"ဘာမှမလုပ်လို့လေ ..."

ထပ်မေးလဲ ဘုပဲဖြေမည့်ပုံ
ဘာမှမရှုပ်ထားရင်ပဲ တော်ပါပြီလေ...

"ပြီးရောပြီးရော....ပြန်တော့..."

လာရစ်နေတယ်ဆိုတဲ့ရုပ်မျိုးနဲ့ မျက်မှောင်ကြုံ့ရင်း ပေစောင်းပေစောင်းနဲ့ပြန်သွားရှာလေရဲ့ .....

"သခင်ကြီး ညစာစားဦးမလား"

**ညရောက်နေတာ ညစာမစားလို့ ငါကဘာစားရမှာလဲ**
စိုက်ကြည့်လိုက်တော့မှ

"ဟို... ကျန့်ကျန့်လေးက စားပြီးသွားပြီမို့လို့ပါ..."

"ဘာာာ ဒီအိမ်မှာ ကျတော့ထက်အရင် ဘယ်သူက စားတာလဲ ...
သွားခေါ်ခဲ့ ... ညစာ၂ယောက်စာပြင်ထား..."

ဘယ့်နှယ် အိမ်ပေါ်လဲခေါ်တင်ထားရသေး ထမင်းတောင် စောင့်မစားနိုင်ဘူးလား....
ဗိုက်ဆာလဲ စားစရာမုန့်တွေအများကြီးဟာကို...
respect ကို မရှိတဲ့သူ... မရ ရအောင်ကို ထပ်စားခိုင်းဦးမယ် ....

...........................

မျက်နှာထားတင်းတင်းနှင့် ခုံမှာဝင်ထိုင်လိုက်တာနဲ့...

"အော် ရောက်ပြီလား... ထိုင်ထိုင်..."
"ဒါလေးထည့်စား..."
"ဒါလေးရောပဲ..."

ဘာလား ဆူပုတ်နေမယ်ထင်တာ ပြုံးရွှင်လို့ပါလား ဟင်းတွေတောင်ထည့်ပေးနေသေး....
လှမ်းကြည့်လိုက်တော့..

"ဘာယူမို့လဲဟင် ထည့်ပေးမယ်လေ...
အော်...ဒါလေးလဲမြည်းကြည့် ကောင်းတယ်..."

"ခများရော စားလေ..."

"အွန်း...."

ဟိုဟာထည့်ပေးလိုက် ဒီဟာထည့်ပေးလ်ုက်နဲ့ ကိုယ်သာစားပြီးတော့မယ် သူကသိပ်အရာမယွင်း....
အစကတော့ အတင်းစားခိုင်းမလို့ပေမယ့် သူဘက်ကလိမ္မာနေတာမို့ ဒီတခါတော့ရှော်လိုက်ပါမယ်လေ

"အဟမ်း စားပြီးပြီမလား ထတော့..."

"အယ် ပြီးသေးပုလေ ဒီမှာများကြီးကျန်သေးတဲ့ဟာ..."

အော် လမ်းကြောင်းပေးလဲ နားမလည်ဘူး ဒီလူကတော့

"စားရင်လဲစား မစားရင်လဲထတော့..."

Green Grass in Afternoon လိမ္မော်ရောင်မြက်ခင်းစိမ်းလေးWhere stories live. Discover now