“လုံးဝ မလိုပါဘူး​!" ဆုနို ချက်ချင်းကို ငြင်းလိုက်သည်။စား​သောက်ပွဲကြီးပဲဖြစ်ဖြစ်,ဘာပဲဖြစ်ဖြစ် ,လုံးဝကို ဆင်​ခြေပေးနေတယ်ဆိုတာ သိသာ​နေတာပဲ။အမှန်တရားက သူက, ဆုနိုကို စားချင်​​နေတာ!!!

သူကိုယ်တိုင်ချက်ပြုတ်ပေးတဲ့ အစားအသောက်တွေက အရမ်းကိုအရသာရှိမယ်ဆိုတာ မှန်​ပေမယ့်လည်း သူ့ကိုယ်သူထိန်းနိုင်ဖို့လိုသေးသည်။

ဒါပေမယ့် ဒီတစ်ခါမှာ မော်ဒယ်ဆုက မစ္စတာဒါရိုက်တာကို တကယ် မှားယွင်းစွာစွပ်စွဲခဲ့ခြင်းသာဖြစ်သည်။ အမှန်​တော့ အိုးရန်လုံသည် ဆုနို အခွင့်အရေးရတိုင်း သူ့အစာအိမ် ဒုက္ခဖြစ်တဲ့အထိ စားမှာကို စိုးရိမ်ရတယ်အတွက် ဆုနိုသာ သူ့အိမ်မှာ ရှိနေမယ်ဆိုရင် သူစိတ်သက်သာရာရလိမ့်မည်။

"ခဏ​လောက် စဥ်းစား​ပါအုံး။ ပြီးမှပြန်​ဖြေ​​ပေး​ပေါ့ " အိုးရန်လုံ သူ့ကို ဖိအား အများကြီးမ​​ပေး​ပေ။

ဆယ်မိနစ်ခန့် စဥ်းစားပြီးသွား​တောင်မှ သူ လက်သင့်မခံချင်​သေး​ပေ။ ဆုနို ပွစိပွစိ ရေရွတ်လိုက်ရင်း ပန်းသီးတစ်လုံးကို လျင်မြန်စွာ ဆွဲယူပြီး  ကိုက်ချလိုက်သည်။

ထပ်စားတာ? အိုးရန်လုံ ရယ်ရမှာလားငိုရမှာလားမသိ​​တော့ပေ။ ဒီအကျင့်ဆိုး​လေးက.....ဘယ်လိုပြောရမလဲ...........

ဒိုင်အန်း အိမ်မှာ အချိန်အကြာကြီးအထိ​စောင့်​နေပြီး ညဥ့်နက်​တော့မည့် အချိန်​ရောက်ခါနီးတောင်မှ ဆုနိုတစ်​ယောက် အိမ်ပြန်လာမည့် အရပ်အ​ယောင်​တောင်မ​တွေ့ရ​သေး​ပေ။ထို့​ကြောင့် သူ ဆုနိုကို ဖုန်းထပ်ခေါ်လိုက်သည်။

နတ်ဆိုး​လေးက ဘာ​ပြန်ပြောလဲ​ဆို​တော့" ငါ့အစ်ကိုကြီး အိမ်မှာ ရောက်​နေတာ။ ငါ အခုပဲ အိပ်​တောင်အိပ်​နေပြီ....မနက်ဖြန်မနက်မှ တွေ့ကြတာ​ပေါ့ " ပြောပြီးတာနဲ့ ချက်ချင်းကို ဖုန်းစက်ပိတ်လိုက်သည်။

တကယ်ပဲ...ဒီနည်းကို ထပ်သုံးပြီး လှည့်စားလိုက်ပြန်ပြီ! မန်​နေဂျာ ဒေါသထွက်စွာ ကျန်ခဲ့ရသည်။

"ကျွန်တော်သရုပ်​ဆောင်တာ ကောင်းလား?" ဆုနို အိပ်ယာ​ပေါ်မှာထိုင်ရင်းနဲ့ အနိုင်ရမှုအပြည့်ဖြင့် ပြောလိုက်သည်။ ငါက ထူးချွန်တဲ့ရုပ်ရှင်သရုပ်​ဆောင် ဝင်စားတာပဲနေမှာ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now