🍁Daffodils အပိုင်း(၂၅)ဆင်တူဝတ်စုံရာဇဝင်

Start from the beginning
                                    

"ဟုတ်ကဲ့...အစ်မ...သြော်...အစ်မခဏလေး"
မိုးပင်လယ်ထွက်သွားတော့မယ့်နန်းကြာရွက်ကိုလှမ်းခေါ်တားလိုက်ကာအနားကိုသွားလိုက်ပြီး...
"ကျွန်တော်အကူအညီတောင်းစရာလေးရှိလို့"

"ဟုတ်ကဲ့.."

"ကျွန်တော် အင်းလေးသားဝတ်စုံ ၂စုံလောက်လိုချင်လို့..ယောင်္ကျားလေးဝတ်၂စုံလောက်...အဲ့ဒါ ကျွန်တော်ခုလိုက်ဝယ်လို့ရလား"

"ရတာပေါ့..လာသွားကြမယ်"

"ဟုတ်ကဲ့ ခဏလေးကျွန်တော် ပိုက်ဆံအိတ်သွားယူလိုက်ဦးမယ်"
မိုးပင်လယ်အထဲကိုပြန်ဝင်ကာ ပိုက်ဆံအိတ်ယူပြီး တစ်ခါထဲပြန်မထွက်နိုင်သေးဘူး။ပျော့ခွေနေတဲ့လူအုပ်ကြီးကို အခန်းထဲသွားနားဖို့ဆော်သြရသေးတယ်။ဆော်သြလဲအပိုပဲဆိုတာ သူသိပါတယ်..တစ်ယောက်မှကို ထမလာကြဘူး။သဒ္ဒါနဲ့ဖြူနှင်းနှစ်ယောက်ကတော့ တစ်ယောက်နဲ့တစ်ယောက်မှီပြီးအိပ်တောင်ပျော်နေပြီထင်တယ်။

ဒါပေမဲ့ အဲ့လူတွေဘယ်လိုဖြစ်ဖြစ်သူနဲ့မဆိုင်ပါဘူး..သူနဲ့ဆိုင်တာ သူဂရုစိုက်တာနွေဦးပဲ။မျက်ခုံးထိစပ်လုမတပ် ကျုံ့ထားတဲ့ သူ့ကောင်လေးနားကို မိုးပင်လယ် တိုးတိုးလေးကပ်သွားလိုက်ပြီး လက်မနဲ့လက်ညိုးကိုသုံးကာ မျက်ခုံးကိုဖွဖွလေး ပြန့်ြပူးသွားအောင်လုပ်လိုက်တော့ နှုတ်ခမ်းရဲရဲလေးရဲ့ထောင့်လေးကမသိမသာလေးကော့တက်သွားတယ်။ခုနောက်ပိုင်း နွေဦး မကြာခဏပြုံးတတ်လာတယ်ဆိုပေမဲ့ သူကလဲအဲ့အပြုံးလေးတွေကိုမြင်တိုင်း ရင်တွေတဒိုင်းဒိုင်းခုန်နေတုန်းပဲ။

နွေဦးက သူ့လက်ကို လှမ်းကိုင်ပြီး မျက်လုံးမဖွင့်ပဲပြုံးစိစိနဲ့ ဆက်နေနေသေးတယ်။
မိုးပင်လယ် ခပ်တိုးတိုးပြောလိုက်တယ်..."နွေဦး..အခန်းထဲသွားအိပ်ပါလား...ထိုင်ခုံကြီးမှာအိပ်မနေနဲ့"

"• • •"
သူ့ကိုဘာမှပြန်မပြောဘဲ ဆက်အိပ်နေတဲ့နွေဦးကိုမိုးပင်လယ်အသဲယားသွားတယ်။လူကြားထဲမှာ ထိုင်နေလို့ သူ့ကိုဘာမှမလုပ်ဘူးများထင်နေလားမသိဘူး။မိုးပင်လယ်ခါးကိုကိုင်းပြီး နွေဦးပါးကိုဖျတ်ခနဲနမ်းလိုက်တော့ မျက်လုံးဝိုင်းဝိုင်းလေးတွေပွင့်လာတယ်။မိုးပင်လယ်ခါးကိုပြန်မမတ်ဘဲ နွေဦးမျက်နှာလေးကိုအနီးကပ်ကြည့်နေမိတယ်။မျက်နှာနှစ်ခုကအရမ်းနီးလွန်းတာကြောင့် သူတို့ရဲ့ဝင်လေထွက်လေတွေအကုန်လုံးဟာ တစ်ယောက်ကိုတစ်ယောက်ရိုက်ခတ်နေပြီး နှလုံးခုန်သံကလဲတဒုန်းဒုန်း...

?Daffodils[Complete]Where stories live. Discover now