" ပြေး... ပြေးတော့ ဂျယ်မင်း။ "

ဂျယ်မင်းဖြစ်ပျက်နေတယ့် အရာတွေအားလုံးကိုနားမလည်ချေ။ သူ့ကိုဘာလို့ပြေးခိုင်းနေတာလဲ။ သူကရော မေမေ့ကိုထားပြီး ဘာလို့ပြေးရမှာလဲ။

" ဟင့်အင်း မပြေးပါဘူး! မေမေ့ကိုထားပြီးမသွားဘူး! "

" နာဂျယ်မင်း ခေါင်းမာမနေနဲ့ ဒါငါ့အမိန့်ပဲ! ပြေးတော့! ဒီနေရာနဲ့ဝေးတယ့်နေရာကို ပြေးတော့! "

မေမေ့ရဲ့ မျက်ဝန်းတွေက အနီရောင်ကိုပြောင်းလဲသွားတာနဲ့တပြိုင်နက် သူဟာလည်း အရှေ့ကိုဆက်လှမ်းလို့မရတော့ပါ။ သူနဲ့ သူ့ရဲ့အမေကြားမှာ အကာအရံကြီးတစ်ခုခြားလိုက်သလိုမျိုး။

မေမေ့ကို ဝါးမြိုတော့မယ့်မီးတောက်တွေကြားက ရုတ်တရက်တွေ့လိုက်ရတာက အနက်ရောင်ကုတ်အရှည်ကိုဝတ်ထားတယ့် လူတစ်ယောက်ကို။ သူ့ရဲ့လက်ထဲမှာ သေနတ်တစ်နက်နဲ့။ ထိုလူက မေမေ့ဆီကိုဦးတည်ပြီး သေနတ်ကိုချိန်ထားခဲ့တယ်။

ဒိုင်း

ကျယ်လောင်သော သေနတ်သံက မီးဟုန်းဟုန်းတောက်နေတယ့်အသံကို ဖြိုခွဲလိုက်သည်။ ထိုလူမှ သေနတ်မောင်းကိုဆွဲချလိုက်သည်နှင့်တပြိုက်နက် ဂျယ်မင်းသည် အလန့်တကြားဖြင့် အိပ်ရာမှနိုးထလာခဲ့သည်။ ရုတ်တရက်ထထိုင်လိုက်တာကြောင့် အိပ်ရေးမဝသေးတယ့်ခေါင်းကမိုက်ခနဲ။ လျင်မြန်လာသော အသက်ရှုနှုန်းကို ထိန်းချုပ်၍မရချေ။ လက်တွင် စို့လာတယ့် ချွေးစေးများကို ခံစားမိတယ့်အချိန်မှ လက်ရှိအခြေအနေကို သတိရသည်။

" အိပ်မက်မက်နေတာပဲ... "

ပတ်ဝန်းကျင်ကို ပြတင်းပေါက်ကနေကြည့်ကြည့်လိုက်တော့ နေရောင်ခြည်မရသေးတယ့် ဝန်းကျင်က မနက်အစောကြီးပဲရှိသေးသည်ဆိုတာကို ဖော်ပြသည်။ ဂျယ်မင်းသည် လက်တစ်ဖက်ဖြင့် ဆံနွယ်ပြာတို့ကို ဆွဲဖွလိုက်ပြီး ခုနကမက်ခဲ့တယ့် အိပ်မက်အကြောင်းကိုပြန်တွေးလိုက်သည်။

သူဒီလိုအိပ်မက်ဆိုးမျိုးက လွတ်မြောက်ခဲ့တာ နှစ်အတော်ပင်ကြာခဲ့ပြီ။ ဒါနှစ်တော်တော်လေးကြာမှ ပထမဆုံးပြန်မက်တယ့် အိပ်မက်ဆိုးပဲ။

Untold FairytaleTempat cerita menjadi hidup. Temukan sekarang