အကြင်နာ ဝေမျှခြင်း♥

Start from the beginning
                                    

အစားအသောက်ဆိုလဲ ငယ်ထွေးစိတ်ကြိုက် ဒီနေ့ ဘာနဲ့ဘာနဲ့တွဲ စားရမယ်။
ဘယ်ချိန် ဘာလုပ်ရမယ်.... အချိန်ဇယားနဲ့ပဲ။
ငယ်ထွေး ဆရာမကြီးတစ်ယောက်က ကလေးအဟာရအထူးကုတစ်ယောက်ဆိုတော့ အမြဲဖုန်းဆက်ပြီး အကြံပေးတတ်တယ်။

ငယ်ထွေးစည်းကမ်းတွေကို တစ်အိမ်သားလုံးလိုက်နာရတယ်။
ငယ်ထွေးမရှိတုန်းဆိုပြီး အပါးခိုဖို့မတွေးနဲ့ နေ့ထူး နေ့မြတ်တို့ အပါးခိုလို့မရဘူး။
တစ်အိမ်လုံးမှာ CCTVရှိတယ်။
စက်မဟုတ်ဘူး.... လူ လူ...ငယ်ထွေးမှာ လူ CCTVရှိတယ်။
နေ့ထူးအကြောင်းသိချင်ရင် နေ့မြတ်ကို ညာပြီးမေးတယ်။
နေ့မြတ်အကြောင်းသိချင်ရင် နေ့ထူးကိုမြှောက်ပြီးမေးတယ်။
သူ့သားနှစ်ကောင်ရော ဘဂျမ်းပါ ငယ်ထွေးကွယ်ရာမှ ယနေ့ထိ မဟုတ်တာ လုပ်လို့မရဘူး။
မိတာပဲ....ကွိကနဲ...
ဒါကြောင့် နေ့ထူးနဲ့နေ့မြတ်က သူ့ပါပါးနဲ့ ပြသနာအဖြစ်မခံဘူး။

.
.

ကလေးတွေ မူကြိုသွားပြီလားဆိုတာနဲ့ ငယ်ထွေးကို surprise ချင်လို့ onlineကနေကြိတ်သင်ထားတဲ့ ကိတ်မုန့်ဖုတ်နည်းလေ.... ဘဂျမ်း စမ်းနေတာ။

မီးဖိုခန်းလဲ ပွ ထ လို့...
ဘေးနားက အကူကလေးတွေလဲ ငိုချင်သလို ရယ်ချင်သလိုဖြစ်လို့ပဲပေါ့။

အခုက သုံးခုမြောက်ကိတ်ဖြစ်နေပြီ။
အရသာမှန်ပေမဲ့ ဒီဇိုင်းက ကြည့်ရဆိုးနေလို့ စိတ်ကြိုက်မဖြစ်သေးဘူး။

ပထမတစ်ခုက မုန့်စိမ်းပေါင်းနဲ့တူသွားလို့ ပစ်လိုက်ရတယ်။
ကိတ်မုန့်လှလှလေးလိုချင်တာလေ....
ဘယ်လို မုန့်စိမ်းပေါင်းပုံစံတဲ့လဲ။

ဒုတိယတစ်ခုက အကုန်ကောင်းနေတယ်။
ဒါပေမဲ့ ကိတ်က အဝိုင်းမမယ် လေးထောင့်မမယ်နဲ့မို့ စိတ်ကြိုက်မဖြစ်ပြန်ဘူး။
အလှအပဆင်လိုက်ရင် ပိုဆိုးသွားမဲ့ ပုံစံမို့ ပယ်လိုက်ရတယ်။

တတိယတစ်ခုတော့ လုပ်နေပြီ။
အချိန်လဲ မနည်းတော့ဘူး။
ထွက်လာတော့ အ​​ပြင်ပန်းကနဲနဲတော့အဆင်ပြေတယ်။
ဒါပေမဲ့ ကိတ်ကပျော့တော့တော့နဲ့ ဘာများမှားထည့်လိုက်မိတယ်မသိဘူး။
Ovan ထဲကထုတ်လာလာချင်းပဲ ကျွန်မကိုမထိပါနဲ့ရှင် ဖြစ်နေတယ်။
ပြုတ်ကျတော့မတတ်... ပျော့တွဲတွဲလိုပဲ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေOn viuen les histories. Descobreix ara