You are my light. ⭐️✨

77 15 10
                                    

Unicode

Warning- အစ်ကို့ရဲ့ The Bravestရုပ်ရှင်ရဲ့ Spoilerအနည်းငယ် ပါ,ပါတယ်နော်။ သတိထားလို့ ရအောင်ပါ။

သောကြာနေ့ညတစ်ညမှာ မင်းဟာ ရုပ်ရှင်ရုံရဲ့ ထောင့်လေးနားမှာ လက်မှတ်လေး နှစ်စောင်ကိုင်ပြီး ရပ်နေတယ်။ အခုချိန်ဟာ ည၈နာရီထိုးနေပြီပေါ့။ မင်းဟာ xxx universityက ကျောင်းသူလေးတစ်ယောက်။ Galaxyပုံ တီရှပ်လေးရယ် ဂျင်းဘောင်းဘီတိုလေးရယ် အပေါ်က ခပ်ပွပွ ခပ်နွေးနွေး oversized Hoodieတစ်ထည် ဝတ်ထားပြီး ဆံပင်ရှည်ရှည်ကို နှစ်ဖက်ခွဲ၊ ကျစ်ဆံမြီးကျစ်ထားတဲ့ Bucket hatဦးထုပ်လေးနဲ့ မင်းဟာ TGIFလူအုပ်ကြီးထဲမှာ ငြိမ်သက်စွာ မရှိသလို ပျောက်နေတယ်။ မင်းမျှော်နေတဲ့ လူကတော့ မပေါ်လာသေးဘူး။ ဒါပေမယ့် မင်းနားလည်ပါတယ်။

ခဏကြာတော့ ရုံဖွင့်ပြီ ဖြစ်တဲ့အတွက် လူတွေ ရုပ်ရှင်ရုံထဲကို အလျှိုလျှိုဝင်သွားကြတယ်။ မင်းကတော့ စိတ်ရှည်လက်ရှည် စောင့်နေဆဲပဲ။ မင်းနားထောင်နေတဲ့ သီချင်းလေးအပြီးမှာ နောက်တစ်ပုဒ်လာတာတော့ Guang (Light) တဲ့။ ကိုကို့အသံချိုချိုအေးအေးလေးကြောင့် မင်းမှာ အားအင်တွေ ရှိလာသလိုလို တစ်ယောက်တည်း ပြုံးနေမိတယ်။ အဲဒါနဲ့ လူတစ်ယောက် မင်းရှေ့မှာ လာရပ်တာ မသိလိုက်ဖူးလေ။

သူက အမည်းရောင် တီရှပ်ရယ်၊ ဂျင်းပန်အရှည်အပြာရောင်ရယ်ဝတ်ထားပြီး အမည်းရောင်Capဦးထုပ်လေးကိုလည်း ခပ်ငိုက်ငိုက်ဆောင်းထားတယ်။  ၅ပေ၁၁အရပ်ကြောင့် မင်းအပေါ်အရိပ်ကျလာမှ မင်းမော့ကြည့်မိတယ်။ အရမ်းလှတဲ့ သူ့နှုတ်ခမ်းက အပြုံးအောက်မှ မင်းအမြဲတမ်း ပြိုလဲနေကျပေါ့။ သူဝတ်ထားတဲ့ ငွေရောင် Pandoraနားကပ်လေးကတော့ အလင်းရောင်အောက်မှာ ရောင်ပြန်ဟပ်နေတယ်။

"ကလေးလေး၊ ကိုယ့်ကို စောင့်ရတာ ကြာသွားလား။"

"ဟင့်အင်း။ ဒီအတိုင်းသီချင်းနားထောင်နေရင်းနဲ့ အချိန်တွေကုန်သွားတာ မသိလိုက်ဘူးရယ်။"

မင်းရဲ့ ဖုန်းပေါ်က သီချင်းscreenမှာ သူ့မျက်နှာ coverပုံလေးနဲ့တွေ့တော့ သူနှစ်နှစ်ချိုက်ချိုက် ပြုံးတယ်။ ဒီသီချင်းဟာ မင်းအကြိုက်ဆုံး သူ့ရဲ့သီချင်းဆိုတာကို သူသိတယ်။

Has llegado al final de las partes publicadas.

⏰ Última actualización: Sep 19, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

This Kind of Love Donde viven las historias. Descúbrelo ahora