စုန့်ကယ်က ဒီ‌လက်ဆောင်ကို ပြီး ပြီးရော ပေးတာမဟုတ်။

"အဲ့ဒီ့ရေမွှေးအနံ့က ချီပေါ်ယန်ရဲ့ Pheromoneနံ့နဲ့ အတူတူပဲ။ အဲ့တာကိုရဖို့ ငါ့ကောင်မလေးဆီက မနည်းတောင်းပန်ထားရတာ"

ကျီးဝမ့် : " ဘာလို့ငါ့ကို ဒါပေးတာလဲ?"

"မင်း မက်မွန်သီး ကြိုက်တယ်မလား? ချီပေါ်ယန်ရဲ့ Pheromoneကလည်း မက်မွန်သီးနံ့ပဲလေ"

စုန့်ကယ်က ဆက်ပြောသည်။

" အိုး ဟုတ်သားပဲ မင်း Pheromone က ဘရန်ဒီ(အရက်) နံ့မလား? ဒီ ရေမွှေးကိုသာ မင်းဖြန်းလိုက်ရင် မင်းအကြိုက်ဆုံး Prunus persi* အနံ့ဖြစ်သွားမှာ "

ကျီးဝမ့်က စာဆက်မပြန်တော့ဘဲ ဖုန်းနဲ့ ရေမွှေးဘူးကို ဘေးပစ်ချလိုက်သည်။ သူ့မှာ ရိုက်စရာ ဇာတ်ကားမရှိလို့ အချိန်တွေအားနေမယ်ဆိုရင်တောင် နောက်ဘယ်တော့မှ စုန့်ကယ်နဲ့ အပြင်မထွက်တော့ဘူးလို့ ဆုံးဖြတ်လိုက်သည်။

အမှန်တိုင်းပြောရရင် သူစုန့်ကယ်ကိုလည်း အပြစ်တင်လို့မရပေ။ အတိတ်က သူနဲ့ ချီပေါ်ယန် ရဲ့ပတ်သက်မှုကို ဘယ်သူမှမသိဘူးဆိုတာ သူ့‌စိတ်ထဲက သိနေသည်။ ‌ချီပေါ်ယန်လို နာမည်ကြီး ဆယ်လီတစ်ယောက်က သူ့လိုဘာမဟုတ်တဲ့ သရုပ်ဆောင်လေးနဲ့ တွဲခဲ့တယ်လို့ ဘယ်သူကထင်မှာလဲ?

တက္ကစီပေါ်က ဆင်းပြီးနောက်  အစ်မဟုန် သူ့ကို ဖုန်း၃ခါခေါ်ထားတာ တွေ့လိုက်ရသည်။ ကားပေါ်ကဆင်းပြီး ကျီးဝမ့် ရေမွှေးဘူးကို ကားထဲမှာပဲထားခဲ့ဖို့ ကြံစည်ခဲ့ပေမယ့် တက္ကစီသမား သူ့ကိုလှမ်းခေါ်လိုက်တော့ အကြံအစည်လည်း ပျက်စီးသွားရတော့သည်။

" ကောင်လေး မင်းပစ္စည်းကျန်ခဲ့တယ်။"

ကျီးဝမ့် ရွေးချယ်စရာမရှိပဲ အိတ်ကိုယူလာခဲ့ပြီး အိမ်အောက်က အမှိုက်ပုံးမှာပဲ ပစ်ဖို့စဉ်းစားလိုက်သည်။ စုန့်ကယ်ကိုအားနာပေမယ့်လည်း ဒီ ရေမွှေးဘူးကို လက်ခံလိုက်တာထက်စာရင် Prunus persi ခွက်တစ်ထောင်ပဲ သောက်ပစ်လိုက်မည်။

အဲ့ဒီ့အချိန်မှာပဲ အစ်မဟုန်က ဖုန်းထပ်ခေါ်လာတော့ သူ့ဖုန်းကိုင်လိုက်ပြီးချက်ချင်းပဲ အခြားတစ်ဖက်က အလုပ်ကိစ္စတွေ စတင်ပြောလာတော့သည်။ အစ်မဟုန်က နောက်တစ်ပတ်စရိုက်မယ့် ရသစုံရှိုးတစ်ခုမှာ သူ့ကိုပါဝင်နိုင်ဖို့ စီစဉ်ပေးထားကြောင်း အသိပေးသည်။ ပါဝင်မယ့်ဧည့်သည်တွေကို သေချာမရွေးရသေးပေမယ့် ထုတ်လုပ်ရေးအဖွဲ့ကတော့ တော်တော်လေးကောင်းသလို နောက်ကွယ်က ထုတ်လုပ်သူကလည်း အတော်လေး အရည်အချင်းရှိသည်။

Give upWhere stories live. Discover now