ဒေါ်ချို ပုံပြောမယ် ၂
စောင်ဒရဲနို (18 ပါးပါးလေးပလပ်)
Character - Mino x Seungyoon, Seunghoon
Type - Crack
တစ်ခါတုန်းက Inner Circle တိုင်းပြည်ကြီးမှာ စောင်မီနိုဆိုတဲ့ ကောင်လေးတစ်ယောက်ရှိသတဲ့။ စောင်မီနိုလေး ငယ်ငယ်ကတည်းက သူ့အမေဆုံးသွားတော့ သူ့ဖေဖေကြီး YG ပါပါးက တစ်ဦးတည်းသော သားလေးကိုသိပ်ချစ်တာပေါ့။
ဒါပေမယ့် တစ်နေ့ကျ စောင်မီနိုလေးကို ရပ်ကွက်ထဲက မုဆိုးမကြီးကနေ "သားလေး ဖေဖေကို ပြောလိုက်ပါ အန်တီက တုံးခုန် ရေခပ် ဇယ်ခုတ် မီးလှုံ ကျားကြီးရေသောက် မုဆိုးဒူးထောက် အကုန်ရတယ်" လို့မှာသတဲ့။
စောင်မီနိုလေးကလည်း သူ့ကိုမုန့်ကျွေးပြီးပြောခိုင်းတော့ အဟုတ်ထင်ပြီး သူ့အဖေကို မုဆိုးမကြီး ပြောတဲ့အတိုင်းပြန်ပြောလိုက်သတဲ့။ အဲ့ဒီမှာတင် သူ့ဖေဖေက ငါ့သားကိုပြုစုဖို့ ဖေဖေ က မေမေအသစ်လေးရှာပေးမယ်ဆိုပြီး မုဆိုးမကြီးနဲ့လက်ထပ်လိုက်သတဲ့။
အစကတော့ မိထွေးကြီးက ချစ်ချင်ယောင် ဟန်ဆောင်ပေမယ့် ပါပါးကြီး ကြက်တိုက်သွားတဲ့အခါကျ ဇာတိပြပြီး စောင်မီနိုလေးကို အိမ်က အလုပ်ကြမ်းတွေအကုန်လုပ်ခိုင်းပြီး ထမင်းလဲ နည်းနည်းပဲကျွေးသတဲ့။ ပါပါးကမေးတော့ ဝိတ်ကျအောင် Diet လုပ်ခိုင်းတာလို့ လိမ်ပြောပြီး စောင်မီနိုလေးကို ခိုင်းနေတော့တာပေါ့ကွယ်။
မိထွေးကြီးမှာ ပတ်အင်ဆိုးနဲ့ ပတ်အင်ကဲ လို့ခေါ်တဲ့ အမွှာသမီးနှစ်ယောက်လဲ ပါလာပြီး သူတ်ု့ကလည်း စောင်မီနိုလေးကို အိမ်အလုပ်တွေဝိုင်းခိုင်းကြတယ်တဲ့။ သူတို့ကတော့ တချိန်လုံး ရေခပ်ခိုင်း ကြမ်းတိုက်ခိုင်း နေတော့တာပဲတဲ့။ ဘာလို့မှန်းမသိပါဘူးအေ။
ဒီလိုနဲ့ စောင်မီနိုလေးဟာ မနက်မိုးလင်းကတည်းက အိမ်အလုပ်တွေ မနားတမ်းလုပ်ရပြီး ညနေဆိုလဲ မီးလင်းဖိုနားမှာပဲ မောမောနဲ့ အိပ်ပျော်သွားတော့ဘပြာတွေလူးပြီး ညိုညက်ညက်နဲ့ သရဲလေးနဲ့တူလို့ စောင်ဒရဲနို လို့ အိမ်နီးချင်းတွေက ချစ်စနိုးခေါ်ကြသတဲ့။
တနေ့ကျတော့ သူတို့တိုင်းပြည်ကို အုပ်ချုပ်တဲ့ မင်းသားလေး ယွန်း က ကပွဲကြီးတခုကျင်းပပြီး တိုင်းပြည်က လူငယ်လူရွယ်အပျိုလူပျိုအကုန်ဖိတ်သတဲ့။ ဒါနဲ့ အိမ်က မိထွေးသမီး အမွှာညီအမ ပတ်အင်ဆိုးနဲ့ ပတ်အင်ကဲက သွားမယ်ဆ်ုတော့ စောင်ဒရဲနို လေးကလဲ သွားချင်တာပေါ့။
YOU ARE READING
ဒချို ပုံပြောမယ်
Fanfictionအရင်ကရေးဖူးတဲ့ တွေ့ကရာရှစ်သောင်း short stories အပေါင်း စုစည်းမှု
