တပတ်နေရင်ဂျပန်ကိုသွားရတော့မယ်ဆိုတဲ့အသိကလူကိုနည်းနည်းတော့စိတ်မသက်မသာဖြစ်စေတယ် ။ ကိုကိုပြောလိုက်တဲ့အချိန်တုန်းကစိတ်ကထုံထိုင်းနေတာ အစောကကုတင်ပေါ်မှာဆော့နေတဲ့နှစ်ယောက်ကိုမြင်လိုက်တော့အသက်ရှူတွေပါကျပ်ချင်လာတယ် ။
ဒေါက် ဒေါက် !!
" ဝင်ခဲ့လို့ရတယ် "
ကျွီ !
" ဟို .. ကိုကြီးကပြောပြလိုက်တယ် ဂျပန်မှာကျောင်းသွားတတ်မှာဆို "
" အင်း "
" ဘယ်နှစ်နှစ်လောက်ကြာမှာလဲဟင် "
" ရိုးရိုးစီးပွားရေးဘွဲ့ပဲယူရင်လေးနှစ် "
" ကိုငယ်ကရိုးရိုးဘွဲ့ပဲယူမှာလား "
" ဘာလို့လဲ "
" ဘာမှမဖြစ်ပါဘူး ကျောင်းပိတ်ရက်တွေရောပြန်လာမှာလားဟင် ~ "
ငယ်ငယ်ကတည်းကအတူတူနေလာပြီးရုတ်တရက်ကြီးခွဲရမယ်ဆ်ိုတော့ရှောင်းကျန့်ဝမ်းနည်းနေတာတော့အမှန်ပဲ ။
" ဘာလို့ခေါင်းကငုံ့ထားတာလဲ လာ ဒီကိုလာထိုင် "
ကိုငယ်ကခေါ်သည်မို့သူမှီထိုင်နေတဲ့ကုတင်ခေါင်းရင်းနားသွားထိုင်လိုက်သည် ။
" ခေါင်းမော့လေ "
" ဟင့်အင်း ~ "
" မော့စမ်း !! ဘာဖြစ်နေတာလဲ အသံကရောဘာလို့တုန်နေတာလဲ "
ဆက်ကနဲမေးစေ့ကိုဆွဲမော့ခံလိုက်ရသည်မို့ရှောင်ချိန်လဲမရလိုက်ပါဘူး ။
" အငယ် .. မင်း !! ကျစ် .. မင်းကဘာကိစ္စမျက်ရည်ဝဲနေရတာလဲ "
" ဟင့်အင်း မသိဘူး "
" ကျစ် !! ကိုယ့်မျက်လုံးနဲ့ကိုယ်ဝဲနေတာတောင်မသိဘူးလား "
" … "
" … "
ဘာအသံမှထပ်ထွက်မလာလို့ကိုငယ့်ကိုမော့ကြည့်လိုက်တော့အပြင်ကိုငေးနေလေသည် ။
" ကိုငယ် ~ "
" … "
" အကြာကြီးမတွေ့ရတော့ဘူးဆိုတာသိလို့ဝမ်းနည်းလို့ပါ ~ "
![](https://img.wattpad.com/cover/279470927-288-k622796.jpg)
JE LEEST
Apologize , my baby's father ( Complete )
Overigဒီဇာတ်လမ်းသည်စာရေးသူ၏စိတ်ကူးယဉ်သက်သက်သာဖြစ်သည် ။
Part : 9 [ U & Z ]
Start bij het begin