*တစ်ကယ် ကျဲတို့ကို ခေါ်မှာပေါ့နော်*

*ခေါ်မှာပေါ့..ကျွန်တော့်အိမ်သပ်သပ်ရှိတယ်။ အဲ့မှာ ပန်းတွေ၊ အသီးအနှံတွေ စိုက်ထားတာ။ ကျွန်တော်က တစ်ခါတစ်လေမှ သွားနေဖြစ်တာ*

*အမလေး ချစ်စရာလေး နေမှာပဲနော်*

ရှန်းကျဲက ထိုလိုနေရာလေးတွေ ကြိုက်တတ်သူမို့ ချွမ့်ဟွေးက ခေါ်မည်ဆိုတော့ ပျော်နေလေ၏။ ရိပေါ် ဘေးက ရေယူသောက်လိုက်ကာ

*မနက်ဖြန် ခရီးထွက်မှာ လိုက်မှာမလား ချွမ့်ဟွေး*

ချွမ့်ဟွေး ပါးစပ်ထဲက အသားအချို့ကို အမြန်ဝါးကာ ရိပေါ်ကို ခေါင်းခါပြသည်။

*မလိုက်တော့ဘူး ကိုကို*

*ဟယ်..ဘာလို့မလိုက်မှာလဲ လိုက်ခဲ့ပါ မောင်လေးရဲ့ အရမ်းပျော်စရာကောင်းမှာ*

ရှန်းကျဲက အားကြိုးမာန်တက်ခေါ်လေသည်။ ရိပေါ်ကလဲ ချွမ့်ဟွေး မလိုက်ဘူးဆိုတော့ မျက်နှာလေးက မကြည်မသာ။ ဒီခရီးမှာ ချွမ့်ဟွေးရယ်၊ ယန်ကောရယ်၊ ရှန်းကျဲရယ်၊ သူရယ် အတူတူ ပျော်ကြမယ်ဟု တွေးထားတာကို။

*လိုက်ခဲ့လေ ညီလေးရဲ့။ ညပိုင်းထွက်မှာဆိုတော့ အရမ်းပျော်ဖို့ကောင်းမှာ။ ပြီးတော့ တောင်တန်းတွေဆီ သွားမှာဆိုတော့ သိပ်နေလို့ကောင်းမှာကွ*

ချွမ့်ဟွေးက အားနာသလို ရယ်ကာ ရိပေါ်ကို တစ်လှည့်၊ ယန်ကောတို့ကို တစ်လှည့်ကြည့်နေ၏။ ရိပေါ်တို့ ခေါ်သာခေါ်ရတာ ထိုနေရာတွေက ချွမ့်ဟွေးလိုလူဖို့ ခနခနရောက်ဖူးနေသည့် နေရာတွေပင် ဖြစ်နိုင်လေသည်။

*ဒီလောက်ခေါ်နေရင်တော့ ကျွန်တော် ဒီကကိစ္စအချို့ ဖြေရှင်းပြီးတာနဲ့ လိုက်ခဲ့မယ်လေ။ ကားနဲ့တော့ လိုက်လို့ရမှာမဟုတ်ဘူး။ ကျွန်တော်ပြီးမှပဲ ကျွန်တော့်အစီအစဉ်နဲ့ နောက်ကလိုက်ခဲ့မယ်*

*အိုခေလေ..ဘာနေနေ မင်းပါရင် ရပြီ*

ရိပေါ် ထိုလိုပြောလိုက်တော့ ချွမ့်ဟွေးက ရယ်ကာ ရိပေါ်၏ ပါးဖောင်းလေးကို အသာဆွဲညှစ်လိုက်သည်။ ချွမ့်ဟွေးမှာ ဒီအကိုကြီးကို ချစ်မဝ။ မျက်နှာပြည့်ပြည့်ဖောင်းဖောင်းလေးနှင့် ရယ်လိုက်တိုင်း မို့တက်လာသည့် ပါးလေးတွေက ကိုက်စားပစ်ချင်စရာ။

For..Where stories live. Discover now