*Ice-coffeeတစ်ခွက်*

*ဟုတ်ကဲ့ ခနစောင့်ပေးပါခင်ဗျ*

Lameရောက်လာသည့် ဧည့်သည်ကို မော့ကြည့်လိုက်သည်နှင့် ကမ္ဘာပျက်သွားသလိုပင်။ သူ..။ သူကလဲ အံ့ဩသွားသလို Lameကို မော့ကြည့်လာသည်။ ပြီးနောက် မျက်ခုံးတွေ စုကြုံ့သွားကာ အလိုမကျသလို ဖြစ်သွားလေသည်။ ဒါကတော့ သူသည် Lameနဲ့တွေ့တိုင်း ထိုလို အလိုမကျသည့် မျက်နှာ ဖြစ်နေကြပင်။

သူက ကျစ် ခနဲစုပ်သပ်ကာ ကောင်တာဘက် လှမ်းကြည့်နေ၍ Lameပါ ယောင်ပြီး လိုက်ကြည့်လိုက်သည်။ သူက ဖြတ်ခနဲ ပြန်လှည့်လာကာ ခပ်ကြိတ်ကြိတ်အသံဖြင့် သတိပေးသလို ပြောလာ၍ Lameပင် အံ့ဩမိသည်။

*ခင်ဗျား ရိပေါ်နားက ဝေးဝေးနေ။ ဘာဖြစ်ချင်လို့ ခင်ဗျား ကျွန်တော့်နောက်ပဲ လိုက်နေရတာလဲ။ စောက်ရှက်မရှိဘူးလား*

Lameမျက်နှာက ဖြန်းခနဲ ပူနွေးသွားသည်။ အတိအကျဆိုလျှင် ရှက်သွားတာ။ တူညီတဲ့ ယောကျာ်းတစ်ယောက်ရှေ့မှာပင် ၂ခါတိတိ စော်ကားခံခဲ့ရတာ။ သူ့ရှေ့က ထွက်လာတော့လဲ ခုထိ သူ့ကို လိုက်နှောင့်ယှက်နေတယ်လို့ ထင်နေတုန်းပင်။

သူ့ကို Lameဘယ်တုန်းကမှ မနှောင့်ယှက်ခဲ့ဖူးပါ။ ယောင်ပြီး တွေတွေကြီး ရပ်နေ၍ သူကပင် ဒေါသတကြီး ဆိုလာပြန်သည်။

*သွားလေ ဘာရပ်လုပ်နေတာလဲ။ မှာထားတာကို ဝမ်ရိပေါ်ကိုပဲ လာပို့ခိုင်း။ ခင်ဗျားမျက်နှာကို မမြင်ချင်ဘူး*

Lame ခေါင်းသာ ညိမ့်ပြခဲ့ကာ ရိပေါ်ကိုသာ သူ့အနား စေလွှတ်လိုက်သည်။ အဝေးက ကြည့်လျှင်တောင် မြင်နေရသည့် သူ့အပြုံးတွေ။ သူ့အပြုံးကို မြင်ချင်လျှင် အဝေးက ကြည့်မှသာလျှင် မြင်ရသည့် Lame။ သူ့ကိုဆိုလျှင် ခါးခါးသီးသီး မုန်းပြီး ပစ်ပစ်ခါခါ လုပ်နေကြမို့ မနာတတ်တော့ပေမယ့် စောက်ရှက်က တစ်စက်မှမရှိဘူး၊ ခင်ဗျား ယောကျာ်းမဟုတ်ဘူးလားဟု အပြောခံရသည့် နေ့မှာပင် Lame အဖွားအိမ်က ထွက်လာခဲ့သည်။

Lameသူ့ကို ချစ်မိတာ အစော်ကားခံရဖို့၊ အနှိမ်ခံရဖို့ မဟုတ်ခဲ့ဘူး။ ထိုနေ့ကနေ ပြန်မတွေ့တာ အခုဆို တစ်လတင်းတင်း ပြည့်သည့်နေ့ သူ့ကို ပြန်တွေ့ခဲ့သည်။ ထုံးစံအတိုင်း မကြည်ဖြူသလို အပြုအမူတွေ။

For..Where stories live. Discover now