ထင်လင်းပြောလို့ ထိုးတာရပ်လိုက်ပြီး ထင်လင်းကို တစ်ချက်ပင်ကြည့်ကာ ထွက်သွားမယ်လုပ်နေတဲ့ အနှီကောင်လေးအား

"ဟို ခဏ ခဏ ဆိုင်ကို ခဏ လိုက်ခဲ့ပါလား ''

ထင်လင်းပြောတော့ ဘာမှပြန်မပြောဘဲ ထင်လင်းကိုပဲ စိုက်ကြည့်နေသောကောင်လေးကြောင့် ထင်လင်းမှာ ကျောပင်ချမ်းရသေးသည် ။

"ငါက ဒီနားက စျေးထဲက လက်ဘက်ရည်ဆိုင်ကပါ မင်း ကူညီပေးတာ ကျေးဇူးတင်လို့ တခုခု လိုက်စားပါလား ''

ထင်လင်းက မရဲတရဲလေးမေးတော့ အနှီကောင်လေးက တခုခုကို စဥ်းစားနေဟန် , ခဏလောက်စဥ်းစားပြီးမှ ခေါင်းညိတ်ပြသော အနှီကောင်လေးကြောင့် ထင်လင်းလဲ ပြုံးပြကာ ထိုကောင်လေးနဲ့အတူ ဆိုင်သို့ ပြန်လာခဲ့သည် ။

အထိုးခံရတဲ့ကျော်စွာနဲ့ နောက်တစ်ကောင်တော့ဘယ်လိုကျန်ခဲ့လဲမသိတော့ ။

*ဒီကောင်တွေက လူမိုက်နာမည်ခံပြီး သူများပိုက်ဆံ အချောင်လိုချင်တဲ့ကောင်တွေ ဒီလိုခံရမှ မှတ်မှာ...*

"အာ့ ကျွတ် ကျွတ် ''

ထင်လင်းတစ်ယောက် ကျေကျေနပ်နပ်တွေးရင်း ပြုံးလိုက်မိတာကြောင့် အထိုးခံရတဲ့ ပါးတစ်ဖက်မှာ နာလာ၍ ငြီးငြူလိုက်ရသည်အထိ ။
ဘေးနားကလမ်းအတူလျှောက်လာတဲ့ အနှီကောင်လေးကတော့ တစ်လောကလုံးက သူ့လုပ်စာ ထိုင်စားနေတဲ့ရုပ်မျိုးနှင့် ခပ်တည်တည်ပင် လိုက်လာသည် ။

***************************************************

"ဟယ် အမလေး ငါ့သားလေး ဘယ်လိုဖြစ်လာရတာလဲ ''

ထင်လင်းဆိုင်ရောက်ရောက်ချင်း အမေက ကောင်တာထိုင်နေရင်းမှ ထွက်လာကာ ထင်လင်းအားကြည့်ပြီး စိုးရိမ်တကြီးမေးတော့သည် ။
အဖေ့ကိုတော့ မတွေ့ရပေ ။

"ဘယ်လိုဖြစ်ရမှာလဲ ဟိုကောင် ကျော်စွာတို့ပေါ့ အဖေ အကြွေးတောင်းခိုင်းတဲ့ပိုက်ဆံကို ဖြတ်တောင်းတာ သားကမပေးလို့ သားကို ဒီလိုလုပ်လွှတ်လိုက်တာပဲ ''

"ဟမ် ဒီကောင်တွေ မိမဆုံးမ ဖမဆုံးမ ကလေကဝတွေ အခုပဲ အုပ်ချုပ်ရေးမှူးနဲ့သွားတိုင်မယ် ငါ့သားကိုများ အနိုင်ကျင့်ရတယ်လို့ ''

သက္ကရာဇ်တစ်ခု၏ ချိုမြိန်သောရက်စွဲများ(Completed)Unde poveștirile trăiesc. Descoperă acum