"အာ...အဲ့လိုပြောလို့မရဘူးလေ ညီမလေးရဲ့ ဟာ ထမင်းအိုးတူးနံ့ နံတယ်"
နှာခေါင်းဝသို့ ဝင်လာသည့် ထမင်းအိုးတူးနံ့ကြောင့် နှာခေါင်းရှုံ့ကာ မောင်နှမနှစ်ယောက်စဉ်းစားနေမိသည်။
"ဟာ ဟုတ်သားပဲ ညီမလေးထမင်းအိုးတည်ခဲ့တာ ကိုကိုလည်းဆက်ရေးတော့ ညီမလေးလည်းပြေးပြီ"
အခန်းထဲက ပြေးထွက်သွားသော ဖြူနှင်းဖွေးအား ကြည့်ကာ နောင်ရိုး ပြုံးလိုက်မိသည်။ဦးလေးဖက်ကပါလာတဲ့သူ ဖြစ်ပေမယ့် ဖြူနှင်းဖွေးသည် သူ့ကိုတော့အတော်လေး ခင်တွယ်ရှာပါသည်။ဖြူနှင်းေဖွးကို ခင်တွယ်မိသော်လည်း ပတ်ဝန်းကျင်၏ အကြည့်များကြောင့် နောင်ရိုးသစ် ခပ်မှန်မှန်တာ နေခဲ့သည်။
"ဟူး.."
လေပူတစ်ချက်မှုတ်ထုတ်ရင်း ရေးချင်စိတ်မရှိတော့တာမို့ ရေးလက်စ စာအုပ်ကလေးအား ခေါင်းအုံးအောက်သိမ်းထားလိုက်ကာ ကုတင်ပေါ်တွင် လဲလျောင်းရန်ပြင်လိုက်သည်။
"အား"
"အား ဗိုက်အောင့်လိုက်တာကွာ"
အိပ်ယာထဲ လဲလျောင်းနေရာမှ ဝမ်းဗိုက် ဘယ်ဘက်ခြမ်းမှ မီးစူးနှင့် ထိုးသကဲ့သို့ ခံရခက်စွာ ထိုးအောင့်လေသည်။နားသယ်စပ်တွင် ချွေးများပင် စို့ကာ လူက မောပန်းလာပြီဖြစ်သည်။
"အမေ အမေ.."
နောင်ရိုးသစ် အတန်ကြာအောင်ခေါ်သော်လည်း အမေကကြားဟန်မတူ။ ထိုးအောင့်နေသည့် ဝမ်းဗိုက်ကို လက်ဖြင့်အနည်းငယ်ညစ်ကာ အိပ်ယာမှကြိုးစားထလိုက်လေသည်။
"အား...နာလိုက်တာ"
ဘာတွေ ဘယ်လိုဖြစ်သည်မသိ။ဒီနေ့မှ ဗိုက်အလွန်အောင့်နေသည်။
"အမေ"
"နှင်းဖွေး"
"ရှင် ကိုကို"
"အမေမရှိဘူးလား"
"ဟုတ်တယ် ကိုကို"
"ကိုကို ဗိုက်အရမ်းအောင့်နေလို့ ရွာလယ်က ဆေးဆိုင်မှာ ဆေးသွားဝယ်ပေးပါ့လား"
"ဟုတ်ကဲ့ ကိုကို။ဒါနဲ့ ဘာဆေးလို့ပြောပြီး ဝယ်ခဲ့ရမလဲ"
"ဗိုက်အောင့်ပျောက်ဆေးလို့တာ ပြောလိုက်ဟာ"
DU LIEST GERADE
ခွင့် (Unicode+Zawgyi)
Romantikတစ်ဘဝစာဖြစ်ဖြစ်၊ တစ်ခဏတာဖြစ်ဖြစ် အသက်ရှင်သန်ကျန်ရှိနေတဲ့ တစ်လျှောက်လုံး ချစ်ရသူ အနားမှာပဲ နေခွင့်ရချင်တယ်။
Chapter-31(U+Z)
Beginne am Anfang