6.

21.6K 2.4K 167
                                    

ဝံပုလွေကြီးကနောက်ပိုင်းလေသံမာမာနဲ့ယုန်ဖြူလေးကိုဘယ်တော့မှမပြောတော့ပေ။ သူသားကောင်လိုက်တဲ့အခါတစ်ကောင်တည်းသွားပြီး ပြန်လာတာနဲ့ယုန်ဖြူလေးမုန်လာဥတူးတာကိုအဖော်လိုက်ပေးကာ စောင့်ရှောက်ပေး၏။

တစ်ခါတရံဆို မြက်ခင်းစိမ်းတွေပေါ်ခေါ်သွားပေးပြီး ချစ်စရာကောင်းတဲ့ယုန်ဖြူလေးကိုကြည့်ပြီး သူစိတ်မထိန်းနိုင်တဲ့အခါ ထိုမြက်ခင်းတွေပေါ်မှာ အဲ့ အဲ့ အဲ့  လေသည်။

သူ့အတွက်တော့ယုန်ဖြူလေးကမကုန်ခမ်းနိုင်သောအဟာရလေးလိုပဲ။ အချိန်တိုင်း တစိမ့်စိမ့်ကြည့်ကာနေချင်မိသည်။

ယုန်ဖြူလေးက သူ့ကိုယ်ကို ခေါင်းခုအိပ်နေတဲ့ဝံပုလွေကြီးကိုငုံ့ကြည့်လိုက်ပြီး နားရွက်လေးကိုလျှာနီနီလေးဖြင့်လှမ်းလျှက်ပေးလိုက်သည်။

   " ကိုကို...အရမ်းလှတဲ့မေမေကပြောတယ် သားတို့မိတ်ဖက်အခမ်းနားလုပ်သင့်တယ်တဲ့"

  " မင်းလုပ်ချင်လား... "

မလုပ်ချင်ဘူးပြောရဲပြောကြည့်စမ်းပါ!  မင်းမေမေပါ နိုးသွားအောင် အော်ငိုပြမယ်!

ယုန်ဖြူလေး၏ ပန်းရောင်နုတ်သီးလေးမှာ နီရဲတွတ်လာတာကို ဝံပုလွေကြီးမှာသတိမထားမိပေ။

  " အဲ့တာပြီးရင်... ကိုကိုနဲ့သားအကောင်ပေါက်လေးတွေရတော့မှာပေါ့ နော် "

အဟွတ်... အဟွတ်!  ပေါင်ပေ့ မင်းကွာ ဒီယောကျာ်းကို အပျော်််လုံးစို့​ပြီး နတ်ရွာစံစေချင်နေတာလား အူးးး ။

ဝံပုလွေကြီးအတော်ကြာမှအေးစက်စက်နဲ့ထပြောလိုက်သည်။

  " အကောင်ပေါက်​လေးတွေရဖို့အတွက် တစ်နေ့ကို အကြိမ်ရေများများ အဲ့ အဲ့ အဲ့ ဖို့လိုတယ် "

အူးးး...ငါကွ!

ယုန်ဖြူလေး၏ နှုတ်သီး​လေးမှာ ပိုပိုနီရဲလာပြီး အကြာကြီးစဥ်းစားနေလေသည်။ သူနဲ့ကိုကိုနဲ့ ရတဲ့အကောင်ပေါက်လေးတွေက ဘယ်လို​လေးတွေနေမှာပါလိမ့်...။

ဝံပုလွေကြီးမှာ ဖြေသံတော်တော်မလာတာကြောင့်ဒေါပွလာပြီး ကြည့်လိုက်တဲ့အခါယုန်ဖြူလေး၏ နီရဲနေတဲ့နှုတ်သီးလေးကြောင့် ရင်အစုံမှာ ပရမ်းပဒါခုန်လှုပ်သွားရသည်။

Big Wolf's Wife || Complete ||Where stories live. Discover now