Part - 11(Zawgyi)

Start from the beginning
                                    

စည်းချက်ကျကျတီးကာ ရှားကို တစိုက်မတ်မတ်ကြည့်ရင်း ခပ်တိုးတိုးညည်းဆိုမိတော့ ရှက်တတ်လွန်းတဲ့ ဆရာဝန်လေးက မျက်နှာတစ်ခုလုံး ပန်းရောင်သမ်းလို့ နေသည်။ ရင်ဖိုလှိုက်မောမှုတွေ ပေးစွမ်းနိုင်သလို ဒီလိုတသိမ့်သိမ့် နွေးထွေးမှုတွေ ဖြစ်စေနိုင်တာကလည်း မောင့်ရှားတစ်ယောက်သာ ရှိသည်။

ဒီလောကနဲ့ အလွန်ဝေးတဲ့အရပ်တစ်ခုမယ်
သမ္မကျမ်းထဲက ကမ္ဘာဦးသမီးရည်းစားလို
နှစ်ယောက်တည်းနဲ့ တို့ရဲ့တိုင်းပြည်ကို
ထူထောင်ကြမယ်

သီချင်းကို အဆုံးသတ်လိုက်ပြီး ဂီတာကိုဘေးမှာထောင်လိုက်တဲ့အထိ ရှားက သူ့ကိုကြည့်မလာတော့။ ဝရန်တာအပြင်ကနေ မြင်နေရတဲ့ စိန်ပန်းပင်တွေကိုသာ မော့ကြည့်နေသည်မို့ ရှား လက်ကလေးကို ဖွဖွလေးလှမ်းကိုင်မိတော့ ခိုက်ကို မျက်လုံးအဝိုင်းသားနဲ့ ပြန်ငေးကြည့်လာသည်။

" ရှား.. ကိုယ့်ကိုရော တူနှစ်ကိုယ်တိုင်းပြည် ထူထောင်ခွင့်ပေးမယ် မဟုတ်လားဟင် "

ရှား သက်ပြင်းလေးချလိုက်ပြီး ခိုက်လက်ထဲကနေ လက်ကလေးရုန်းထွက်သွားသည်။ ထိုင်နေရာကနေ မတ်တပ်ရပ်လိုက်ပြီး မှန်တစ်ဝက်ကာထားတဲ့ ဝရန်တာဘောင်တန်းပေါ်မှာ တံတောင်ဆစ်ထောက်ထားရင်း လမ်းသွားလမ်းလာတွေကို ငုံ့ကြည့်နေသည်။ ခိုက်လည်း ရှားနည်းတူစွာပင် မတ်တပ်ရပ်လိုက်သည်။ မတူညီတာကတော့ ခိုက်ရဲ့မျက်ဝန်းညိုတွေက ရှားတစ်ယောက်ကိုပဲ ကြည့်နေခဲ့တာပါ။

" ငါ့မှာ စိတ်ကူးထားတဲ့ အရာတွေရှိခဲ့ဖူးတယ်.. မင်း နားထောင်ချင်မလားတော့ မသိဘူး.."

" ကိုယ်က ရှားနဲ့ပတ်သက်ရင် အမှိုက်လေးတစ်ခုကအစ ပါဝင်ပတ်သက်ချင်တဲ့သူပါ "

ရှားကိုစိုက်ကြည့်ပြီး ပြောလိုက်တော့ ရှားကတစ်ချက်ပြုံးပြပြီး ကောင်းကင်ကြီးကို မော့ကြည့်နေသည်။ အချိန်ကြာကြာ မျက်လုံးစုံမှိတ်ထားပြီးနောက်မှာတော့ မျက်ဝန်းထောင့်က မျက်ရည်စ,တို့စီးကျလာသည်။ လက်နက်နဲ့သတ်မှ လူကို သေစေနိုင်တယ်လို့ ခိုက် ထင်ထားခဲ့ဖူးတာ။ ချစ်ရတဲ့သူရဲ့မျက်ရည်က အဆိပ်ပြင်းတဲ့ လက်နက်တစ်ခု ဖြစ်နေလိမ့်မယ်လို့ ခိုက် ဘယ်တုန်းကမှ တွေးမထားခဲ့။ ငိုကြွေးနေတာက ရှားဆိုပေမယ့် ရင်နာနေရတာက ခိုက်ဖြစ်သည်။

My Step-mom's EX becomes My HUSBAND [[ Complete ]]Where stories live. Discover now