" အုပ်ကြီးက ဘာပြောလဲ "
" ဘာမှတော့မပြောဘူး ပြောလည်း မောင်က လက်ခံမှာမှ မဟုတ်တာ "
" လက်ချောင်းသွယ်သွယ်လေးတွေ အားလုံးထဲမှာမှ အလယ်က အရှည်ဆုံးတစ်ချောင်းကိုယူလိုက်နော် လမြတ်ဝါဆို "
လီးပဲဟေ့ လမြတ်ဝါဆို ။ လွန်းလရိပ်ဝေး စိတ်ထဲကနေပဲ ဆဲလိုက်တော့သည် ။
မနက်တည်းက စကားမပြောပဲ နေလိုက်တာ အခုညနေ ငါးနာရီထိုးတော့မယ် ။ လွန်းကိုသာ ဘေးကနေ တတွတ်တွတ်လာပြောနေပေမယ့် လွန်းကတော့ ဖုန်းကိုပဲ အာရုံစိုက်ပြီး
ကြည့်နေလိုက်တယ်။ဖုန်းကြည့်တယ်ဆိုတာလည်း ထွေထွေထူးထူးကြည့်နေတာ မဟုတ်ပဲ မောင့်ကို စိတ်မကြည်သမျှ Wall ထဲမှာ တက်လာသမျှ Post အကုန်လက်မသာပေးပြီး ခရီးသွား blog အတိုလေးတွေကြည့်နေခြင်း ဖြစ်သည် ။
" မောင်မှားပါတယ်လို့ မောင့်အချစ်ရဲ့ "
Iris လွန်း ခန္ဓာကိုယ်လေးကို လှုပ်ရမ်းကာ အလိုမကျပြောမိသည် ။
" မောင့်အမှား မောင်သိလား "
လွန်း မျက်စောင်းဝင့်ကာ မေးလိုက်တော့ မောင်က ခေါင်းငြိမ့်ပြလာသည်။
"မောင်ဘာမှားလဲ လွန်းကိုပြော "
"လွန်းကို မတိုင်ပင်ပဲ မောင် လုပ်မိတာ မှားတယ် ပြီးတော့ "
" ပြီးတော့ ဘာဖြစ်လဲ ဆက်ပြော "
စကားတစ်ဝက်မှာ ရပ်နေသည့် မောင့်ကြောင့် လွန်း ဝင်ထောက်ပေးလိုက်တယ် ။
" မောင်က ကိုယ့်ကိုကိုယ် သာ အမှန်လို့ထင်ပြီး တစ်ကိုယ်ကောင်းဆန်ဆန် လုပ်မိတာ ။ မောင်မှားတယ်နော် လွန်း နောက်တစ်ခါ လွန်းကို တိုင်ပင်ပြီးမှ မောင်လုပ်မယ် "
မျက်နှာလေး ငယ်ကာ ပြောလာသည့် မောင့်ကြောင့် လွန်းလရိပ်ဝေး ပြောမိတာများ လွန်သွားလား ပြန်တွေးရသည် ။
" မောင့်ကို ချစ်လို့ လွန်းက ပြောတာ သိလားလွန်းကြောင့်နဲ့ မောင့်ကို သူများတွေ အထင်သေးမှာ မကြိုက်ဘူး အာ့ "
နှာခေါင်းလေးကို အကိုက်ဆွဲခံလိုက်ရသောကြောင့် လွန်း မျက်နှာလေး ရှုံ့မဲ့သွားရသည်။
အပိုင်း(၃၁)
Start from the beginning