"ဒီမှာ ကိုကို့ ကို အားပေးမယ့်သူတွေအများကြီးရှိနေတာ။ ညီမက ပထမဆုံးအားပေးတဲ့သူ မဖြစ်လောက်ပါဘူး"

"ဒါက..." ရှားယွမ် ခဏတုံ့ဆိုင်းသွားပေမယ့် ချက်ချင်းဆိုသလို သူ့ရဲ့နှုတ်ခမ်းထောင့်ဟာ ကွေးတက်လာသည်။

"ကိုကို့ ကို ဘာလို့ အနမ်းတစ်ပွင့်မပေးတာလဲ။ ဒါကိုတော့ ဘယ်သူမှ မပေးသေးဘူးလေ"

ရှားယောင် : အန်ချင်လိုက်တာနော်! အော့!
ဒီလိုအစ်ကိုမျိုးကို ကိုယ့်အပိုင်လို့ လုပ်မိရင်တော့ ကိုယ့်မျက်နှာကိုယ် အိုးမဲသုတ်မိတာပဲ။

ရှားရှီမျက်နှာရဲသွားကာ နီမြန်းနေတဲ့ပါးနှစ်ဖက်ကို လက်လေးနဲ့အုပ်ထားလေသည်။ ပြီးတော့ နူးနူးညံ့ညံ့လေးမေးလိုက်သည်။

"ဟို... ညီမနမ်းရမှာလား"

ရှားယောင် : ဟင့်အင်း နင်မနမ်းနဲ့။

"ညီမ မနမ်းချင်ဘူးဆိုရင်လည်း..."

ရှားယွမ်ဟာ ရှားရှီမျက်နှာနားသို့ရောက်အောင် ရှေ့သို့ကိုင်းလာပြီး အုပ်မိုးလိုက်သည်။ သူ့အပြုံးကလည်း တောက်ပလို့နေသည်။

ရှားရှီဟာ နေမတတ်ထိုင်မတတ်ဖြစ်နေပြီး ရုတ်တရက် ချွေးအေးတွေထွက်လာလေသည်။ သူမဟာ အစ်ကိုဖြစ်သူကို နည်းနည်းတော့သဘောကျပေမယ့် အစ်ကိုတစ်ယောက်ထက်ပိုတာလား၊ မပိုဘူးလားဆိုတာ သူမကိုယ်တိုင်ပင် မသေချာသေးပေ။ ကျိဟွိုင်းကလည်း အရမ်းသဘောကောင်း။ ပြီးတော့ ရှုရှီကျိုးကလည်း အရမ်းချောသည်မို့ သူမလမ်းပျောက်နေတော့သည်။

သူမဟာ တောင့်တောင့်ကြီး ရပ်နေချိန် ရှားယွမ်ဟာ တဖြည်းဖြည်းနီးကပ်လာပြီး သူမရဲ့ ဘယ်ဘက်နားရွက်နားကို တိုးတိုးပြောလာခဲ့သည်။

"ညီမ မနမ်းချင်ဘူးဆိုရင်လည်း အဲ့ဒီအစား ကိုကိုပဲ နမ်းလိုက်မယ်လေ"

'အမယ်လေး...ငါအန်ချင်။ ငါ့မျက်လုံးကို ကလော်ထုတ်ပစ်လိုက်တော့မယ်။ ဒီလိုရိုနေတဲ့ မြင်ကွင်းမျိုး မကြည့်ချင်ဘူး!'

ရှားယွမ်ဟာ ရှားရှီရဲ့ ဘယ်ဘက်ပါးလေးကို ဂရုတစိုက်နဲ့ ညင်ညင်သာသာ နမ်းလိုက်သည်။ သူမရဲ့ ဆံစလေးကိုပင် ထိသွားသေးသည်။ သူတို့ဟာ သွေးသားမတော်စပ်နေရင်တောင်မှ ဒီလိုလုပ်ရပ်က အဆက်အစပ်မရှိကာ တစ်မျိုးကြီးဖြစ်နေသည် မဟုတ်ပါလား။

ဖယ်စမ်း!ငါစာလုပ်မလို့!《ဖယ်စမ်း!ငါစာလုပ်မလို့!》Where stories live. Discover now