ရှားယောင်က ထိုဗီလိန်ဇာတ်ကောင်မလေးရဲ့ ခံစားချက်ကို နားလည်ပေးနိုင်သည်။ သူမရဲ့တစ်ဦးတည်းသော အစ်ကိုဖြစ်သူက သူမအမုန်းဆုံးမိန်းကလေးနဲ့ ကလူကျီစယ်နေတော့ သူမလေးရဲ့ မိသားစုအပေါ်ထားတဲ့စိတ်ကလေးဟာ ထိုနေရာတင်ပဲ ချက်ချင်းပြိုလဲသွားတော့သည်။ ဒါကြောင့်မို့ သူမအရူးတစ်ပိုင်းလို သောင်းကြမ်းတာဟာ အံ့သြစရာမရှိတော့။

ရှားယောင်ဟာ သူမကိုယ်လေးကို သူမနှစ်သိမ့်ပေးပြီးနောက် သစ္စာရှိဖန်လို ဖျော်ဖြေပွဲကို ထိုင်စောင့်နေတဲ့ ရှုယိနွမ်နဲ့ ခဏခွဲကာ သန့်စင်ခန်းသို့ သွားဖို့လုပ်လိုက်သည်။

"ငါ မလိုက်တော့ဘူး။ ရှားယွမ် အလှည့်ကို လွဲသွားလို့မဖြစ်ဘူး!"
ရှုယိနွမ်က ရှားယောင်ကို ကြည့်ကာပြောလိုက်သည်။

"နင့်အစ်ကို မဖျော်ဖြေခင် အရောက်ပြန်လာခဲ့နော်။ မမေ့နဲ့"

ရှားယောင် သီချင်းညည်းကာ ညာဘက်ခြမ်းမှာရှိနေတဲ့ သန့်စင်ခန်းဆီမသွားပဲ ဘယ်ဘက်မှာရှိတဲ့ စင်နောက်သို့ သွားလိုက်သည်။ ဝတ္ထုထဲတွင်တော့ ရှားယောင်ဟာ ဖျော်ဖြေပွဲမစခင် အစ်ကိုကို စပရိုက်လုပ်ချင်ပေသည်။ အဲ့ဒီအစား သူမအစ်ကိုက မလန့်ရပဲ သူမပဲ လန့်သွားရလေသည်။

ခေါင်းစီးစာကြောင်း - ငယ်ရွယ်တဲ့စန္ဒရားပညာရှင်လေးက သူရဲ့ညီမအတုကို စင်နောက်ကွယ်မှာ တကယ်ပဲ ဆွဲဆောင်နေတယ်!

ရှားယောင်ဟာ သူတို့မတွေ့ခင် မိတ်ကပ်စားပွဲနောက်မှာ ဆောင့်ကြောင့်ကလေးထိုင်ပြီး ပုန်းလိုက်သည်။

"ကိုကို ခဏနေရင် စင်ပေါ်တက်ရတော့မယ်။ ညီမကို ကိုကိုရဲ့ ပထမဆုံး အားပေးတဲ့သူဖြစ်စေချင်တယ်"

ရှားယွမ်က သူ့ထက်အရပ်နိမ့်တဲ့ မိန်းကလေးကို ကြည့်ရင်း ပြုံးကာ ဆံပင်လေးကို ပွတ်သပ်နေသည်။

ရှားယောင် : ကျွတ်! ကျွတ်! ခဏနေ သူ့နာမည်ပဲခေါ်တော့မယ်။ ဒါတောင် သူက သူ့ညီမအတုနဲ့ ခွေးစာကြဲနေတုန်း။

ဒီနေ့ကျမှ ရှားရှီဟာ ချစ်ဖို့ကောင်းတဲ့ကျစ်ဆံမြီးပုံစံ စည်းထားပြီး ပေါ့ပါးတဲ့ ပန်းပွင့်စကတ်လေးကို ဝတ်ဆင်ထားသည်။ သူမရဲ့ဖြူဖွေးတဲ့အသားရေနဲ့ ပန်းရောင်သန်းနေတဲ့ ပါးနှစ်ဖက်နဲ့တော့ လှတော့လှနေသည်။ သူမဟာ ရှက်ကိုးရှက်ကန်းဖြစ်နေပြီး မျက်မှောင်လေးကြုတ်ကာ ပြောလိုက်သည်။

ဖယ်စမ်း!ငါစာလုပ်မလို့!《ဖယ်စမ်း!ငါစာလုပ်မလို့!》Where stories live. Discover now