T/N: ချာတာဥပဒေများသည် တည်ဆဲဥပဒေများနှင့်တူပြီး ဝူချန်း အုံကြွမှုသည် ချင်မင်းဆက်ကိုဆန့်ကျင်သည့်ပုန်ကန်မှုတစ်ခုဖြစ်သည်။

ကိုယ်က ပညာမတတ်တဲ့သူ တစ်​ယောက်နဲ့မတူပါဘူး!ဥက္ကဌမု စိတ်​လေးစွာဖြင့် သက်ပြင်းချလိုက်ရင်း.....သူက အမြဲတမ်း တစ်ဖက်လူ ဘာ​​ပြောတယ်ဆိုတာကို နားမလည်ရတာလဲ?!အဓိပ္ပါယ်မရှိလိုက်တာ!

"Hei Kan လို့လည်း လူသိများတယ် " ကျုံးလီဖုန်းပိုင် ထပ်ဖြည့်​ပြောလိုက်သည်။

မုချိုး သူ့​ခေါင်း ချာချာလည်သွားပြီလို့​တောင် ခံစားလိုက်ရသည်။

"ဒါက လုံရှန်းကျို့ကျီရဲ့ လက်ရာပဲ!

ဆိုင်ပိုင်ရှင်က ဘိုး​ဘေး​တွေကို​တောင် မျက်နှာမပြရဲ​တော့ပေ။ ဒါကြောင့် သူ စကားလုံးတွေကိုအပြည့်အဝဖော်ပြဖို့ သူ့နှုတ်ခမ်းနဲ့ခန္ဓာကိုယ်ကိုသုံးပြီး သူက " လုံ" ဆိုတဲ့စကားလုံးကိုပေါင်းပြဖို့ သူ့ရဲ့တုတ်​နေတဲ့ခါးကို ကသုတ်ကယုတ်နဲ့ အသည်းအသန်လှည့်ပတ်ပြီး ပေါင်းပြ​နေ၏။

မုချိုး လုံးဝစိတ်ပျက်အားငယ်သွားပုံရပြီး ခေါင်းကိုက်သွားရသည်မို့ " ကိုယ် တံခါးအပြင်က​နေပဲ သွား​စောင့်တာ ကောင်းမယ်ထင်တယ် " ။ ထိုစကားသာ သူ ပြောလိုက်နိုင်​တော့သည်။

"ဟုတ်ကဲ့၊ ဟုတ်ကဲ့၊ ဒီလိုဆိုလည်း ကောင်းပါတယ်" စားသောက်ဆိုင်ပိုင်ရှင်က သက်ပြင်းချပြီး သက်တောင့်သက်သာဖြစ်သွားရသည်။ သူ တကယ့်ကို ဖိအား​ပေးခံလိုက်ရသလိုပဲ!

မုချိုး အခန်းအပြင်ကို ပြန်ထွက်သွားပြီး ကျုံးလီဖုန်းပိုင်က ပန်းချီကား​တွေကို​ အချိန်တစ်ခုကြာတဲ့အထိ ကြည့်​နေအုံးမယ်လို့​ တွေးလိုက်ကာ ပန်းခြံထဲကို ဆေးလိပ်သောက်ရန် ထွက်လာခဲ့သည်။

လမ်းတွင် သူ ကာစတန်မာ အ​ရေအတွက်နဲ့ လုပ်ရည်ကိုင်ရည်တို့ကို တစ်ချက်ကြည့်ရန် ဒုတိယထပ်ကို တက်လာခဲ့သည်။

အဲ့ဒီ​နောက်မှာ​တော့ ဟော်လမ်းထဲမှာ ဖုန်း​ပြော​နေတဲ့ အိုးရန်လုံကို တွေ့လိုက်ရသည်။ နှစ်​ယောက်လုံးရဲ့ မျက်လုံး​တွေက ဆုံသွားပြီး ချက်ချင်းမီးပွား​တွေ ထွက်လာတော့မလိုပင်။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ!

ဖက်ရှင်ကျသည့် မစ္စတာ ||မြန်မာဘာသာပြန်||Where stories live. Discover now