"Appa တို့သွားနှင့်နော် ကျွန်တော်ဝင်စရာရှိတာဝင်ပြီးရင်လိုက်လာခဲ့မယ်"

ကားသော့ကလက်ထဲကိုရောက်လာပြီဖြစ်တာကြောင့်အပြင်ထွက်ရဖို့ Jungkook ကြံစည်တော့လေသည်...

"မရဘူး!ငါတို့ကားနောက်ကနေတခါတည်းလိုက်ခဲ့ မင်းရဲ့အကြံတွေငါရိုးနေပြီ Jeon Jungkook ကြားလား"

Mr.Jeon ကခနဲ့ပြုံးပြုံးကာပြောလိုက်တာကြောင့် Jungkook အားပျက်ကာခေါင်းညိမ့်လိုက်ရတော့သည်...

"ဟုတ်..."

"ဒီသားအဖနဲ့တော့နော်....ဟူးးးး"

တချိန်လုံးရန်ဖြစ်နေကြသည့် Mr.Jeon နဲ့ Jungkook ကိုကြည့်ကာ Mrs.Jeon သက်ပြင်းချလိုက်မိသည်...
.
.
.
"ဟယ်လို..."

"ဟယ်လို Omma.."

"အေး သား ပြော လာနေပြီလား"

"အဲ့တာပြောမလို့ ကျွန်တော်နည်းနည်းနောက်ကျမယ်ထင်တယ် Omma..."

"ဟယ် ဘာဖြစ်လို့လဲ သားရဲ့"

"company မှာအရောင်းစာရင်းတွေကမှားနေလို့အဲ့တာပြန်စစ်ရမှာမို့လို့ ဒါပေမယ့်ကျွန်တော်တတ်နိုင်သလောက်မြန်မြန်လာခဲ့ပါ့မယ်..."

"အေးအေး..."

"ဟုတ် အဲ့တာဆိုဒါပဲနော် Omma"

"ဒါပဲ ဒါပဲ"

Taehyung နဲ့ဖုန်းပြောပြီးနောက်ဘေးမှာထိုင်နေသည့် Mr.Kim ကို Taehyung နောက်ကျမည်ဆိုသည့်အကြောင်းပြောပြကာ Mrs.Kim သက်ပြင်းချမိသည်...ထိုအချိန်ခြံရှေ့ကကားဟွန်းသံကြောင့်မတ်တပ်ရပ်လိုက်မိသည်...
ခြံစောင့်ဦးလေးကြီးကိုခြံတံခါးသွားဖွင့်လိုက်သည်...ထို့နောက်ခြံထဲကိုကားနှစ်စီးဝင်လာလေသည်...Mr.Kim ကခြံထဲကိုထွက်သွားတာကြောင့် Mrs.Kim လည်းလိုက်သွားလေသည်...

"သူငယ်ချင်းရောက်လာပြီလား...."

အရှေ့ကားပေါ်ကဆင်းလာသည့် Mr.Jeon ကို Mr.Kim ကနှုတ်ဆက်ရင်းပြောသည်...Mr.Kim နဲ့ Mr.Jeon ကတက္ကသိုလ်မှာအတန်းအတူတူတက်ခဲ့သည့်သူငယ်ချင်းတွေဖြစ်သည်...ကျောင်းပြီးသောအခါသူ့နေရာနဲ့သူကွဲသွားကြတာတော်တော်ကြာပြီဖြစ်သည်...အခုမှ
New York က show မှာပြန်ဆုံခဲ့ကြခြင်းဖြစ်သည်...ထို့ကြောင့်တစ်ယောက်နဲ့တစ်ယောက်အဆက်အသွယ်မပြတ်အောင်လိပ်စာတွေ၊ဖုန်းနံပါတ်တွေလဲလှယ်ကာပြန်တွေ့ကြခြင်းဖြစ်သည်.....

𝐿𝑜𝑣𝑒 𝑆𝑜𝑙𝑢𝑡𝑖𝑜𝑛Where stories live. Discover now