*ကဲ ကဲ..ပြန်ကြရအောင်လေ*

ရှန်းကျဲ ပြောမှပင် အားလုံး ဆိုင်အတွင်းက ထွက်လာကာ လုပ်ငန်းခွင်ထဲ ပြန်ဝင်ရန် Com.,ဆီသို့ ပြန်လျှောက်လာခဲ့ရသည်။

___________________________

*ကဲ..အားလုံး လူစုံပြီနော်*

ရိပေါ်တို့ လိုက်ပါမည့်ကားသည် ဝန်ထန်းအယောက်၂၀လောက်ပါသည့် သန့်ရှင်းကာ ကြီးမားသည့် Expressကားကြီးပင်။ ခုံတွေကလဲ နှစ်ယောက်တစ်တွဲစီထားကာ အနောက်ကိုမှီလိုက်တိုင်း အိကျသွားသည့် ခုံကြောင့် အားလုံးမှာ သဘောကျနေကြသည်။

ဒီကားတံဆိပ်သည် Sean Com.,မှ ပိုင်ဆိုင်ထားသော ကားပင်ဖြစ်သည်။ ဝန်ထမ်းတွေကို လိုက်ပို့သည့် ခရီးက မတူပေ။ ဌာနတစ်ခုကို နေရာတစ်ခုဖြစ်သည်။ ရိပေါ်တို့ကတော့ တောင်တန်းဒေသသို့ ဖြစ်သည်။

*ဝမ်လေး တစ်ယောက်ထဲ ဖြစ်ရဲ့လား*

အရှေ့ကနေ အနောက်ကို လည်ပြန်ကြည့်ကာ ပြောပေမယ့် မြင့်မားသည့် ခုံကြီးတွေကြောင့် ရှန်းကျဲ၏ မျက်နှာကို မမြင်ရပဲ အသံသာကြားနေရသည်။

ရိပေါ်ရယ်လိုက်ကာ

*အဆင်ပြေတယ် ကျဲ..အရမ်းမိုက်တယ်*

တစ်ကယ်ကိုလဲ မိုက်လွန်း၏။ ရိပေါ်သည် အနောက် ထိုင်ခုံနှစ်ခုတွင် မှန်ဘက်က နေရာတွင်ရိပေါ်နေရာယူကာ တစ်ယောက်ထဲ ထိုင်နေခြင်းပင်။ လူအယောက်နှစ်ဆယ်ထဲမို့ ခုံအလွတ်တွေက အများကြီးပင်။ အများစုက အလယ်နှင့် ရှေ့နေရာကိုပဲ ယူကြသည်မို့ ရိပေါ်က အနောက်မှာတစ်ယောက်ထဲ။

*ကဲ..လူစုံပြီဆို စထွက်ပြီဟေ့*

*ဟယ်..*

*ဟင်..*

အရှေ့ကနေ ပွစိပွစိဖြစ်နေသော သူတွေကြောင့် ရိပေါ် ဘာဖြစ်တာလဲဟု စူးစမ်းချင်ပေမယ့် ရိပေါ်အနား ရောက်လာသည့် ကိုယ်သင်းနံ့ကြောင့် အရာရာနားလည်လိုက်ပြီ။ သူပါ ရိပေါ်တို့ကားနဲ့ လိုက်လာခြင်းကြောင့်ဖြစ်သည်။

ရှောင်းကျန့်က ရိပေါ်ဘေးတွင် ဝင်ထိုင်ကာ ရိပေါ်ကို တစ်စက်မှမကြည့်။ ရိပေါ်ကလဲ ခနပင် ကြည့်ကာ အပြင်ကို အကြည့်လွှဲထားလေသည်။ နီးကပ်နေသည့် အနေအထားကြောင့် တစ်ယောက်လက်မောင်းနှင့် တစ်ယောက် ထိနေကြ၏။

For..Where stories live. Discover now