"သတိရလာပြီလား......”

သူကြားလိုက်ရသည့် အသံလွင်လွင် ချိုချိုလေးကြောင့် မျက်လုံးဖွင့်ကြည့်လိုက်တော့ အဖြူရောင်ဝတ်စုံဝတ်ထားသည့် မိန်းမပျိုတစ်ဦးကိုတွေ့လိုက်ရသည်

သူမ၏ ဖြူဝင်သောအသားအရည်နှင့် ဆန့်ကျင်စွာ ဆံနွယ်လေးများက နက်မှောင်ကာ ကျောလယ်ထိဖြာကျလို့နေလေသည်....
ထို ပိတုန်းရောင်ဆံနွယ်ထက်တွင် လခြမ်းပုံသဏ္ဍာန် ကျောက်စိမ်းဆံထိုးကလေးကိုထိုးပန်ထားသည်....
မျက်နှာတစ်ဝက် ပုဝါပါးအမဲလေးအုပ်ထားသဖြင့် ထိုအမျိုးသမီး၏ မျက်နှာကိုမတွေ့ရ.....
ထိုမိန်းမပျို၏ ဖြူလွလွလက်ကလေးများက
ဆေးရည်ခွက်ကိုလဲကိုင်ထားသည်ကိုတွေ့လိုက်ရသည်

ဒါဆို သူ့ကိုဆေးထည့်ထားပေးတာ Chaeyoung မဟုတ်ဘူးပေါ့....
သူတွေးနေစဥ်

"ဒါလေးကိုသောက်လိုက်ပါ...... ”

သူမကမ်းပေးသည့်ဆေးခွက်ကိုသာလှမ်းယူလိုက်ပြီး ဆေးရည်ကိုမော့သောက်လိုက်သည်
ခါးသက်လှသည့်ဆေးကြောင့် သူမျက်နှာရှုံ့မဲ့သွားကာ

"ခါးလိုက်တာ....” ဟုဆိုလိုက်မိတော့

"ဆေးကခါးမှ အာနိသင်ရှိတာပေါ့.....” သူမကတလုံးချင်းပြန်ပြောလာသည်

"ဒါနဲ့မင်းကဘယ်သူလဲ .....”

"ငါက ခရီးသွားတစ်ဦးလို့ဘဲမှတ်ထားပါ...
အမှတ်မထင်ဖြတ်သွားရင်း မင်းဆီက ညည်းသံကြားလို့ ဒီကိုခေါ်လာပြီးဆေးထည့်ထားပေးတာ.... ငါက သမားတော် တော့မဟုတ်ပေမဲ့ ငါ့ဆေးတွေက ဆေး..ဘု...အဲ သမားတော်ကြီးတွေဆီကရထားတာဖြစ်လို့ မကြာခင်သက်သာသွားမှာပါ....လောလောဆယ်လှုပ်လှုပ်ရှားရှားမလုပ်နဲ့ဦး....”

"ကိုယ့်အသက်ကိုကယ်ထားပေးလို့ ကျေးဇူးတင်ပါတယ် မိန်းကလေး....
ကိုယ့်နာမည်က မာနိုဘန် ပါ......ကိုယ်က....”

"ဂွီ........”
အရေးထဲ ထအော်လာသည့်ဗ်ိုက်ကြောင့် မာနိုဘန်ရှက်သွားကာ

"ဟို...အကျီ်တွေ့မိသေးလား.....” ဟုပြောမိပြောရာပြောလိုက်သည်

"အင်း မင်း အကျီ်မှာ သွေးတွေပေနေလို့ ငါလျှော်ထားပြီး လှမ်းထားပေးတယ် ခနနေခြောက်တော့မှာပါ.... မင်းလဲ ဗိုက်ဆာနေတာဆိုတော့လောလောဆယ် စမ်းချောင်းထဲမှာ ငါးတွေတွေ့လို့ဖမ်းပြီးကင်ထားပေးတယ်....စားလိုက်ပါဦး.... ”
သူမကပြောပြီး ဝါးဖြင် တံစို့ထိုးကင်ထားသည့် ငါးကင်ကို ကမ်းပေးပြီး အပြင်သို့ထွက်သွားလေသည်

The Goddess of LoveWhere stories live. Discover now