" တွေ့ရတာဝမ်းသာပါတယ် အကို့နာမည်က Saint ပါ Mean နဲ့ညီအကိုလိုငယ်ငယ်ထဲကနေလာတာ
ဒီက Plan ရဲ့ညီလေး Perthထင်တယ် '' လက်လေးကမ်းပေးပြီးစနှုတ်ဆက်ခဲ့တဲ့အကိုကို ပြန်ပြီးနှုတ်ဆက်ဖို့မေ့တဲ့အထိ ရင်တွေခုန်နေခဲ့တာ အင်္ကျီအနီရဲရဲလက်ရှည်လေးကိုဘောင်းဘီထဲသွင်းဝတ်ထားလို့သေးသွယ်ကြောင်းပိုပေါ်နေတဲ့ခါးကျဥ်းကျဥ်းလေးရယ်၊ပြုံးနေလို့မို့တက်နေတဲ့ပါးဖောင်းဖောင်းလေးရယ် ၊နောက်ပြီးအရောင်တောက်နေတဲ့မျက်လုံးလှလှလေးတွေရယ်နဲ့ပြည့်စုံလွန်းနေခဲ့တဲ့အကို ~

* အကိုကကျွန်တော့်နှလုံးသားကို စတွေ့ကတည်းက အပိုင်ရခဲ့တာ *

Party မလို့သောက်စရာတွေရှိပေမဲ့ အကို Plan ရဲ့ အသက်မပြည့်သေးလို့မသောက်ရပါဘူးဆိုတဲ့ တချက်လွှတ်အမိန့်ကြောင့် Perth ဘာမှမသောက်ဘဲ ငုတ်တုတ်ထိုင်ကာ အကို Saint ကိုကြည့်နေမိတယ်။ အအေးခွက်လေးလှူပ်သောက်နေတာကအစ အကိုကလှရက်လိုက်တာ! လှတယ်ဆိုတဲ့စကားက ယောကျာ်းလေးတစ်​ယောက်ကိုသုံးနှုန်းလို့ရမရမသိပေမဲ့အကိုကလှရက်လိုက်တာ!

" အကို့မျက်နှာမှာတခုခုပေနေလို့လား Perth ''

" ဟမ်..မ...မပေ...ပါဘူး '' သူခိုးလူမိသွားတဲ့ပုံမလို့ အကိုကရယ်တယ်။

" မဟုတ်မှလွဲရော အကို အရက်မသောက်တာအံ့သြနေတာလား? "

" အင်း ''

" အကိုကအဘွားနဲ့နေရတာမလို့လေ အကင်စားဦးမလား? " Perth ထိုင်နေတဲ့နေရာက BBQ stove နဲ့ဝေးနေတာမလို့ အကို Saint က အကင်တွေလှမ်းထည့်ပေးရင်မေးတယ်။ အကိုကကြင်နာတတ်လိုက်တာ ~

" ကျေးဇူးနော် အကို ''

" ရပါတယ်ကွ '' ပြောရင်းနဲ့အကိုက ပုစွန်အခွံခွာရင်းအလုပ်ရှုပ်နေတယ် ဇွန်းခရင်းကခွာရခက်လို့ဒုက္ခရောက်နေတဲ့ပုံ~ Perth Hoodie အမည်းလက်ရှည်ကိုဆွဲတင်လိုက်ရင်း ပုဇွန်တွေခွာပေးနေမိတယ်။ ဘာကြောင့်ဒီလိုတွေလုပ်မိတာလည်းသူကိုယ်တိုင်လည်းမသိတော့ BBQ ယူပေးလို့ပြန်ကူညီပေးတာလား (ဒါမှမဟုတ်) ခုနတုန်းကသူငေးနေတုန်း ပုစွန်အခွံခွာနိုင်လိုက်လို့ပြုံးသွားတဲ့မျက်နှာလေးကိုထပ်မြင်ချင်လို့လား??

- Redamancy - Where stories live. Discover now