Little things about him

828 97 8
                                    





" experiment ပြီးတဲ့လူတွေ record ထပ်ပြီးရင်ပြန်လို့ရပြီ "


Professor ၏အသံနောက် lab ခန်းထဲကဂျူတီကုတ်နှင့်ကျောင်းသားတချို့၏ထိုင်ခုံမှထလိုက်သံကိုကြားရသည်။


Jongin လည်း Partner မရ၍တစ်ယောက်ထဲအစအဆုံးလုပ်ရသည့် Jongin ကဖားရဲ့ဗိုက်ကို ဂရုတစိုက်ပြန်ချုပ်ပေးနေစဲ။ အမှန်တိုင်းပြောရလျှင် စိတ်သိပ်မရှည်တော့ ပြန်ချင်စိတ်ကခန္ဓာကိုယ်၏တစ်စိတ်တစ်ပိုင်းကိုယားယံစေသည်။


ပြတင်းပေါက်နားစုကာအပြင်ဖက်ကိုကြည့်ပြီးတခစ်ခစ်ဖြစ်နေသည့်ကောင်မလေးအသံတွေကစိတ်ရှပ်မှုကိုပိုလာစေသည်။


ချည်ကိုကပ်ကြေးနှင့်ညှပ်လိုက်ပြီး အတန်းဖော်ကောင်မလေးတွေကိုမော့ကြည့်တော့ ထိုကောင်မလေးတွေက Jongin ကိုအရယ်တစ်ဝက်နှင့်


"Jonginna ဟိုကောင်လေး မင်းကိုစောင့်နေပြန်ပြီ" ဟုပြောသည်။ ပြီးနောက် ပြတင်းပေါက်ဖက်ပြန်လှည့်သွားပြီး တစ်ခစ်ခစ်နှင့်။ Professor ကလည်း ပြုံးတုံ့တုံ့နှင့်မျက်ခုံးတစ်ချက်ပင့်ပြသည်။


" ကဲ Jongin... Romeo က ဒီနေ့လဲစောင့်နေပါပြီတဲ့ "


Professor ၏အမူအရာနှင့်ပြောပုံကြောင့် Jongin ရယ်ချင်သွားပေမယ့်စိတ်ထိန်းကာတည်ထားရသည်။ မဟုတ်လျှင် Professor နှင့် lab ခန်းထဲကျန်သည့်ကောင်မလေးများ၏ အစအနောက်သန်မှုကြောင့် Jongin နေစရာမရှိဖြစ်မည်ကြောင့်။








လွယ်အိတ်ထဲမဆံ့သည့် ဖတ်စာအုပ်အထူကြီးကိုလက်မှာပိုက်ကာ ခြေလှမ်းတွေကိုသတိထားမိသည်။ ကျောင်းဆောင်ထဲမှအပြင်ကိုအရင်လှမ်းချောင်းကြည့်တော့ basketball အသင်း၏ pullover ဝတ်ကာ ချယ်ရီပင်အောက်ရပ်နေသည့်ထိုကောင်လေးကိုတွေ့ရသည်။ ရုတ်တရက်ရှက်စရာကောင်းသွားသည်က Jongin လှမ်းချောင်းကြည့်သည်နှင့်အချိန်ကိုက် သူကဖုန်းကြည့်ရာမှခေါင်းထောင်လာသည်ကြောင့် Jongin ချောင်းနေသည်ကိုသူကမိသွားသလိုဖြစ်သွားသည်။ ထိုထက်ပိုဆိုးသည်က Jongin ချက်ချင်းနံရံနောက်ပုန်းမိလိုက်ခြင်းပင်။


ကောင်လေး၏အမူအရာတွေကို ရင်းနှီးစပြုနေပြီဖြစ်၍ ခပ်စစပြုံးကာခေါင်းခါမည်ကိုတွေးမိသည့်အခါ အလကားနေတောင်ရှက်နေတတ်သည့်အကျင့်နှင့် Jongin နားရွက်ဖျားများပါနီတက်လာသည်။


" Ah… ရှက်စရာကြီး.. ဒီကဘယ်လိုထွက်ရတော့မှာတုန်း "


နံရံမှာကျောကိုကပ်လိုက်ပြီး လက်မှာပိုက်ထားသည့်စာအုပ်ထူကြီးနှင့်မျက်နှာကိုဖွက်မိသည်။


" ကျွန်တော့်ကိုရှောင်နေတာလားခင်ဗျာ "


မျက်စိတစ်မှိတ်လောက်သာကြာလိုက်သည့်အချိန်အတွင်း ရှေ့တည့်တည့်ကကြားလိုက်ရသည့်အသံကြောင့် Jongin တောင့်သွားသည်။ ထို့နောက် softener အနံ့သင်းသင်းလေးကိုရလာသည်။


မျက်နှာကိုစာအုပ်အောက်ဖွက်ကာအတောင့်လိုက်နေနေပြီးမှ စာအုပ်ကိုမျက်လုံးတွေပေါ်လာသည်အထိ အောက်သို့လျှောချမျက်နှာချင်းဆိုင်ကလူမျက်နှာကို မရဲတရဲကြည့်လိုက်သည်။ မြင်ကွင်းထဲက ထိုကောင်လေးက ဖြူစင်၍ခပ်စစနိုင်သည့်အပြုံးနှင့်ဂျုံအင်းကိုကြည့်နေလေသည်။


" ဟင့်အင်း "


" ဒါဆို ကျွန်တော့်ကိုချောင်းနေတာလားခင်ဗျ "


" ဟုတ်—... မဟုတ်ပါဘူး "


ရယ်သံသဲ့သဲ့နောက် စနောက်ခံလိုက်ရသည့် Jongin အရှက်ပြေ ဖတ်စာအုပ်ကိုမျက်နှာပေါ်ကဖယ်ကာ မတ်မတ်ရပ်လိုက်သည်။


" Sehun က ဒီကိုဘာလာလုပ်တာလဲ "


" အစ်ကို့ကိုလာတွေ့တာလေ "


တဲ့တိုးပြောချလိုက်သည်ကြောင့် Jongin တစ်ခဏအံ့ဩဟန်ဖြစ်သွားသည့်မျက်နှာကိုပြန်ထိန်းကာကျောင်းဆောင်ထဲကထွက်လိုက်သည်။ Sehun က Jongin ကိုလိုက်နေမှန်း တစ်ကျောင်းလုံးသိသော်လည်း Sehun က ဖွင့်ပြောထားသည့်အခြေအနေမဟုတ်တာကြောင့် စကားအများစုမှာ သွယ်ဝိုက်အရိပ်အယောင်ပြသည်များထက်မပိုခဲ့တာကြောင့် တဲ့တိုးပြောသည့်စကားများကိုကျင့်သားတော့မရပါ။


" ဒီနေ့ training မရှိဘူးလား " 


Sehun က Jongin ဘေးသတိထားစွာလျှောက်သည်။ ကသိကအောက်မဖြစ်ရအောင်မေးခွန်းမေးလိုက်သော်လည်း အသိစိတ်ဟာစာအုပ်မပိုက်၍ချထားသည့်လက်တစ်ဖက် Sehun ၏လက်နှင့်မတော်တဆထိထိသွားသည့်ခံစားချက်ပေါ်။


" အဲ့တာပြောမလို့ မနက်ဖြန်ပြိုင်ပွဲရှိတာမလို့ ဒီနေ့မှာစရာရှိတာမှာပြီး rehearsal တစ်ပွဲနဲ့ပေးနားလိုက်တာ။ ပွဲက ၃ နာရီမှ...အစ်ကိုလာကြည့်မယ်မလား "


" ၃ နာရီ ? "
Jongin အတန်းရှိတာပဲ...။ Sehun ကိုကြည့်လိုက်တော့ မျှော်လင့်နေသည့်မျက်လုံးများကိုတွေ့ရတော့ Jongin ပြောရမည်ကိုတုံ့ဆိုင်းသွားသည်။


" မအားတာလားဟင် ? "


" ကျွန်တော်... လာလို့ရရင်လာခဲ့မှာပါ "


" မလာနိုင်လဲရပါတယ်.. လာရင်တော့ပျော်မှာဆိုပေမယ့်လို့ "


Sehun က လူကိုစိတ်မကောင်းဖြစ်အောင်လုပ်တတ်တာပဲ။


" ဒါမှမဟုတ် ဒီညနေအားလားဗျာ "


" ဒီည..? ဘာအတွက် ? "
ယောက်ျားလေးအဆောင်ကိုလျှောက်သည့်လမ်း၏တစ်ဖက်တစ်ချက်တွင် ချယ်ရီပင်များရှိလေသည်။


" ကျွန်တော်နဲ့အတူအပြင်ထွက်လို့ရမလား... ဘာမှထွေထွေထူးထူးမဟုတ် ဒီတိုင်းလျှောက်လည်ရုံပါပဲ..." Sehun က Jongin မျက်နှာကိုသေချာကြည့်ရင်းခွင့်တောင်းသည်။


" မနက်ဖြန်အတွက် ကျွန်တော့်အားဆေးလေးပေါ့ "


အို... Sehun ကစကားလည်းတတ်သေးတယ်။


တခြားသူသာဆို Jongin တန်းငြင်းမှာဆိုပေမယ့် ကောင်လေးရဲ့အရှိန်အဝါတစ်ခုဟာ Jongin ကိုလိုက်လျောချင်စိတ်ခဏခဏဖြစ်စေသည်။ လက်ပတ်နာရီနှင့်အချိန်ဇယားကြည့်ကာ အချိန်တွက်ကြည့်ရသည်။


" မရဘူး.. Sehun.. ကျွန်တော်ဒီညစာကျက်ရမှာ မနက်ဖြန် tutorial ရှိတယ် "


Jongin က full scholar ကျောင်းသား။ ဆိုလိုတာက ကျောင်းလခကအစမုန့်ဖိုးအဆုံးထောက်ပံ့ကြေးရပေမယ့် campus ထဲမှာပဲနေရပြီး ဘယ်ဘာသာတစ်ခုမှ B ထိလို့မရတဲ့အခြေအနေ။


" ဟူး... ဆေးကျောင်းသားကိုချစ်ရတာ မလွယ်ပါလား... "


စကားနောက် Jongin နားရွက်တွေနီတက်ရတယ်။ Sehun ဒီနေ့ဘာလို့တဲ့တိုးနိုင်နေရသလဲ။


" ဒါဆိုလည်းကောင်းကောင်းစာလုပ်ပါဗျာ.. ကျွန်တော်ပြန်တော့မယ် "


နည်းနည်းစိတ်မကောင်းဖြစ်မိသလိုပဲ... Sehun က Jongin ကိုခံစားချက်တွေတစ်မျိုးပြီးတစ်မျိုးခံစားရအောင်လည်းလုပ်နိုင်သေးတယ်။


လှည့်ထွက်သွားတဲ့ကျောပြင်ရဲ့ပခုံးပေါ် ချယ်ရီပွင့်ဖတ်တစ်ချို့ကျနေသည်။ ပြန်လှည့်ကြည့်ပါအုံး... တစ်ခါလောက်...


" Sehun… ခဏ... "


ခြေလှမ်းမြန်တချို့နှင့်အင်္ကျီစကိုဆွဲကာတားလိုက်ခါမှ မျက်နှာချောချောဟာလှည့်ကြည့်လာသည်။


" ဟုတ်ကဲ့...? "


Sehun မျက်နှာချင်းဆိုင်ထိလှည့်လာပြီး Jongin ဘာပြောမလို့လဲကိုစောင့်ခါမှ... ရုတ်တရက်ဘာပြောရမယ်မှန်းမသိ နားရွက်နီတက်လာရပြန်သည်။ ပြီးမှ လက်မြှောက်ကာ Sehun ပခုံးကိုအားပေးသည့်အနေဖြင့်ပုတ်ရင်း...


" ဟို... ကောင်းကောင်းဆော့ခဲ့ပါ... ဟိုတစ်ခါကလိုဒဏ်ရာလည်းမရစေနဲ့အုံး "


ထိုခါ ကောင်လေးမျက်နှာကလင်းသွားကာ အပြုံးကျယ်လာပြီး ပခုံးပေါ်ကဂျုံအင်းလက်ကိုဆွဲယူလို့သူ့နှုတ်ခမ်းနားကပ်ကာခပ်ဖွဖွနမ်းသည်။


" အစ်ကိုက ဆရာဝန်ပေါက်စပဲဟာ ကျွန်တော်ဒဏ်ရာထပ်ရလာရင် အစ်ကို့ဆီလာ အစ်ကိုဥုံဖွလုပ်ပေးမယ်လို့ပြောရမှာမဟုတ်လား "


အနမ်းခံရလို့ ပါးတွေပါနီနေသည့်ကြားက Sehun ရဲ့ကလေးဆန်ဆန်စကားကို ဂျုံအင်းသဘောတကျရယ်မိသည်။


" ဘာမှမထိခိုက်တာကအကောင်းဆုံးပေါ့ Sehun ရဲ့ "


" ဟုတ်ပါပြီခင်ဗျာ... ဆရာဝန်လေးမှာတာကိုသတိရနေပါ့မယ် "


" Jongin! Oh…"


အိပ်ဆောင်ထဲမှလှမ်းခေါ်သံပြီးနောက် Jongin အပြင် Sehun ကိုပါမြင်တော့ရပ်သွားသည့်အသံ။


" ညစာစားချိန်ကုန်တော့မယ် Kim မျိုးနွယ်ရေ "


ထိုခါ Sehun က Jongin လက်ကိုမလွှတ်ချင်လွှတ်ချင်နှင့်လွှတ်ပြီး


" ဒါဆို အစ်ကိုကောင်းကောင်းစားပါ...ကျွန်တော်တကယ်ပြန်ပါတော့မယ် "


ဒီတစ်ခါတော့ Sehun လှည့်ကြည့်လှည့်ကြည့်နှင့်ချယ်ရီပင်တန်းအောက်ကပြန်သွားသည်။


အခန်းတံခါးပိတ်လိုက်ပြီးမှာ နှုတ်ခမ်းနှင့်ထိ၍နွေးသွားသည့်လက်ကိုပြန်ထိတွေ့ရင်း Jongin ပြုံးမိသည်။ ပြီးနောက်စာအုပ်ပေါ်ခေါင်းမှောက်ချရင်းအသံမျိုးစုံထွက်လာတော့သည်။








" ဟယ်လို ... Kim Jongin လားခင်ဗျာ.. ပဲခေါက်ဆွဲမှာထားလို့လာပို့ပေးတာပါ... ဘယ်အလွှာမှာလဲမသိဘူးခင်ဗျ "


ဖုန်းကိုင်လိုက်သည့်နောက်ထွက်လာသောအသံကြောင့် Jongin ကြောင်သွားသည်။


" တစ်ခုခုမှားနေတာလားမသိဘူး... ကျွန်တော်ဘာမှမမှာထားပါဘူး "


" ခင်ဗျာ? ခဏနော်ကျွန်တော်..."
ဖုန်းချသွားသည်။ ထိုနောက်မိနစ်အနည်းငယ်အကြာတွင်... ဖုန်းကတောင်ကနဲမြည်လာသည်။


From ကျောနံပါတ် 94 :
ကျွန်တော် ပဲခေါက်ဆွဲစားရင်း အစ်ကိုကိုသတိရမိလို့ပါဗျာ... အစ်ကိုကစာကြည့်ပြီးညဉ့်နက်ရင် ဟိုတစ်ခါကလို အစာအိမ်နာမှာစိုးလို့...


From ကျောနံပါတ် 94 :
အဲ့လိုထပ်မဖြစ်ရအောင် ဗိုက်ဆာလာရင်စားဖို့ပို့ပေးလိုက်တာပါ။


Text တွေကိုဖတ်ပြီး ရင်ထဲမှာနွေးရတဲ့အချိန်ဆို ဒီအချိန်ပဲဖြစ်မယ်ထင်တယ်။


Sehun က ချစ်တဲ့အကြောင်းကို ချစ်ကြောင်းမပါစေပဲလည်းဖော်ပြတတ်သေးတယ်။




×××




Jongin, Sehun ကိုစသိတာလွန်ခဲ့တဲ့လ ကျောင်းကအိမ်ကွင်းအနေနဲ့ ဘောလုံးပွဲပြိုင်ကြတုန်းက။ ကျောင်းပွဲလေးသာမို့ international လို med အဖွဲ့ကြီသီးသန့်ရှိသည်မဟုတ်။ School infirmary နှင့်ချိတ်ထားသည့် med အဖွဲ့နှင့်သာချိတ်ဆက်လုပ်ဆောင်သည်။ ထိုနေ့က လုပ်အားပေးကြက်ခြေနီတစ်ယောက်မလာနိုင်တာမို့ ထို med အဖွဲ့ထဲ Jongin အားဖြည့်ရရင်းက ဒီကောင်လေးတည်ရှိနေမှုကိုစသတိထားမိတာဖြစ်သည်။ 


အိမ်အသင်းကရှုံးလျှင် မျက်နှာပန်းမလှဟု ခေါင်းထဲရိုက်သွင်းခံထားရသည်ကြောင့် တစ်ဖက်အသင်းကကသီကသီလေးပိုသာနေသည့်အခါ ပွဲကြည့်ပရိတ်သတ်ရော ကွင်းထဲဆော့နေသူများပါသွေးပွက်နေကြချိန်ဖြစ်သည်။ ၁၅ မိနစ်နားခြင်းအပြီး ဒုတိယပိုင်း၏ပထမမိနစ်များတွင်ပဲ ပြင်းထန်သောတိုက်မိခြင်းကြောင့် ခြေချင်းဝတ်လည်ပြီးခေါက်သွားသည့်ကစားသမားတစ်ဦး...


ဝီစီမှုတ်ခြင်းနောက် Jongin တို့ med အဖွဲ့ equipment အပြည့်အစုံနှင့် လဲသွားသည့်ကစားသမားဆီပြေးရသည်။


လေရအောင်ယက်ခတ်သူကခတ်၊ အသက်ရှူနှင့်သွေးခုန်နှုန်းမှန်လားစမ်းသူကစမ်းနှင့်ပြီးမှ အဓိကလုပ်အားပေးက ခြေချင်းဝတ်ကိုစမ်းကာ ကျောနံပါတ် 94 ကိုမေးခွန်းများလည်းမေးနေသေးသည်။


သို့သော်အသက်လုရှုနေ 94 ၏မတည်ငြိမ်သည့်မျက်ဆံတွေကဟိုရောက်သည်ရောက်။ Jongin ကျောကုန်းကနေရေဘူးဖွင့်ကာလောင်းချလိုက်တော့ ကိုယ်ကတစ်ချက်တုန့်သွားကာ Jongin ကိုမော့ကြည့်လာသည်။


ထိုကစလို့ Sehun ဟာ ကွင်းထဲ med treatment မှ school infirmary ရောက်သည်အထိ Jongin ကိုပဲကြည့်နေတော့တာဖြစ်သည်။


" နာလား... "


" ဟုတ် "


" မခံစားနိုင်လောက်အောင်နာလား ? "


" ဟင့်အင်း "


" မတည့်တဲ့ဆေးရှိလား "


" မသိဘူး "


" Oh Sehun! ဘာလို့မေးသမျှကို ဖြစ်သလိုဖြေနေတာလဲ!" ဆရာဝန်မရဲ့အသံကတစ်ချက်စူးသွားပေမယ့် Sehun ကသိပ်ဂရုမစိုက်သလို Jongin ကိုကြည့်ပြီး ...


" အစ်ကို့ နာမည်ဘယ်လိုခေါ်လဲဟင် "


" Jesus Christ! ခြေထောက်ကဖြင့်ထောက်မရတော့တာကိုတောင် မင်းစိတ်ဝင်စားတာကအဲ့တာလား? "


" ကျွန်တော်က ဒုတိယနှစ် Oh Sehun ပါ "
Sehun ရဲ့ဆံပင်တိုတိုတွေကချွေးတွေနဲ့စိုနေပြီး သွားစွယ်တွေပေါ်အောင်ပြုံးကာ Jongin ကိုလက်ဆွဲနှုတ်ဆက်ဖို့လက်ကမ်းသည်။


" ဟဲ့! ငါ့ကိုရှေ့ထားပြီးဖွန်ကြောင်နေ.. ဒုက္ခပါပဲ.. ကျောင်းအုပ်ရေ "


" Kim… Jongin ပါ "
ဆရာဝန်မ၏စကားကို Jongin ရယ်မိရင်း လက်ဆွဲပြန်နှုတ်ဆက်လိုက်သည်။


" အင်း... မင်းတို့ကိစ္စပြီးရင် ငါ့ဖက်လှည့်လာအုံး "


Jongin ရယ်ချင်ရယ်ချင်နှင့်ခေါင်းဆတ်ပြလိုက်ခါမှ Sehun ကနားရွက်တစ်ချက်နီသွားပြီး ဆရာဝန်မဖက်လှည့်သည်။


" ကြည့်ရသလောက်ကတော့ အရမ်း severe မဖြစ်ဘူး... ကံကောင်းသွားတယ်မဟုတ်ရင် မင်းတစ်နှစ်လုံးနားရတော့မလို့ " ဆရာဝန်မက သူ့ခြေချင်းဝတ်အောက်ခေါင်းအုံးခုကာ နှာခေါင်းရှုံ့သည်။ " ဘောလုံးသမားခြေထောက်လားမပြောရဘူး နံလိုက်တာ "


ပြီးနောက် ဆရာဝန်မ၏အကြည့်ဟာ Jongin ပေါ်ရောက်လာပြီး မကောင်းသည့်အငွေ့အသက်နှင့်ပြုံးလိုက်သည်။


" ဂျူနီယာလေး... "


အကြောင်းသိနေသည့် Jongin တံတွေးမျိုချမိသည်။


" ဟ-ဟုတ် ? "


" လုပ်ရမှာက Elastic band စီးပြီး ibuprofen တိုက်ရမှာသိတယ်မလား..."


" ဟုတ်...? "


" ibuprofen ကအစာရှိမှရတာဆိုတော့ ဒီကစီနီယာကအနစ်နာခံပြီး အစားတွေသွားဝယ်ပေးမယ်။ အဲ့တာကြောင့် ဂျူနီယာလေးက ခြေထောက်သန့်ရှင်းရေးကို တာဝန်ယူပြီးပတ်တီးစီးပေးလိုက်နော် " ပြောပြီးသည်နှင့် ဆရာဝန်မကခြေထောက်နံ့မခံနိုင်သလိုနှာခေါင်းရှုံ့ကာခပ်မြန်မြန်ထထွက်သွားသည်။


သူ သန့်ရှင်းရေးမလုပ်ချင်လို့လူလည်ကျသွားတာများ...


Jongin mask တပ်ပြီး wet tissue ထုပ်ယူကာ Sehun ခြေဆင်းထိုင်နေသည့်ကုတင်ခြေရင်းနားထိုင်လိုက်သည်။


" ဟို... အားနာစရာဗျာ.. ကျွန်တော်ကိုယ်တိုင်လုပ်လိုက်ပါမယ် " အရှေ့ကိုကိုင်းလာသည့်ကိုယ်ကြောင့် ခြေချင်းဝတ်မှာ weight အနည်းငယ်ပိသွားပုံပေါ်သည်။ နာကျင်သည့်အသံတစ်ခုထွက်လာသည်။


" မလှုပ်နဲ့... လှဲနေ..အနာကျက်တာကြာသွားမယ် "


နာမှာစိုးသည်ကြောင့် ခပ်ဖွဖွကိုင်တွယ်ကာ wet tissue နှင့်ပွတ်သပ်တော့ အထိအတွေ့အောက်တုန်သွားသည်ကိုသတိထားမိသည်။


ထိုညနေကလူနာကြည့်ပေးရသည်မှာ ထိုတင်မပြီးခဲ့။ ဆရာဝန်မပြန်လာ၍အစားစား၊ ibuprofen သောက်ပြီး အိမ်ကလာကြိုသည်ဆိုသည်ကြောင့် ဂျိုင်းထောက်တစ်ဖက်နှင့် Sehun ကို campus gate ထိလက်တစ်ဖက်တွဲကာလိုက်ပို့ရသည်အထိ။ ကြက်ခြေနီတစ်ယောက်မလာနိုင်ခြင်းနှင့် Nurse တစ်ယောက်ပျက်ကွက်ခြင်းဟာ Sehun ကို Jongin ဆီခေါ်လာပေးဟန်တူသည်။




×××




စာဖြေပြီးတာနဲ့ထွက်လို့ရပြီဆိုတာကြောင့် ဘောလုံးပွဲဒုတိယပိုင်းလောက်တော့မှီနိုးနိုးနှင့်ခပ်လောလောထွက်လာမိသည်။ လူတချို့ကိုကျော်ခွရင်းလွတ်သည့်နေရာဝင်ထိုင်ပြီး မျက်လုံးကကျောနံပါတ် ၉၄ ကိုအရင်ရှာသည်။ ပွဲထဲသိပ်အာရုံရောက်နေသည်ကို တွန့်ချိုးနေသည့်မျက်ခုံးတွေကတစ်ဆင့်သိရမှ Jongin မျက်နှာပေါ်အပြုံးသေးသေးရောက်လာသည်။





" Sehun ကတော်တာပဲ "


ဒီနေ့ပွဲနိုင်တယ်။ ဘောလုံးသမားတွေဆီဝိုင်းအုံအားပေးတဲ့လူတွေမှန်သမျှကုန်စင်သွားမှ Jongin အနားကပ်ခွင့်ရတယ်။ Sehun ကိုယ်တိုင်ကလည်း Jongin မလာနိုင်မချင်းလူအုပ်ကုန်သွားတဲ့အထိစောင့်ရှာပါတယ်။


" အစ်ကို Sehun …"
အသံသေးသေးကြောင့်အကြည့်ကိုအသံလာရာလွှဲတော့ကောင်မလေးသေးသေး... လက်မှာဂုဏ်ပြုပန်းစည်းကိုင်လို့... နှင်းဆီတွေကအနီရောင်ရယ်ပါ။


" ပွဲနိုင်မှာကြိုသိလို့ပြင်လာခဲ့တာ... ဂုဏ်ပြုပါတယ်ရှင် "


" ကျေးဇူးပါခင်ဗျ " 


" ဟို... ကျွန်မ အစ်ကို Sehun… ကိုသဘောကျတယ် " ခဏတုံ့ဆိုင်းပြီးမှ ကောင်မလေးကပြတ်ပြတ်သားသားပြောသည်။ Sehun ကချက်ချင်း Jongin ကိုလှည့်ကြည့်သည်။


" ဟို... ညီမ...သဘောကျပေးတဲ့အတွက်ကျေးဇူးပေမယ့် အစ်ကို့မှာသဘောကျနေတဲ့လူရှိတယ်ဗျာ.. အစ်ကိုအားနာပါတယ် "


" မဟုတ်တာ... ဒါတွေသိပြီးသားပါ... ဒီတိုင်းပြောပြချင်လို့ပြောပြာရုံပါ... ဒါဆိုခွင့်ပြုပါအုံး "


" ကောင်းကောင်းပြန်ပါ "


Sehun ကသိပ်ကိုပေါ်ပြူလာဖြစ်လည်းဖြစ်သေးတယ်။


" ဒီညကျွန်တော့်သူငယ်ချင်းတွေက club သွားကြမယ်ဆိုပြီးခေါ်နေလို့ အဲ့တာအစ်ကိုအားလားခင်ဗျ "


" ကျွန်တော်... " club ဆိုတာ ဘယ်တုန်းကမှ ဂျုံအင်းနှင့်အပ်စပ်သည့်အရာမဟုတ်ခဲ့။ ခုနကလေးတင်ပဲ Jongin စိတ်နောက်ကျိသွားရသည်ကြောင့် လူများသည့်နေရာသွားဖို့ဆိုပိုလို့ဆိုး။ " club သွားရလောက်အောင်ထိတော့မအားဘူး "


" ဟင်... ဒါပေမယ့် အားတော့အားတယ်မလား "


" အားပေမယ့်.. ကျွန်တော်လူများပြီးဆူညံတဲ့နေရာတွေမကြိုက်ဘူး Sehun "


" ဒါပေမယ့်... ကျွန်တော်က... ကျွန်တော်ကသူတို့နားပျက်ကွက်တာများနေပြီမလို့ ဒီနေ့တော့သေချာပေါက်လိုက်မယ်ကတိပေးထားမိတာ "


ပျက်ကွက်တာများတယ်ဆိုတာ Jongin ကြောင့်ပဲဆိုတာလူတိုင်းသိသည်။ အမြဲတမ်းလိုလို campus အစွန်းကိုလျှောက်ပြီး Jongin ကိုလာတွေ့တိုင်း သူငယ်ချင်းနဲ့အချိန်ကုန်ဆုံးဖို့မဖြစ်နိုင်ရှာမှန်း Jongin ရိပ်မိတာကြာပြီ။


" ဒါဆိုလည်း ဒီညသူငယ်ချင်းတွေကိုအချိန်ပေးလိုက်ပေါ့ .. ကျွန်တော်လည်းအဆောင်ပြန်တော့မယ် "


" မဟုတ်တာ... ကျွန်တော်ဖျက်— "


" မဖျက်ရဘူးလေ... သူငယ်ချင်းတွေကိုလည်းအချိန်ပေးလိုက်ပါအုံး..."


" ဒါဆိုလည်း အဆောင်ထိလိုက်ပို့ခွင့်တော့ပြုပါဗျာ "






အဆောင်ထိရောက်ပြီးလို့ ချယ်ရီပွင့်ဖတ်တွေကြွေသည့်အောက် တရွေ့ရွေ့ကျောပြင်ကိုငေးပြီး Jongin တို့ဆက်ဆံရေးကိုဖော်ပြသည့်စကားလုံးကိုစဉ်းစားမိသည်။


" လိုရင်းမရောက် "


လိုရင်းမရောက်တာဖြစ်သည်။ Sehun , Jongin သဘောကျနေတာကိုလူတိုင်းသိသလို Jongin ဖွင့်ပြောရင်လက်ခံမယ်ဆိုတာလည်းလူတိုင်းသိသည်။ သို့သော် လိုရင်းမရောက်ပါ...။ လိုရင်းမရောက်နိုင်ပါ။



ရည်းစားမထားချင်ပေမယ့် ရည်းစားလိုတော့နေချင်ကြတဲ့လူများစွာနှင့်ကြုံဖူးပြီးပြီးကြောင့် Sehun သည်လည်းထိုထဲတစ်ယောက်ဖြစ်နေမည်ကိုစဉ်းစားမိလျှင် စိတ်သောကရောက်သလို့ဖြစ်ရပြန်သည်။





×××




" Jongin… အပြင်မှာစောင့်နေတဲ့ကောင်မလေးက မင်းကိုစောင့်နေတာတဲ့ " အပြင်တကြည့်ကြည့်ရှိသည့် အတန်းဖော်မလေးများက အပြင်မှာစောင့်နေတာကြာပြီဟုဆိုကာစပ်စပ်စုစုသွားမေးမြန်းပြီးမှ ထပ်ကြားရသည့်စကား။



" Jongin တို့တော့ ဒီရက်ပိုင်များစွံချက်ပဲ "



ဘာကိစ္စလဲမသိစွာအပြင်ထိရောက်ပြီးမှ မြင်ရသည့်ကောင်မလေးမျက်နှာကြောင့် Jongin, Sehun ကိုတန်းစဉ်းစားမိသည်။


" စီနီယာ...Kim Jongin "


" ဟုတ်ကဲ့... ကိစ္စလဲမသိဘူး "


" မေးချင်တာရှိလို့ပါ "


" မေးပါခင်ဗျာ "


" အစ်ကို Sehun နဲ့တွဲနေပြီလားရှင့် "


မျှော်လင့်ထားပြီးသားဖြစ်သော်လည်း Jongin ရပ်တန့်ရသည်။ စိတ်ပြင်ဆင်ရသည်။


" ကိုယ်တို့က အဲ့လိုဆက်ဆံရေးမဟုတ်ပါဘူး "


" အခုထိတောင်မတွဲကြသေးတာလား? "


" ..."
Jongin ဘာမှမဖြေ။ ဖြေစရာလည်းလိုသည်ဟုမထင်။


" ကျွန်မ... ကျွန်မပြောချင်တာရှိလို့ပါ... စိတ်မခုဖို့မျှော်လင့်ပါတယ်။ ကျွန်မလည်းစိတ်ပြတ်ချင်ပြီမလို့ပါ... အကယ်၍ အစ်ကို Sehun ကိုသဘောကျတယ်.. တွဲဖို့အစီအစဉ်ရှိတယ်ဆိုလည်း ရှေ့ဆက်ကြပါရှင်... ဒါမှကျွန်မလည်းအဆုံးထိနောက်ဆုတ်လို့ရမယ်... အဲ့လိုမှမဟုတ်တွဲဖို့ထိစိတ်ကူးမရှိရင် အစ်ကို Sehun စိတ်ပြတ်အောင် ပြတ်ပြတ်သားသားလုပ်ပေးပါရှင်... Sehun ကလူလွတ်ဖြစ်နေသေးတယ်။ ငါရနိုင်ပါသေးတယ်ဆိုတဲ့စိတ်နဲ့မျှော်နေမိတာ ကျွန်မလည်းပန်းလှပြီ "


Jongin ဘာပြောရမလဲမသိ။ Jongin , Sehun ကိုသဘောကျပါသည်။ သို့ပေမယ့် သေချာတာကစဖွင့်ပြောမည်တော့မဟုတ်ပါ။ Jongin ကစဖွင့်ပြောရမည်ထက် ဆက်ဆံရေးဖြတ်တောက်လိုက်ရသည်ကိုပဲ ပိုအားသန်သူဖြစ်သည်။


" ကူညီပေးမယ်မလားရှင် "


" ဟုတ်ကဲ့ပါ "











" Jonginna… ဟိုကောင်လေးရောက်နေပြီ "
အတန်းဖော်မလေးက ပြတင်းပေါက်ကနေအောက်ကိုကြည့်ပြီးပြောသည်။ Professor ကသဘောကျစရာတွေ့သလိုပြုံးပြီး..


" ဇွဲကောင်းတဲ့ Romeo ပါလား.. Jongin တွဲလိုက်တော့တာမဟုတ်ဘူး "


သူကဖွင့်မပြောမှတော့ ဘယ်လိုအဆင့်တက်ရမလဲ... တစ်ခါတစ်ခါကြ ငါ့ကိုသက်သက်လာကစားနေလားဖြစ်ရတယ်။


ဒါပေမယ့် Jongin ကခေါင်းမာတဲ့ Jongin ပဲ။ လုံးဝစဖွင့်ပြောမှာမဟုတ်ဘူးလို့ဆုံးဖြတ်ထားတဲ့အတိုင်းပဲ နေမယ့် Jongin။







" အစ်ကို... "
Jongin ကိုမြင်တာနဲ့မျက်လုံးလက်လက်တွေနဲ့ခေါ်သည်။ သို့သော် Jongin စိတ်အခြေအနေမကောင်းနေ... တစ်ညနေလုံးကောင်မလေးပြောခဲ့သည့်စကားကိုပဲပြန်စဉ်းစားနေမိသည့်ကြား လိုရင်းမရောက်သည့် Sehun ကိုမြင်သည့်အခါ အလကားနေစိတ်တိုမိသည်။


" အင်း... Sehun "


" အစ်ကို... ဒီနေ့မျက်နှာမလန်းသလိုပဲ.. စိတ်ညစ်စရာရှိလို့လား "


" ဟင့်အင်း... ဒီနေ့ရော ဘာကိစ္စလဲ "


" ဟင်? ခါတိုင်းလို အစ်ကို့ကိုလာတွေ့တာလေဗျာ "


" အလုပ်မရှုပ်ဘူးလား ဒီထိလာလာတွေ့နေတာ "
Jongin ဤလိုရင်းမရောက်သည့်ဆက်ဆံရေးကိုငြင်းဖို့စကားစရှာမရနေ။


" အစ်ကို့မျက်နှာမြင်လိုက်ရရင် ဘာဖြစ်ဖြစ်အကုန်တန်တာပဲ.. ကိစ္စမရှိပါဘူး "


Jongin ဘာမှမပြောပဲရှေ့သာဆက်လျှောက်နေသည်။


" ဒီညနေရော အားတဲ့အချိန်လေးများ—"


" ဟင့်အင်း... စာကျက်ရမှာလုံးဝမအားဘူး "


အမေးမပြီးခင် ငြင်းချလိုက်သည်ကြောင့် Sehun မျက်နှာတစ်ချက်ပျက်သွားသည်။


" စိတ်အခြေအနေမကောင်းပုံပဲ... ကျွန်တော်ဒီကပဲပြန်လိုက်တော့မယ်.. စိတ်ထဲကဖွင့်ထုတ်ချင်ရင် ကျွန်တော့်ကိုဖုန်းဆက်လိုက်နော် "


တကယ်ပဲ....
လိုရင်းမရောက်နိုင်တော့ဘူးလား?





Kakao group chat ထဲကတတောင်တောင်နိုင်သည့် notifications များကိုထုတ်ကြည့်တော့ Jongin စီနီယာတစ်ယောက်အိမ်မှာ party ရှိကြောင်း။ သိပ်မကြာပါ Jongin ဂုတ်ကိုခုန်အုပ်ကာဖတ်ပြီး ထို parry သွားကြဖို့အတင်းအဖော်ဆက်ကာခေါ်သည်ကြောင့် အဆောင်မှာနေပြီးဘာမှမလုပ်စိတ်သောကရောက်မည့်အစား campus အပြင်ကိုပါသွားတော့သည်။









" တစ်ခွက်လောက်တော့သောက်ပါ... "


" ခါးတာကြီး မကြိုက်လို့ "


" အား... ခါးတာကအရသာလေ ဘယ့်နှယ်ခါးတာကိုမကြိုက်ရလဲ "


" စီနီယာကဗျာ! "


" မဟုတ်ရင် တစ်ခွက်လောက်တော့ကိုင်ထား ငါမတိုက်ရင်တခြားလူတွေအတင်းတိုက်လိမ့်မယ် "


ချောင်ကျလူရှင်းတဲ့နေရာကို မနည်းရှာပြီးသွားထိုင်ရသည်။ လိုက်လာမိတာမှားပြီမှန်း အိမ်ခြံထဲခြေချကတည်းက Jongin ခံစားမိသည်။ လူရှုပ်သည့်နေရာကနှင့်တကယ်မအပ်စပ်ပါပေ။


ထို့နောက် လက်ထဲကခွက်ကိုသောက်မိပြီး Jongin မပီသစွာအရက်ခွက်ထဲဘောလုံးပစ်သည့်ဖက်ကိုရောက်သွားတော့သည်။ အသံကျယ်ကြီးအားပေးနေသည့်ကြား ဂျုံအင်းတစ်ဖက်ထိပ်မှာရပ်ပြီးတစ်ပွဲပြီးတစ်ပွဲနိုင်နေသည်။ သို့သော်ထိုနိုင်နေမှုက အသံတချို့တိတ်ကာပြိုင်ဖက်ပြောင်းသွားပြီးနောက် စရှုံး၍တစ်ခွက်လုံးကို one shot မော့ချလိုက်ရသည်။ တစ်ဖက်ကပြိုင်ဖက်ထပ်လဲသည်ကြောင့်မော့ကြည့်ပြီး တစ်ကိုယ်လုံးလည်းတောင့်တင်းသွားရသည်။ ဂျုံအင်းကိုကြည့်နေသည့်အကြည့်များက စိမ်းစိမ်းဝါးဝါးနိုင်သည်။






" အစ်ကို ကျွန်တော့်ကိုအရမ်းမုန်းလားဗျာ "


အနောက်ဖက်ထွက်လာသည့် Jongin နောက်တဝေမသိမ်းလိုက်လာမည်လုံးဝမထင်ခဲ့ပါ။ နောက်ကျောကနံရံကိုထောက်ပြီး အသံကျယ်သွားတာကြောင့် ဂျုံအင်းလန့်သွားသည်။ အရက်နံ့တချို့ရပေမယ့် နှစ်ယောက်လုံးအသိစိတ်ရှိသေးသည်။ မီးရောင်မှိန်မှိန်အောက်မှာ... Sehun… မျက်ရည်ဝဲနေတာလား...


" S-Sehunna.. "


" လူများပြီးဆူညံတဲ့နေရာတွေမကြိုက်ဘူးဆို! စာကျက်ရမှာမို့လုံးဝမအားဘူးဆို!... ကျွန်တော့်ကိုပေါ်တင်ပဲငြင်းလိုက်ပါတော့ဗျာ "


" မဟုတ်..ဘူး... ကျွန်တော်က— "


" မဟုတ်ဘူးဆိုရင်.. ဘာလဲခင်ဗျာ ကျွန်တော့်တကယ်နားမလည်တော့လို့ပါ။ ကျွန်တော်က အစ်ကို့နဲ့အပြင်ထွက်ချင်လို့မေးတာကို ကျွန်တော့်ကိုကြ စာကျက်မှာမို့ဆိုပြီး အခုဒီမှာဒီလိုတွေ့ရတော့ ကျွန်တော်.. ကျွန်တော်... ကျွန်တော်အစ်ကို့ကိုဒီတစ်လျှောက်လုံးနှောက်ယှက်နေမိတာလားဖြစ်ရတာပေါ့... မကြိုက်ဘူးပွင့်ပွင့်လင်းလင်းပြောရင် ကျွန်တော်ဆက်မလိုက်ပါဘူးဗျာ "


သူ့မျက်နှာပေါ် မျက်ရည်ကတဖြည်းဖြည်းပိုလာသည်။ ဆက်မလိုက်ဘူးဆိုတာ မပတ်သတ်တော့ဘူးလို့ပြောတာမလား... ဝေးကြရအောင်ဆိုတဲ့သဘောလား..

Jongin ကိုယ့်ကိုကိုယ်ဆက်ဆံရေးဖြတ်တောက်လိုက်ရသည်ကိုပဲ ပိုအားသန်တဲ့သူထင်ခဲ့တာ။

Sehun ဟာ Jongin ကိုပျော့ညံ့သွားစေတတ်သူလည်းဖြစ်ပြန်သည်။



" မ-မဟုတ်ဘူး.. ကြိုက်တယ်.. သဘောကျတယ်.."


" ခင်ဗျာ ? "


" မင်းကိုသဘောကျတယ်... ကြာပြီ.. မင်းဖွင့်မပြောနိုင်လို့စောင့်ရင်းစောင့်ရင်း မင်းကကျွန်တာ့်ကိုအပျင်းပြေကစားနေတယ်ထင်လာလို့ "


" ဘယ်လိုလုပ်ကစားရမှာလဲဗျာ... ကျွန်တော်ဖွင့်ပြောဖို့ အားတင်းပြီးညနေအားလားမေးတိုင်း မအားဘူးလို့အစ်ကိုဖြေခဲ့တာလေ "


" ဖွင့်ပြောမလို့လား..? "


လိုရင်းမရရောက်တာတစ်ခုလုံးက ကိုယ့်ကြောင့်ဟုသိခါမှ Jongin ရပ်တန့်သွားသည်။


" ကျွန်တော်.. မသိခဲ့ဘူး.."


" ဆရာဝန်လေးက တုံးတုံးလေးဗျာ "


" အဲ့လိုမပြောနဲ့ "
ဂျုံအင်း ကိုယ်တိုင်မသိလိုက်ပဲနှုတ်ခမ်းဆူမိသည်။


" အာ.. အစ်ကိုကဘာလေးလဲဗျာ.. ကျွန်တော့်ကိုငိုအောင်လုပ်လိုက်... အသည်းယားအောင်လုပ်လိုက်နဲ့ "


" မငိုပါနဲ့ "
Jongin , Sehun ခေါင်းလေးကိုပုတ်ကာချော့လိုက်သည်။


" ဒါဆိုကျွန်တော်တို့ချစ်သူဖြစ်ပြီလို့သတ်မှတ်လို့ရပြီလားဗျာ "


Jongin ခေါင်းငြိမ့်ပြလိုက်သည်။ ထိုခါ Sehun က အနားပိုကပ်လာပြီး.. Jongin မျက်လုံးထဲသေချာကြည့်သည်။


" ကျွန်တော်အစ်ကို့ကိုနမ်းချင်လို့ "


" ဟင်? "


" နှုတ်ခမ်းဆူဆူလေးကို နမ်းချင်လို့ "


Jongin ခေါင်းတောင့်တောင့်ကြီးနှင့်ငြိမ့်ပြသည်။ ထို့နောက်မေးစေ့ကိုသေချာထိန်းကိုင်လာသည့်လက်နှင့် လက်မတစ်ခုဟာအောက်နှုတ်ခမ်းကိုပွတ်သပ်သည်ကိုခံစားမိသည်။ ထို့နောက်တွင် အိစက်စက်ခံစားချက်ဟာ Jongin ရင်ကိုလှိုက်ဖိုလာအောင်စွမ်းဆောင်လေသည်။


" ချစ်ရဲ့လား "


" အများကြီးပေါ့ မောင့်အသက်ရဲ့ "








End

SeKai Fanfic Festival 2021Where stories live. Discover now