"မနေ့က မရိုမသေ ငါလို့ ပြောမိလို့ စိတ်ဆိုးနေတာလား  အဲ့လိုဆိုရင် ကျွန်တော် ဆင်ခြင်မယ်
ဘာနေနေ ကျွန်တော်က ဂျူနီယာပဲလေ ''

ထိုစကားကြားတော့ ဆယ်ဟွန်းက ပြုံးတယ်။
စိတ်ရှုပ်စရာကောင်းလောက်အောင်ကို ခဏခဏ
ပြုံးပြုံးပြနေတဲ့ ဆယ်ဟွန်းကို ဘာလဲဆိုတဲ့ အကြည့်နဲ့ ဂျုံအင်ကြည့်လိုက်သည် ။

"ဟူး ''

ဂျုံအင်က လေပူတွေကို မှုတ်ထုတ်လိုက်ပြီး
ဆယ်ဟွန်း လက်ကို ဖြုတ်ချလိုက်တယ်

"ပြောစရာမရှိရင် သွားတော့မယ် ''

"လမ်းတူနေတာပဲလေ အတူသွားမယ်
သွားနေရင်းနဲ့ ပြောပြမယ် "

ဂျုံအင် စကားတစ်လုံးမှ ထပ်မပြောတော့ပဲ
ကျစ် တစ်ချက် သပ်ကာ ကျောင်းဘက်ဦးတည်လိုက်တယ် ။

--------------------------------
တစ်လမ်းလုံး နှင်းကျသံမှ
လွဲရင် တခြားမရှိ။
တိတ်ဆိတ်လာသည့်အလျောက်
ဂျုံအင်သည်လဲ တစ်ခုခုကို စဉ်းစားမိနေသည်။

"ဂျုံအင် "

"......"

တစ်ခွန်းမှ ပြန်မပြောပဲ ဘာလဲ ဆိုသည့်
အမူအရာနဲ့ မေ့ငေါ့ပြလိုက်သည် ။

"ဒီစကားကိုပြောဖို့ တော်တော်ကြာကြာ
စဉ်းစားခဲ့တယ် ကိုယ်နဲ့ မဆိုင်ပဲ ဒါကိုပြောသင့်မပြောသင့် အကြိမ်ကြိမ်ပေါ့ ''

တွန့်ချိုးစပြုလာတဲ့ ဂျုံအင့်မျက်ခုံးတွေ ။
ဆက်ပြောမည့် စကားကို
စောင့်နေသည့် ဂျုံအင်ကြောင့်
ဆယ်ဟွန်း ဆက်ပြောလိုက်တယ်။

"ကိုယ် မင်းကို ဆေးလိပ် ဖြတ်စေချင်တယ်''

"ဟူး''

မျက်နှာလွှဲကာ လေပူတွေကို
မှုတ်ထုတ်လိုက်တဲ့ ဂျုံအင့်ကို
ဆယ်ဟွန်း ဒီဘက်သို့ ဆွဲလှည့်လိုက်တယ်။

"မင်းမှာ ပြောစရာစကား မရှိဘူးလား ''

"မင်း ဘာတွေ လာအရူးထနေတာလဲ
ဆေးလိပ်လေး ဖြတ်ဖို့ပြောတာကို
ချစ်ခွင့်ပန်နေသလို စကားဦးခံနေတယ်
ကျွန်တော် လုပ်ချင်တာ လုပ်မယ်''

ဂျုံအင် ခြေလှမ်းတွေရပ်လိုက်တယ် ။
ထို့နောက် ဆယ်ဟွန်းနဲ့ မျက်နှာချင်းဆိုင်
ရှေ့မှာ ဝင်ရပ်ကာ

 Will We Try To Be Together(U+Z)Où les histoires vivent. Découvrez maintenant