ဒီအ​ကြောင်း​တွေကိုစဥ်းစား​မိတာနဲ့တင် ဥက္ကဌမု ပိုပြီးတော့တောင် အ​ခြေအ​နေ ဆိုးလာပါ​တော့သည်။

ရုပ်ရှင်ထဲမှာ လုံ​အော်ထျန်းနှင့် အတွင်းရေးမှူးလေးတို့သည် စိတ်အားထက်သန်စွာဖြင့် လိင်ဆက်ဆံနေဆဲဖြစ်ကာ မုချိုး ထိုမြင်ကွင်းကိုကြည့်ပြီး စိတ်အနှောင့်အယှက်ဖြစ်ခဲ့ရသည်။ သူ ပိတ်ပစ်ချင်စိတ်​တောင်​ပေါက်နေရပြီး စက်ခရင်​ကို အမြန် ကျော်လိုက်ရသည်။

အား!!!

ဒါ​ပေမယ့် အခန်းအပြင်ဘက်,ဇာတ်ကွက်နားကို​ ရောက်​တော့ ရပ်လိုက်ကာ......လူတစ်​ယောက်က အခန်းတံခါးကို အုတ်ခဲနဲ့ သွေးရူး​သွေးတန်း ထု​နေ၏

မုချိုးရဲ့ ဦး​နှောက်က မှင်တက်သွားရသည်။

ဘာလို့ သူနဲ့ရုပ်ချင်းဆင်​နေတဲ့ ဒီသရုပ်ဆောင်ရဲ့ဇာတ်ရုပ်က အချိန်တိုင်း ဦး​နှောက်မရှိ​ဖြစ်နေရတာလဲ? လုပ်​နေတာက ရပ်လည်းရပ်မသွားဘဲနဲ့ ဒီလိုမျိုး ငတုံးအထာ​တွေကို ဆက်လုပ်​နေ​သေးတယ်!

"အင်း...အပြင်မှာတစ်​ယောက်ယောက် ရောက်​နေတယ်...." အတွင်းရေးမှူးလေးက နူးညံ့စွာဖြင့် မျက်နှာလေး နီရဲ​နေကာ သူ့ကိုတွန်းဖယ်လိုက်သည်။

"မလုပ်နဲ့​တော့......ကျွန်တော်တို့ကို မြင်သွားလိမ့််မယ်...."

H*လုပ်​နေတုန်း အ​နှောင့်ယှက်ခံလိုက်ရတာက တကယ်ပဲ လူ​တွေကို မ​ကျေမနပ်ဖြစ်​စေ၏။
ထို့​ကြောင့် လုံ​အော်ထျန်းရဲ့ အမူအယာက အေးစက်​သွားပြီး သူ့ဝတ်ရုံကို ဝတ်လိုက်ကာ အခန်းတံခါးကို သွားဖွင့်လိုက်သည်။

ရူး​နေတဲ့လူက တံခါးကို ထုရိုက်​နေရတဲ့အတွက် မောသွားကာ တံခါးကိုမှီပြီး အမော​ဖြေ​နေ၏။ တံခါးက ရုတ်တရက်ကြီး ပွင့်သွားမယ်လို့လည်း မထင်ထားမိတာ​ကြောင့် သူ အရပ်ရှည်ပြီးသြဇာအာဏာကြီးတဲ့ လုံ​အော်ထျန်းရဲ့ ခြေ​ထောက်​နားကို  လဲကျ​သွား​တော့သည်။

"သူ့ကို ထိရဲတယ်​ပေါ့​လေ!" ငတုံး​ကောင်က အိပ်ယာ​ပေါ်မှာရှိ​နေတဲ့ အတွင်း​​ရေးမှူး​လေးကို ကြည့်လိုက်ပြီး ဒေါသတကြီး အော်လိုက်သည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now