အမှန်တကယ်က​တော့ သူတို့နှစ်​ယောက်လုံး သူတို့ကိုယ်သူတို့ ကျိန်ဆဲလိုက်နှင့်ပြီးပါပြီ!

မင်းချစ်သူနဲ့အတူတူ အပြင်ထွက်စားရင်းနဲ့ သိတဲ့သူတစ်ယောက်ကိုတွေ့လိုက်ရတာ အရမ်းကိုဆိုးရွားတာပဲလေ။

"မင်း Hei Ken ဆိုတာ ဘာလဲသိလား?"

ဒါရိုက်တာမုက​တော့ ဒီအကြောင်းကိုစဉ်းစားမိနေတုန်းပဲဖြစ်သည်။
ပညာမတတ်တဲ့သူက သူတစ်ယောက်တည်းမဖြစ်နိုင်ဘူးလို့ ထင်တယ်!

သို့သော် အိုးရန်လုံက​တော့ စက္ကန့်ပိုင်းအတွင်းမှာပဲ မျက်တောင်,တောင်မခတ်ဘဲနဲ့ " သိတယ်​လေ,ဒဏ္ဍာရီဟောင်းထဲက ဆန်းကြယ်တဲ့သားရဲ....မင်းဘာလို့ မေးရတာလဲ?"

Shit!

မုချိုး ဓါးနဲ့ နောက်တစ်ကြိမ် ထိုးခံလိုက်ရသလိုမျိုး... ခုနက အခန်းထဲမှာထက်​တောင် ပိုပြီး​သေချင်သွားရသည်။

ထို့ကြောင့် သူ ဘေးတိုက်တစ်ချက်ကြည့်လိုက်ပြီး မေးလိုက်သည်။ "မင်း ဧည့်သည်နဲ့အတူ စား​နေတာလား?"

သူ(အိုးရန်လုံ)က "ဟုတ်တယ်"လို့​​ဖြေရင် သူ(မုချိုး)ကလည်း "အို့....ငါကလည်း ဒီကို ဒါရိုက်တာကျုံးနဲ့ ဘလာဘလာဘလာ "ဆိုပြီးကြွားရမယ်။
အခုချက်ချင်း သူ့စိတ်အ​ခြေအ​နေကို တကယ်မြှင့်တင်ချင်​နေပြီ!

"အင်း " အိုးရန်လုံက သူ့ကို အ​သေးစိတ်ပြောပြချင်ပုံမရပေ။

ဘွား..ဟားဟားဟား!! မုချိုး ရုတ်တရက် သူ့ခေါင်းကိုနောက်လှန်ကာ ကောင်းကင်ဘုံကို ရိုင်းစိုင်းစွာ အော်ရယ်ပစ်ချင်သည့်ဆန္ဒက ရုတ်တရက်ကြီး ပေါ်လာရသည်။

ဒါ​ပေမယ့် ဘယ်သူသိမှာလဲ,သူ့ရဲ့အခွင့်အ​ရေးကို ဆုပ်ကိုင်ပြီး မကြွားရ​သေးခင်မှာပဲ အခန်းတံခါးက တစ်ဝက်ဆွဲဖွင့်ခံလိုက်ရပြီး ခေါင်း​လေးပြူတစ်ပြူတစ်နဲ့ လူတစ်​ယောက် ထွက်လာခဲ့သည်။

"............."

"ဟမ်!" ဆုနို အစက​တော့ ခေါင်း​လေးထွက်ပြီး ကြည့်မလို့ပါပဲ။ ဘာလို့လဲဆိုတော့ သူ အသားကင်​တွေကို အကုန်စားပြီးသွားလို့ ထပ်ပြီး ဘယ်လိုကင်ရမလဲ ဆိုတာကို မသိသည့်မို့ အိုးရန်လုံကို အထဲပြန်ခေါ်ဖို့ထွက်လာခဲ့တာ ဖြစ်သည်။ ဒါ​ပေမယ့် မုချိုးနဲ့မျက်နှာချင်းဆိုင် တွေ့လိုက်ရမယ်လို့ မ​မျှော်လင့်ထား​ပေ! ထို့​ကြောင့် သူ နည်းနည်းလေး​တော့ အရှက်ရသွားရသည်။

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now