လောလောဆယ်တော့ တစ်လလောက်
သူနားထားအုန်းမည် ဆိုပေမဲ့ အစီစဉ်ကတော့ ချထားရမှာပင်။ ဒီထဲက ကုမ္ပဏီတစ်ခုက
သူအစိုးရဝန်ထမ်းလုပ်တုန်းက ပင်စင်ယူသွားသည့် အရာရှိကြီး တစ်ယောက်၏ ထောက်ခံချက်နှင့် ကမ်းလှမ်းထားတာမို့ သူ့အတွက် အခွင့်ရေးပိုရနိုင်မည်။

စာရွက်တွေကို ဟိုဟိုဒီဒီကြည့်နေတုန်း
မြင်ကွင်းထဲ ဝင်လာတဲ့ ခြေထောက်လေး။
လှိုင်းဆက် ထိုင်နေရာကနေ မော့ကြည့်တော့
မျက်နှာသုတ်တဘက်ကို ပုခုံးပေါ်တင်လျက်
လက်တစ်ဖက်က ရေနွေးအိုးကိုင်ထားသည့်
ကောင်လေးက မျက်လုံးဝိုင်းလေးများနှင့်
လှိုင်းဆက်ကို ကြည့်လို့နေသည်။
ရေနွေးအိုးက ခုမှဆူထားပုံ..ရွှီခနဲ အသံကိုပင်ကြားလို့နေရသည်။

"နိုးလာပြီလား"

"ဟုတ် "

ရေနွေးအိုးကို လှမ်းယူရင်း ‌ ခင်းထားပြီးဖြစ်တဲ့ ခေါက်စားပွဲလေးထက် ချပေးနေတုန်း
ကောင်လေးက မီးဖိုချောင်ထဲ လှစ်ခနဲ ပြန်ဝင်ပြေးပြန်သည်။ လက်ဖက်ခြောက်ဘူးနှင့် ပြန်ထွက်လာပြီးမှ လှိုင်းဆက်ရှေ့ ခေါင်းလေးရို့လျက် လက်ဖက်ခြောက်ခတ်သည်။

"ပဲပြုတ်သည်တော့ လွတ်သွားပြီထင်တယ်ဗျ
မနေ့ညနေက ဝယ်လာတဲ့ ငါးခြောက်ကြော်ရှိသေးတယ် ၊ ကျွန်တော် ကြက်ဥကြော်ပြီးမှ စားကြမယ်လေ ၊ ကိုလှိုင်းဆက်က ဆာနေပြီလားဗျ"

"မဆာပါဘူး ‌။ တဘက်အရင်သွားလှမ်းထားလိုက် ကိုယ်ကြက်ဥခေါက်ပေးထားမယ်"

"ရတယ် ရတယ် ကျွန်တော်လုပ်မယ်"

ပြေးထွက်သွားတဲ့ ကောင်လေးက ဝရံတာမှာ
တဘက်လှန်းပြီး အမြန်ပြန်ဝင်လာသည်။
သူ့မှာ လှိုင်းဆက် မီးဖိုချောင်ဝင်မှာကို
ဘာတွေ စိုးရိမ်နေမှန်းမသိ။ အနားကပ်ကာ
ကူမယ်လုပ်ပေမဲ့လည်း တစ်ယောက်ထဲ
သွက်လက်နေတဲ့မီးဖိုချောင်ထဲ ကိုယ်လက်နှိုက်စရာ နေရာတောင်ရှိမနေ။ နောက်ဆုံးတော့ လှိုင်းဆက်က ပန်းကန်သယ်နှင့် ကြက်ဥခွံပစ်သာ လုပ်လိုက်ရတော့သည်။

"ဒီနေ့ ကျွန်တော်တို့ ဘုရားကြီးသွားရအောင်
မန္တလေးရောက်ကတည်းက ကိုလှိုင်းဆက်
ဘုရားကြီးကို ဦးမခိုက်ရသေးဘူးမို့လား"

ငြိမ့် (COMPLETED)Where stories live. Discover now