေမှု့ မရှိဘဲ မငြီးမငြူလုပ်ဆောင်ခဲ့လေသည်။

အစတွင် ကျိုးထျန်းက ကျိုးယွင်ကို တော်ဝင်မိသားစု၊ မျိုးရိုးမြင့်အိမ်တော်များအား တစ်ဖက်က ငွေပေးစေခိုင်းမှုကြောင့် သတ်ဖြတ်ပေးရသည့် လူသတ်အလောင်းဖျောက်ရသည့် တရားမဝင်လုပ်ငန်းမျိုးကိုတော့ ဉီးဆောင် လုပ်ကိုင်ရန်မလိုကြောင်း ၊ ဒီလုပ်ငန်းကို ရပ်စဲထားလိုက်လို့ရကြောင်း ပြောခဲ့ပါသေးသည်။

ကျိုးယွင်သည်လည်း ကနဉီးအစက ကျိုးထျန်းစကားကို ချက်ချင်းသဘောတူလက်ခံထားပြီးသားပင်။
သူကိုယ်တိုင်ကလည်း သူတစ်ပါးအသက်ကို ဘလိုင်းကြီး သတ်ဖြတ်လိုစိတ် မရှိခဲ့သည့်အတွက်ကြောင့်...။သတ်ဖြတ်ရန်လည်း စိတ်မပါသည့် အတွက်ကြောင့်။
ထိုအချိန်တုန်းက သူသည် သူ့လက်ကို သွေးစွန်းခံလိုက်ဖို့ စိတ်ကူးလုံးဝမရှိခဲ့ပါချေ။
သူက ရှောင်ဟန်အနားတွင် တွယ်ကပ်လာကြသည့် သူများကိုသာ ညှင်းပန်းနှိပ်ဆက်ခဲ့တာဖြစ်သည်။ ဒီအတိုင်း ဘလိုင်းကြီး သတ်ဖြတ်ဖို့တော့ လုံးဝ စိတ်ကူးမရှိခဲ့ပေ။

သို့ပေမဲ့ ကျိုးယွင်၏ ထိုစိတ်ပိုင်းဖြတ်ချက်သည်ကား ရှန်ဟိုင်းမှ လုရှောင်းယွီ USကိုရောက်မလာသေးခင်အချိန်အထိသာ။
ကျိုးယွင် US တွင်နေထိုင်ဖြတ်သန်းရသည့် နှစ် နှစ်မြှောက်အကြာတွင် လုရှောင်းယွီက USကို ရောက်လာခဲ့ပြီး ကျိုးယွင်နဲ့ တွေ့ဆုံကာ လုပ်ငန်းစပ်တူ စလုပ်ဖို့ တိုင်ပင်ဆွေးနွေးလာခဲ့သည်။

လုရှောင်းယွီဆီမှ ရှောင်ဟန်နှင့် သက်ဆိုင်သည့် အကြောင်းအရာများကို မပြောဆိုလာ​သေးခင် အချိန်အထိ ကျိုးယွင်၏ လူမသတ်ဖို့ ဆုံးဖြတ်ထားသည့် စိတ်ပိုင်း​ဖြတ်မှု့က အကျုံးဝင်ခဲ့သည်။

လုရှောင်းယွီ ပြောကြားလာခဲ့သည့် ရှောင်ဟန် သတင်းများကြောင့် ကျိုးယွင်သည်က အထိန်းအကွက်မဲ့ကာ စိတ်ရောဂါ ထဖောက်လာရပြီး စိတ်လွတ်ထွက်သွားရလေတော့သည်။

ထိုနေ့ညမှာပင် ကျိုးယွင်သည်က ဒေါ်လာသန်းချီဖြင့် လုပ်ငန်းအပ်လာခဲ့သည့် တော်ဝင် မျိုးရိုးမြင့် အိမ်တော်အား လုပ်ကြံသတ်ဖြတ်ပေးရန်အတွက် တစ်ဖက်ကကမ်းလှမ်းလာမှု့ကို ချက်ချင်း လက်ခံပေးခဲ့လေသည်။
ထိုနေ့ညတွင် သူငယ်ချင်းနှစ်ယောက်လုံးသည် တော်ဝင် အိမ်တော်တစ်ခုကို ခိုးဝင်ပြီး လုပ်ကြံ သတ်ဖြတ်ခဲ့ကြသည်။
ကျိုးယွင်သည်ကား ရှောင်ဟန်စိတ်ကြောင့်
ဖြစ်တည်လာခဲ့ရသည့် ဒေါသစိတ်များနဲ့ ရူးနှမ်းသွပ်ချာလာရမှု့များကို ထိုနေရာတွင် စိတ်နက်ထားလိုက်ပြီး တွေဝေမှုမရှိဘဲ ပထမဉီးဆုံးအကြိမ်ဖြင့် စိတ်လွတ်ကိုယ်လွတ် လုပ်ဆောင်ဖြစ်ခဲ့လေသည်။
လုရှောင်းယွီသည်လည်း ကျိုးယွင်နှင့်အတူ
အပျော်တမ်းပင် ပါဝင်ပေးလာခဲ့သည်။

Love of an idoit  အရူးတစ်ယောက်ရဲ့အချစ် [Ongoing]Where stories live. Discover now