အပိုင်း(၂၈)

31.5K 2.9K 110
                                    

တစ်ဦးဆိုင်   ရပ်ဝန်း

Unicode

Iris အိပ်နေရင်း အသားတွေက ပူတက်လာတဲ့အပြင် ခန္ဓာကိုယ် တစ်ခုလုံး ရှိန်းတိန်းတိန်း ဖြစ်လာတယ် ။

နာရီကြည့်တော့ သုံးနာရီ သာရှိသေးသည်။

ရှိန်းတိန်းတိန်း ဖြစ်လာပေမဲ့ ဒါ Iris ဆီက ဖြစ်တာ မဟုတ်ဘူး ။

ကိုယ်ဘာမှမဖြစ်တာ Iris သိသည်မို့ မျက်လုံးဖွင့်ကြည့်လိုက်တော့ ရင်ခွင်ထဲက လွန်းမျက်နှာက မီးကျည်းခဲပမာ နီရဲနေပြီး နဖူးကို စမ်းကြည့်တော့ ပူကျစ်နေတာများ Iris တောင် လန့်သွားရသည် ။

" လွန်း လွန်း ဘာဖြစ်တာလဲ လွန်းလရိပ်ဝေး မောင့်ကိုမနောက်နဲ့နော် "

လွန်းပါးလေးကို Iris ခပ်သာသာလေး ပုတ်ကြည့်လိုက်သော်လည်း လွန်းက ဘာမှပြန်မပြောနိုင်ပဲ မျက်လုံးမှိတ်ထားလျက်သာ မျက်ရည်တွေ စီးကြလာတယ် ။

" လွန်း ဆေးရုံသွားမယ်နော် လွန်း မောင်ရှိတယ် မောင်ရှိတာမို့ ဘာမှမဖြစ်ဖူး "

လွန်း ဆီမှ တုံ့ပြန်သည့် အမူအယာမတွေ့ရသည်မို့ Iris လွန်းကိုရင်ခွင်ထဲမှ ဆွဲထုတ်လိုက်ရသည်။

" ဟင့် အင်း "

လွန်းက လုံးဝအဆွဲထုတ်မခံပဲ Iris ရင်ခွင်ထဲသာ အတင်းတိုးဝင်လာလေသည်။

" လွန်း ဆေးရုံ  မသွားလို့ မဖြစ်ဘူး ပူကျစ်တောက်နေတာပဲ သွားကြမယ်နော် မောင့်အချစ်ရယ် မောင့်ကို ရူးအောင်မလုပ်ပါနဲ့ကွာ "

ပိုပြီး နီရဲလာသည့် လွန်းမျက်နှာကြောင့် Iris ကိုယ့်ကိုကိုယ် သာပိုပြီး ဒေါသထွက်လာရသည်။ ရေချိုး အမှားမခံသည့် လွန်းကို သူဒီနေ့သေချာ ဂရုမစိုက်မိလိုက်တာ ။

" မ သွား ပါ နဲ့ "

မျက်လုံးဖွင့်ချင်သော်လည်း ဖွင့်လိုက်တာနဲ့ အမှောင်ထုကြီးပဲ မြင်နေရတာကြောင့် လွန်း မျက်လုံးများကိုသာ မှိတ်ထားလိုက်တယ် ။

စကားတစ်ခွန်း ပြောဖို့အရေး လွန်း မနည်းအားယူနေရသည်မို့ မောင့်ကိုလည်း အားနာရသည်။

" မ သွား ပါ နဲ့   မောင် "

မောင့်ကို အပူမကူးစေချင်သော်လည်း လွန်းအတွက် မောင့်ရင်ခွင်ရှိမှကိုဖြစ်မည်။

တစ်ဦးဆိုင် ရပ်ဝန်းWhere stories live. Discover now