ထိုအခါမှပင် ထိုဦးလေးကြီးက ခေါင်းညိမ့်ပြကာ

*လာလာ..သူဋေးလေးက စာကြည့်ခန်းမှာ*

အခန်းပေါင်းများစွာကို ကျော်ဖြတ်ပြီးနောက် ကျွန်းရောင်အခန်းကြီးရှေ့ ထိုဦးလေးကြီးက ရပ်လိုက်၍ ရိပေါ်ပါ လိုက်ရပ်လိုက်သည်။ ရပ်နေရင်းနှင့်ပင် ကိုယ်ငွေ့တွေက ထိုးထိုးတက်လာသလို။

ခေါင်းတွေလဲ တရိပ်ရိပ်ဖြင့်။ ရိပေါ် အားတင်းကာ ရပ်နေဆဲပင်။

*သူဋေးလေး..အပြင်မှာ အတွင်းရေးမှူး ရောက်နေပါပြီ*

*ဝင်လာခိုင်းလိုက်*

အေးစက်စက် အသံကြီးက ထွက်ပေါ်လာလေသည်။ ထိုဦးလေးကြီးကပင် ရိပေါ်ဖို့ တံခါးဖွင့်ပေးလာ၍ ရိပေါ် ခေါင်းညိမ့်အရိုအသေပေးလိုက်သည်။

စာကြည့်ခန်းသည် အနက်ရောင်ဆိုဖာတစ်စုံရယ်၊ ပြောင်လက်နေသည့် မှန်ဖြင့်ကာရံထားသည့် စာအုပ်ဗီရိုတစ်ခုရယ်၊ ဒရင်းဘတ်ဒ် တစ်ခုရယ်သာ ရှိပြီး ရိုးရိုးရှင်းရှင်း။

စာကြည့်ခန်း၏ အပြင်ဘက်တွင်တော့ အပြာရောင်ရေကူးကန်ကြီးကို မြင်နေရကာ စိတ်အေးချမ်းဖွယ်။ ရိပေါ် သူ့ဘက်ကို ကြည့်လိုက်တော့ လည်ဝိုင်းလက်ရှည်အပျော့သားအနက်ကို မျှော့ကြိုးပါသည့် ဘောင်းဘီအနက်နှင့် တွဲဝတ်ထားကာ ခြေချိတ်ထိုင်နေသည့် သူ့ပုံစံက ခန့်ခန့်ညားညား။

ဆံပင်တွေကို အပြောင်သိမ်းကာ ဘေးခွဲထားပြီး စာကြည့်မျက်မှန်တပ်ထားလေသည်။

*ရောက်လာပြီလား..လာ*

သူ့ဘေးနားက ဆိုဖာအနား ရိပေါ် ဝင်ထိုင်လိုက်သည်။ လက်ထဲက ကိုင်လာသည့်ဖိုင်အချို့ကို သူ့အရှေ့ချပေးလိုက်ကာ

*ဘော့စ်ယူခိုင်းတဲ့ စာရွက်စာတမ်းတွေပါ*

ရိပေါ်စကားပြောလိုက်သည်နှင့် လေပူတွေထွက်လာသည်။ အခုမှ ကိုယ်ပူရှိန် ပိုတက်လာသလား ထင်မိသည်အထိ။

*အင်း..ရော့ ငါပြောတာတွေ လိုက်ရေး*

သူက MacBookကို ရိပေါ်ဆီ ထိုးပေးလာ၍ ရိပေါ် ယူလိုက်သည်နှင့် သူ့လက်နှင့်ရိပေါ်၏ လက်သည် အနည်းငယ် ထိသွားလေသည်။ ရှောင်းကျန့်၏ ထူထဲသည့် မျက်ခုံးအစုံက အနည်းငယ် စုကြုံ့သွားသည်။

For..Where stories live. Discover now