ဒါတကယ်ကို ရင်ထဲထိစရာပဲ!

အပြည့်အဝ ပြင်ဆင်ပြီး​တော့ ဆုနို​လေးသည် လက်သီးကို ဆုပ်,အသက်ကို ခပ်ပြင်းပြင်းရှူထုတ်လိုက်ရင်း နောက်ဆုံးတော့ ရဲရဲဝံ့ဝံ့ ဖုန်း​ခေါ်လိုက်သည်။
အိုးရန်လုံ ချက်ချင်းပဲ ဖုန်းကိုင်လိုက်သည်။ ရင်းနှီးတဲ့ တစ်ဖက်လူရဲ့အသံကို ကြား​​တော့ ဆုနိုရဲ့လက်​​တွေက နည်းနည်းတော့ တုန်သွားရသည်။ တကယ်တော့ စာအုပ်​လေးထဲက မှတ်စု အကြမ်း​လေးအတိုင်း 'ကျွန်တော် ခင်ဗျားကို ရည်ရွယ်ချက်ရှိရှိ လှည့်စားတာမဟုတ်ဘူး 'လို့ သူဘက်က​နေ အရမ်းကိုဒေါသထွက်
ပြပြီး ပြောသင့်တာ! ဒါ​ပေမယ့် သူ စိတ်လှုပ်ရှားလွန်းလို့ သူစာ​ကြောင်း​တွေ မေ့ကုန်ပြီ! အရေးကြီးတဲ့အချိန်မှာ အရေးကြီးတဲ့ကိစ္စကို မေ့ပစ်တာက တကယ့်ကို တုံးလွန်းပါတယ်!

"ကိုယ် ဆေးရုံမှာ လာ​တွေ့လို့ရပြီလား?"အိုးရန်လုံဘက်က​နေ တိတ်ဆိတ်မှုကို အရင်စဖြိုခွဲလိုက်သည်။

ခင်ဗျား လာနိုင်တာ​ပေါ့! ဆုနို စိတ်လှုပ်ရှားစွာ ခေါင်းညိမ့်ပြလိုက်သည်။ ဒါ​ပေမယ့်လည်း တစ်ဖက်လူ မမြင်နိုင်တာကို သိ​တော့ မြန်မြန်ပြောလိုက်သည်။ "အင်း....ကျွန်တော် စောင့်​နေမယ်"

"ကိုယ်တို့ တွေ့​တော့မှ ဆက်​ပြောကြတာ​ပေါ့။ကိုယ် နာရီဝက်အတွင်း အဲ့ကို လာခဲ့မယ်"

အိုးရန်လုံ ဖုန်းချလိုက်​တော့မည့်အချိန်မှာပဲ တစ်ဖက်က ဆုနိုရဲ့ စိုးရိမ်တကြီး ပြောလိုက်တာကို သူကြားလိုက်ရသည်။ " ပန်းသီးပိုင်မုန့် ဝယ်လာဖို့ မ​မေ့နဲ့​နော် " ဒါက အ​ရေးကြီးတယ် သူ​မေ့လို့မရဘူး!

"........"

"ပန်းသီးပိုင်မုန့်?" အိုးရန်လုံ မျက်​​မှောင်ကျုံ့လိုက်သည်။

"ဒီအချိန်ကြီး.....ကျွန်တော်စားချင်တာ တကယ်မဟုတ်ရပါဘူး။ ဘာပဲဖြစ်ဖြစ် ကြိုက်ရာ တစ်ခုသာ ဝယ်လာခဲ့။ ကျိန်း​သေ​ပေါက် ဝယ်လာရမှာ​နော် " ဆုနို သေချာ​အောင် ထပ်​ပြောလိုက်သည်။

အိုးရန်လုံ သက်ပြင်းချလိုက်ရင်း "ဟုတ်ပြီ ကိုယ့်ကို စောင့်​နေ"

"အင်း" ဆုနို လိမ္မာစွာဖြင့် ဖုန်းကို ချလိုက်ပြီး​နောက် ဟန်​ဝေဆီကို ဖုန်း​ခေါ်လိုက်သည်။အိမ်​မွေး​ကြောင်​ပေါက်​လေးက​နေ ရိုင်စိုင်းတဲ့ ကြောင်အဖြစ် တစ်စက္ကန့်အတွင်း ပြောင်းသွားပြီး ဒေါသတကြီး ပြောလိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now