အပိုင်း (၃၇)

Start from the beginning
                                    

အင်ဒူလင့် အဖြေကြောင့် အကွေးမှာ သွားစေ့လို့မရအောင်အထိကို မထိန်းနိုင်မသိမ်းနိုင်ပျော်နေမိသည်။ သူမကို လှတယ်လို့ပြောရင် လခြမ်းကွေးလေးဟာ အရမ်းပျော်ရွှင်နေတတ်သည်။

Mallတစ်ခုရဲ့ parkingမှာ ကားထိုးခဲ့လိုက်ပြီး အင်ဒူလင်က အကွေးလက်ကိုဆွဲပြီး ထိုMallထဲသို့ခေါ်သွားသည်။သူမတို့နှစ်ယောက်ရဲ့ထုံးစံအတိုင်း လိုတာသဘောကျရာ မှန်သမျှအကုန်ဝယ်ပြီးသည့် နောက်မှာတော့ အင်ဒူလင်က အကွေးကိုနောက်ထပ် တစ်နေရာခေါ်သွားသည်။

မြန်မာ့အခေါ် ဆံပင်ညှပ်ဆိုင်သည် ဒီMallထဲမှာရှိသည်မို့လား၊ အရမ်းတော်တာကြောင့်လား တော့မသိပါ အကွေးရဲ့ ဆံပင်ကို ဂုတ်ထိလုနီးနီးလေးဖြစ်အောင် ညှပ်ပေးပြီး ခေါင်းလျှော်ပေးတာတင်ကို မြန်မာငွေ၆သိန်းနီးနီး ရှင်းခဲ့ရသည်။

"I'm going home. There is nothing to do here either. Call me if you remember."
(ငါ အိမ်ကိုပြန်တော့မယ်။ ဒီမှာလည်း လုပ်စရာမရှိတော့ဘူးလေ။ မင်းသတိရရင် ငါ့ကိုဖုန်းဆက်နော်)

ဆံပင်အတိုလေးကို ကားထဲက နောက်ကြည့်မှန်မှတဆင့်ကြည့်ပြီး သဘောကျနေခိုက်မှာ အင်ဒူလင့်ရဲ့စကားကြောင့် အကွေးငိုင်သွားရသည်။

"Will you stay with us?"
(ငါတို့နှင့် မနေတော့ဘူးလား)

"No. I have to go home.
I have to start my life from scratch and innovate."
(ဟင့်အင်း။ ငါအိမ်ပြန်ရမယ်လေ။ငါ့ဘဝကို အစကနေပြန်ပြီး ဆန်းသစ်လာအောင်ဖန်တီးရဦးမယ်)

"Will you see me again?"
(ငါ့ကို လာတွေ့ဦးမှာလား)

"Sure, You are my baby."
(သေချာတာပေါ့။ မင်းက ငါ့ကလေးလေးပဲကို)

"Don't forget to me."
(ငါ့ကိုမေ့မသွားရဘူးနော်)

"Don't worry baby, you try your fashion.
You know, your fashion design is representing to me. So don't disgrace me.Are you underdstand?"
(စိတ်မပူပါနဲ့ ငါမင်းကို မေ့သွားမှာမဟုတ်ပါဘူး။ မင်းရဲ့ fashionအပေါ်မှာ အမြဲတမ်းကြိုးစားပြင်ဆင်နေရမယ်နော်။ မင်းရဲ့ Fashionပုံစံတွေက ငါ့ကို ကိုယ်စားပြုတယ်။ ဒါကြောင့် ငါ့ကို သိက္ခာမချပါနဲ့။ နားလည်လား Baby)

"Yes, I try."
(အင်း။)

"Don't cry more."
(ထပ်ပြီး မငိုနဲ့တော့။)

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now