အကြင်နာနှင့် နွေးထွေးသော အရိပ်

Start from the beginning
                                    

သူ့အဖေက အိမ်မှာပဲ အလုပ်လုပ်တဲ့ရက်တွေဆိုရင် နည်းနည်းသက်သာတယ်။ တစ်နေကုန် သူတို့အဖေနဲ့ထားခဲ့လို့ရတယ်။
သူ့အဖေ မှော်ထဲဆင်းသွားတဲ့ရက်မျိုးမှာတော့ ဆေးရုံနဲ့အိမ်ကို လွန်းပျံလေးလိုလုပ်နေရတယ်။
တော်သေးတာက....ဆေးရုံနားမှာပဲ အိပ်ဝယ်ပေးထားလို့ပေါ့။
ရန်ကုန်မှာလို တစ်ခါအိမ်ပြန်တစ်နာရီလောက်အချိန်ပေးရရင်တော့လား.... လင်းသန့်ကြည် လမ်းမှာတင် နောက်ထပ်လင်တစ်ယောက်ရသွားမယ်။
အဟဲ.....နောက်တာပါ....လင်မယူချင်တော့ပါဘူး...
တစ်ယောက်နဲ့တင် အတော်မှတ်နေပါပြီ။

အရင်ကတော့....ငယ်ထွေး...ငယ်ထွေးနဲ့ ငုံထားတာ။
ငုံထားမတတ်မဟုတ်ဘူး...တစ်ကယ်ကို ငုံထားပြီးချစ်တာလေ....သူတို့လဲသိတာပဲကို။
ငုံတာမှလေ တစ်နေရာပဲကွက်ပြီး ငုံတာမဟုတ်ဘူး.... တစ်ကိုယ်လုံးငုံထားတာပဲ....နော့လေ။

ခုတော့ကွယ်.....
သူ့သားတွေ မျက်နှာပဲ ကြည့်နေတာ.... ကိုယ့်ကို ပလစ်တတ်နေပြီ...သိလား။
အံမယ်....သူကသာ သူ့သားတွေကိုတုန်ခိုက်နေတာ... ကိုယ်က သူ့ကိုကျော်ပြီး ကလေးတွေကို မပိုလိုက်နဲ့ မရဘူးတော့်ရေ့..... အဆန်းတကြယ်....

နေ့ထူးက သုံးနှစ်
နေ့မြတ်က နှစ်နှစ်....
မွေးနေ့လက်ဆောင်က သူများလို အရုပ်တွေ အဝတ်အစားတွေမဟုတ်ဘူး။
သူတို့အဝတ်အစားတွေကလဲ မြန်မာပြည်မှာဝယ်တာမဟုတ်ဘူး။
ဒါကို သိတဲ့မိတ်ဆွေတွေက အဝတ်အစားလက်ဆောင်မပေးကြဘူး။
လက်ဆောင်က ရွှေတွေပဲ။
ရွှေမှော် သူဌေးရဲ့သားတွေ လက်ဆောင်ရတာ ရွှေတွေပါပဲ။ ပေး​ပြန်​တော့လဲ အတုံးလိုက်တွေပေးကြတာ။
အထည်လုပ်ပြီးပေးတာ မဟုတ်ဘူး။

နေ့ထူးနဲ့နေ့မြတ်အတွက် အဝတ်အစား အသုံးအဆောင် သောက်တဲ့နို့မှုန့်တွေကိုတော့ စင်ကာပူကနေပို့ပေးတယ်။
စင်ကာပူမှာ သူတို့ရဲ့ မွေးအမေနှစ်​​ယောက်လုံးရှိတယ်။
နေ့ထူးအမေရော နေ့မြတ်အမေရောက ညီအစ်မဝမ်းကွဲတွေ။
ဝတ်ရည်နဲ့ဆိုလဲ ညီအစ်မဝမ်းကွဲတွေပဲ။

မောင်က ဝတ်ရည်ကို တဂျီဂျီ လုပ်ပြီးပူဆာတာ... ဝတ်ရည်လဲ မနေနိုင်တော့ဘူး။
စီစဥ်ပေးရတော့တယ်။
ဝတ်ရည်မက လင်းသန့်နဲ့ဘဂျမ်းကို သူနဲ့လဲအမျိုးတော်ချင်သေးတယ်လေ။
ဒါကြောင့် သူ့ညီမတွေကိုပဲ ရအောင်အကူအညီတောင်းတာ။

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now