ဘာလို့ဆို အခုလို စိတ်တိုနေသည့် ဘော့စ်အား ဘာမှမဖြစ်သလို မကြောက်ပဲ စကားရပ်ပြောနေနိုင်ကထဲက ကွမ့်ကျွင်း သိလိုက်ပြီ။

*ဘော့စ် လုပ်ချင်ရာလုပ်ပါ။ ဒီပရောဂျက်မှ ကျွန်တော်မှ မလုပ်ရရင် အလုပ်ထွက်ပါ့မယ်*

*ဟ..ဝမ်ရိပေါ်*

မထုံတတ်တေးဖြင့် ရပ်နေသည့် ဝမ်ရိပေါ် ပုံစံက ကိုင်ပေါက်ပစ်ချင်စရာ။ ရှောင်းကျန့် ဒေါသထွက်လွန်း၍ ဝမ်ရိပေါ်ကို အမှန်ပင် ကိုင်ပေါက်ပစ်ချင်နေပြီ။

*အေး ဟိုကောင်နဲ့ ထပ်ပြီး ပလူးပလဲ နေရင် မင်းငါ့အကြောင်း သိတယ်နော်။ ငါကြမ်းမှ မင်း ထပ်စိတ်မဆိုးနဲ့*

*အဟွတ်..အဟွတ်*

ရှောင်းကျန့်၏ စကားကြောင့် ကွမ့်ကျွင်းမှာ မျက်နှာကြီးရဲပြီး ချောင်းတွေသီးသည်မှာ မရပ်မနား။ ထိုအခါမှပင် နှစ်ယောက်လုံး ကွမ့်ကျွင်းရှိနေမှန်း သတိရတော့သည်။ အစက နှစ်ယောက်လုံး အနိုင်လုနေ၍ ကွမ့်ကျွင်းကို သတိမထားမိကြ။

ရိပေါ် မျက်နှာလေးက ရဲတွတ်သွားကာ မနေတတ်သလို ဖြစ်သွားလေ၏။ ကွမ့်ကျွင်းက သူတို့နှစ်ယောက် အခြေအနေကို သိသား၍ အနေရခက်သွားသည်ထင်။ ရှောင်းကျန့် နက်ခ်တိုင်ကို အသာဆွဲဖြည်ကာ

*ကွမ့်ကျွင်း မင်း ခနအပြင်ထွက်*

*ဟုတ်..ဟုတ်ကဲ့ပါ ဘော့စ်*

ကွမ့်ကျွင်းထွက်သွားသည်နှင့် ရှောင်းကျန့်သည် ရိပေါ်အနား ရောက်လာကာ ရိပေါ်၏ လက်နှစ်ဖက်လုံးကို ဆွဲယူပြီး နက်ခ်တိုင်ဖြင့် ချည်နှောင်ပစ်သည်။

*ဘာလုပ်တာလဲ ရှောင်းကျန့်။ ငါ့ကို လွှတ်ပေးစမ်း*

*အာ့*

ရိပေါ် အထိတ်တလန့်ရုန်းပေမယ့် ရှောင်းကျန့်က ဂရုမစိုက်ပေ။ ရိပေါ်၏ လက်အား ချည်နှောင်ပြီးသည်နှင့် အနောက်က စားပွဲတွင် ဝုန်းခနဲ မြည်အောင်ဆွဲကပ်ပစ်ကာ လက်တွေကို အပေါ်သို့ မြှောက်စေလိုက်ပြီး ရှောင်းကျန့်၏ လက်တစ်ဖက်သည် ရိပေါ်၏ ခါးအား ခပ်တင်းတင်း သိမ်းဖက်ပစ်သည်။

ပြီးနောက် နှုတ်ခမ်းချင်း ပူးကပ်ပစ်ပေမယ့် ရိပေါ်က ဘေးသို့ တိမ်းစောင်းပစ်လေသည်။ ရှောင်းကျန့် လက်တစ်ဖက်ကို အသုံးပြုကာ ရိပေါ်၏ မျက်နှာအား သူ့ဘက်အသာဆွဲလှည့်ကာ နှုတ်ခမ်းချင်း မထိတထိ ကပ်ထားလေ၏။

For..Where stories live. Discover now