Part 4 🐉

501 76 9
                                    

Unicode

နဂါးဘုရင်လဲ 2ရက်ဆက်တိုက် လျောင်ဖူအိမ်တော်မှာပဲ နေမိလေသည် ၊ ဒါပေမယ့် ကြင်ယာတော်က အခုထိ မနိုးထလာသေးတာကြောင့် နဂါးဘုရင်ရဲ့မသိစိတ်ကနေ စိုးရိမ်ပူပန်မိနေလေသည်။

" အရှင် ဒီနေ့တော့ ကောင်းကင်ဘုံကို ပြန်မှရပါတော့မယ် အရှင့်ရဲ့မယ်တော်က မနက်မိုးလင်းတာနဲ့ ပြန်ရောက်လာမှာမို့လို့ပါ "

" ကောင်းပြီ ကျိုးရဲ့ မင်းကိုလွှဲထားခဲ့ပြီနော် တကယ်လို့ ကြင်ယာတော်နိုးလာရင် ချက်ချင်းအကြောင်းကြားပါ ၊ ပြီးတော့ ကြင်ယာတော်ကို ဘယ်သူမှမမြင်စေနဲ့ ပြီးတော့.."

" အားယား သိပါပြီအရှင် ကျွန်တော်မျိုးမကို စိတ်ချလိုက်ပါ "

ကျိုးရဲ့လဲ သူ့အရှင်နားပူအောင်ပြောနေတာကို မခံစားနိုင်တော့တာကြောင့် မားဝမ်ယွမ် ကို အချက်ပြလိုက်လေတော့သည် ၊ မားဝမ်ယွမ် လဲ သဘော ပေါက်ကာ နဂါးဘုရင် ကို အမြန်သွားအောင် ပြောရလေတော့သည်။

" အရှင် ဒီထက်နောက်ကျရင် မကောင်းတော့ပါဘူး အခုပဲ သွားကြရအောင်ပါ "

" အင်းပါ ဟုတ်ပါပြီ မင်းတို့နှစ်ယောက်ကလဲ "

ပြောပြီးပြီးချင်းပျောက်သွားတဲ့ နဂါးဘုရင်ကြောင့် မားဝမ်ယွမ်လဲ အပြေးလိုက်သွားရလေတော့သည်။ ကျိုးရဲ့မှာတော့ ကြင်ယာတော်ကို ကြည့်ရင်း ခေါင်းပေါ်မှာ ကျောက်တုံးအလေးကြီးကိုသယ်ဆောင်ထားသလိုခံစားနေရကာရင်လေးနေတော့သည်။

" အရှင်ကတော့ မချစ်တက်သေးလို့သာပဲ ချစ်တက်ရင်တော့ ကြင်ယာတော်ကို ငုံထားမလားတောင်တွေးမရတော့ပါဘူး "

နဂါးဘုရင်လဲ နဂါးနန်းတော်ကို ပြန်ပြန်ရောက်ချင်း မယ်တော် ဆီကို သွားရန်ပြင်ဆင်လိုက်လေတော့သည်။ပြင်ဆင်နေရင်း ကောင်းကင်ပေါ်ကို အလင်းတန်းတစ်ခုရောက်လာတာကြောင့် နဂါးဘုရင် နဲ့ မားဝမ်ယွမ် တို့နှစ်ယောက် ကြည့်မိကြလေသည်။

" အရှင် ဒါဒါ! မယ်တော်မိဖုရားကြီးပဲ အရင်ကလို နုပျိုပြီး အစွမ်းထက်နေတုန်းပါပဲလား "

ဒါပေါ့ အရာရာပြည့်စုံပြီးစိတ်သဘော ထားနူးညံ့တဲ့ မယ်တော်တစ်ယောက်ပါပဲ ၊ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ကောင်းကင်မိဖုရားက်ို နဂါးမျိုးနွယ်ရဲ့ အုပ်ချုပ်သူဆိုတာကို ဘယ်သူမှမသိကြပေ၊ ထို့နည်းတူ ကောင်းကင်မင်းကြီးကလဲ မသိပေ ၊ ဒါပေမယ့် ကံဆိုးချင်တော့ ကောင်းကင်မိဖုရားက ရိုးရိုးကြင်ယာတော်ဖြစ်တာကြောင့် မွေးလာတဲ့ သားလေးက နဂါးမျိုးရိုး စစ်စစ်ဖြစ်နေလေသည်။ ထိုသတင်းကိုကြားကြားချင်း ကောင်းကင်မင်းကြီးက သူ့ကို လိမ်ညာရလားဆိုပြီး အမျက်ဒေါသထွက်ကာ ကောင်းကင်မိဖုရားကို လူ့ပြည်သို့ အပြစ်အနေနဲ့
နှစ် 500ပို့ထားလိုက်တော့သည်။

The Mistake of a Dragon 🐉Where stories live. Discover now