Kai hyung ပြောသည်ကို Jaemin ပြုံးပြီးသာ နားထောင်နေရင်း RenJun လက်ကို ဆွဲကာ ထိုင်ခုံတစ်ခုံ၌ ထိုင်ခိုင်းလိုက်သည်။ ပြီးမှ

'Hyung တို့လည်း ထိုင်ကြပါ။ မနက်စာ အပြင်မှာ မစားနဲ့။ ကျွန်တော် ဒီမှာ Hyung တို့အတွက်ပါ ကြော်ထားပေးတယ်။'

(Vampire တွေ ဒါတွေမစားပေမယ့် စားခိုင်းလိုက်ပါပြီ ဟဲ ဟဲ 😁)

'Aiyo ငါတို့ရှိတာ သတိတရ ရှိသေးတာပဲ'

Kun hyung က RenJun မျက်နှာချင်းဆိုင်မှာ ရှိတဲ့ ခုံကို ဝင်ထိုင်ရင်း ပြောလေသည်။

'ပြီးတော့လေ Kai hyung ပြောရဦးမယ် ... ကျွန်တော် စတော်ဘယ်ရီ မကြိုက်မှန်းသိရဲ့နဲ့ကို စတော်ဘယ်ရီနဲ့ စရလားဗျာ။ စချင်ရင် တခြား အနီရောင် အသီးတွေ ရှိသေးတာကို .. ဥပမာ ခရမ်းချဥ်သီး လေ ... ဟုတ်တယ်မလား Baby'

Jaemin, Kai ကို ပြောပြီး RenJun ပါးကို နမ်းလိုက်တော့ RenJunက Jaemin ပုခုံးကို လှမ်းရိုက်လေသည်။ Jaemin , ထမင်းကြော်ကို ပန်းကန်ထဲ ထည့်ပြီးတဲ့နောက် အစ်ကိုနှစ်ယောက်နဲ့ RenJun ကို ချပေးလိုက်သည်။ ပြီးတော့ RenJun ဘေး ဝင်ထိုင်လေသည်။

'Jaem က မစားဘူးလား'

'ကိုယ် ဗိုက်မဆာလို့'

'ဒါနဲ့ RenJun က သက်သာရဲ့လား'

Kun hyung က RenJun ကို ကြည့်ရင်း မေးလိုက်သည်။

'ဟုတ်ကဲ့ hyung သက်သာသွားပါပြီ'

ဒီလိုနဲ့ ထမင်းဝိုင်းလေးက စကားသံတွေ တိတ်ဆိတ်သွားခဲ့သည်။

>>>>>>>>>>>>> Sunbae <<<<<<<<<<<<<

ထမင်းစားပြီးတော့ hyung နှစ်ယောက် အလုပ်သွားပြီး Jaemin နဲ့ RenJun သာ ကျန်ခဲ့လေသည်။

'ဘာလိုလို နဲ့ ကျောင်းတောင် ပြန်တက်ရတော့မယ်နော် Jaem'

'အင်း ဟုတ်ပါ့ ... ရော့ Baby ဆေးသောက်ဦး'

RenJun လည်း Jaemin ပေးလာသော ဆေးကို ယူကာ သောက်လိုက်သည်။

'ဒါနဲ့ Jaem က အလုပ်မသွားဘူးလား'

'ကိုယ် အလုပ်လုပ်တာ နားထားတယ် Baby ဘေး နေချင်လို့'

Jaemin ပြောပြီး RenJun ခါးလေးကို ဖက်လိုက်သည်။

Sunbae [JaemRen]Where stories live. Discover now