*ချွမ့်ဟွေးက ငဂျစ်ကောင်*

ရိပေါ်က ရယ်ကာ သူ့အနား လာပြော၍ ရယ်သာရယ်ပြလိုက်သည်။ ချွမ့်ဟွေးသည် ငဂျစ်ကောင်၊ အဆိုးကောင် ပြီးတော့ မုန်းချင်စရာကောင်းလောက်အောင် ချစ်ဖို့ကောင်းတဲ့သူဆိုတာ သူ သိတာပေါ့။

*သိတာကြာပြီလား ရိပေါ်*

*ချွမ့်ဟွေးနဲ့လား။ မကြာသေးပါဘူး။ လပိုင်းတောင်မရှိသေးဘူး။ ဘာဖြစ်လို့လဲ ကော*

Lameခေါင်းအသာခါပြကာ

*ဘာမှမဖြစ်ပါဘူး ရိပေါ်လေးရ။ ရိပေါ်တို့နှစ်ယောက်ကို ကြည့်ရတာ အရမ်းcloseဖြစ်လို့ မေးကြည့်လိုက်တာ*

*ချွမ့်ဟွေးက ငချွဲကောင် ကောရ။ ကျွန်တော့် ညီလေးလိုပဲ ဒီကောင်က။ အလုပ်က အတူတူပဲလေ*

*အော်..*

သူ အော် ဟုရေရွတ်လိုက်ရင်း ရိပေါ်ကိုပါ ပြုံးပြလိုက်ကာ အလုပ်ဆက်လုပ်လိုက်သည်။ ချွမ့်ဟွေးအကြောင်းတွေကို ထပ်မသိမိအောင် ကြိုးစားရမည်။ သူ့ဘဝထဲက ချွမ့်ဟွေးကို ထုတ်ပစ်ရမည်။ Lame သူထိုင်နေသည့် နေရာကို လှမ်းကြည့်မိတော့ ရိပေါ်နှင့်သူ့ကို စူးစူးဝါးဝါး စိုက်ကြည့်နေသည့် ချွမ့်ဟွေး။

Lame မမြင်ယောင်ဆောင်ကာသာ အကြည့်လွှဲလိုက်ပြီး လုပ်စရာရှိတာ ဆက်လုပ်နေလိုက်သည်။ အရင်က ချွမ့်ဟွေးကသာ ဘဝဖြစ်ခဲ့တဲ့ကောင် မဟုတ်တော့ဘူးဆိုတာ သူ သိအောင်ပြရမည်။

အလုပ်သိမ်းချိန်ရောက်ပြီမို့ ရိပေါ်နှင့်အတူ Lame အပြင်ထွက်လာခဲ့သည်။ ခနအကြာ ရိပေါ် စီးရမည့် ကားက ရောက်လာလေသည်။ Lameက ခြေလျင်ပြန်လို့ရသည်အထိ နီးသည်မို့ ကားမစောင့်ရ။

*ကောရေ ကျွန်တော်သွားပြီနော်*

*ဂရုစိုက်ပြန်အုံး ရိပေါ်*

Lame ရိပေါ်ကို နှုတ်ဆက်လိုက်ကာ ရိပေါ် မြင်ကွင်းထဲက ပျောက်သွားမှပင် ကိုယ်ပြန်ရမယ့် လမ်းသို့ ပြန်ဦးတည်ရသည်။ ညကနည်းနည်းနက်နေ၍ လမ်းမီးတိုင်က ကျိုးတိုးကျဲတဲအလင်းရောင်ဖြင့်သာ ရှေ့ဆက်နေရသည်။ အရင်က အရမ်းကြောက်ခဲ့သည့်ကောင် Lameဆိုသည့်ကောင်သည် သေဆုံးသွားခဲ့ပြီ။

For..Where stories live. Discover now