ကြင်နာသူနဲ့ နေ့ရက်ပေါင်းများစွာ♥

Start from the beginning
                                    

ဗန်းမောက်ကို ခေါ်ထားမယ်ဆိုလဲ မနေချင်ကြဘူးလေ။
မောင်ကတော့ ပြောနေတာပဲ....မြေးလေးတွေမွေးပေးရင် တူတူလာနေလိမ့်မယ်တဲ့။

သူပြောသလို ဒီကလဲ မွေးပေးချင်တာပေါ့။
ခုနေ လင်းသန့်ကြည်ကို ဆုတစ်ခုပဲတောင်းခိုင်းရင် မောင့်အတွက် မောင့်ရင်သွေးလေးမွေးပေးနိုင်ရပါစေလို့ပဲ ဆုတောင်းလိုက်မှာပဲ။
တကယ်ပြောတာ...

.
.
.
.

ဘဂျမ်း မှော်ထဲကိုသွားရမယ်။
မနက်စောစော ထသွားဖို့ရှိတယ်။
မသွားခင် လွမ်းနေရတာ ဘယ်လိုလုပ်မတုန်း။

ဆေးရုံကအပြန်ကို ဝင်ကြိုပြီး ခဏနားကြတယ်။
နားကြတယ်သာဆိုတာပါ... ဘဂျမ်းအလုပ်ကမပြတ်တော့ ငယ်ထွေးကို ဝင်ကြိုပြီး အိမ်ထဲရောက်တာနဲ ဧည့်သည်ကအဆင်သင့်စောင့်နေပြီ။
ငယ်ထွေးပဲ အပေါ်တက်သွားတာ။

ဘဂျမ်းက ကုန်သည်တွေကို ဧည့်ခံရတယ်။
အလုပ်စကားက ပြောရင်း ပြောရင်းမပြတ်ဘူး။
မန်းလေးကလာတဲ့ဧည့်သည်တွေ... ဘဂျမ်းက အိမ်မှာတည်းခိုင်းပေမဲ့ သူတို့ကမတည်းဘူး။
စကားလဲပြောပြီးရော... ညဘက် သောက်ကြဖို့အတင်းကပ်ခေါ်နေတာ။
ဘဂျမ်းမှာလဲ ဧည့်သည်တွေကို ကိုယ့်ဆီလာတုန်း
ဧည့်ဝတ်ကျေချင်ပေမဲ့ အဆင်မပြေဘူး။
ကိုယ်တိုင်လဲ သောက်တာစားတာမလုပ်ဘူး။
ဒါပေမဲ့ အရင်ကဆိုရင် ကိုယ်မသောက်လဲ လိုက်ပေးပါတယ်...ခုညက မရဘူး... မနက်ဖန် ခရီးသွားရမှာလေ။ ဒီလိုညမျိုးဟာ ငယ်ထွေးဘယ်လိုအကြောင်းပြချက်နဲ့မှ ငြင်းလို့မရတဲ့ည။
အားနာနာနဲ့ပဲဧည့်သည်တွေကို ငြင်းရတယ်။
ကိုဝင်းအောင်ပဲ ဦးဆောင်ပြီး ဧည့်ခံခိုင်းရတာပေါ့။
ကျသလောက်တော့ရှင်းပေးရမယ်။

.
.
.

"ငယ်ထွေးလေး..."

ငယ်က ရေတောင်ချိုးနေပြီ။

"မောင်...ဧည့်သည်တွေ ညစာက..ဘယ်လိုလုပ်ပေးရမလဲ"

"သွားကြပြီလေ...ကိုဝင်းအောင်နဲ့..."

"ဟုတ်လား...မောင် လိုက်မသွားဘူးလား"

"ဟင့်အင်း...မောင် အရေးကြီးတဲ့ကိစ္စရှိလို့"

"ဟုတ်...လား..."

"လာ...မောင် ခေါင်းသုတ်ပေးမယ်...ဘာလို့ခေါင်းလျှော်လိုက်တာလဲ..မောင့်ကိုမစောင့်ဘူး"

မိုးကောင်းကင်နှင့်ကမ္ဘာမြေ....ချစ်ခြင်းသက်သေWhere stories live. Discover now