ကျေးလက်

Start from the beginning
                                    

"အင်း...ငါတို့အကုန်ထလာကြတာနဲ့ ခွန်မြဲလည်း နိုးသွားတာထင်တယ်။"

ကိုထွန်းက သူ့ဘေးသို့ဝင်၍ ဖန်ခွက်များကို ဆေးကူသည်။

"အိပ်ရေးဝရဲ့လား။"

"အွန်း..."

"ကော်ဖီမကြိုက်ဘူးဆိုတော့ ငါဘာဝယ်ပေးရမလဲ။"

"အင်...အဆင်ပြေပါ့မလား။"

"ပြေပါတယ်။ဘာမှမဖြစ်ဘူး။ချိုဆိမ့်သောက်တယ်မလား။ငါဝယ်လိုက်မယ်နော်။"

ခိုင်ခံ့မောင်၏ စကားကို ခွန်မြဲဟိန်က ခေါင်းညိတ်ထောက်ခံလေ၏။

"မင်းတစ်ယောက်တည်းသွားလို့ ဘယ်နေရာမှာ ဘာရှိတယ်ဆိုတာသိပါ့မလား။
ငါလည်းလိုက်ခဲ့မယ်လေ။"

ကိုထွန်းက ဆေးပြီးသားဖန်ခွက်တို့ကို ရေစစ်ရင်းပြောလာသည်။

ကိုထွန်း စကားက ဆီလျော်သဖြင့် ခိုင်ခံ့မောင် ငြင်းမနေတော့ဘဲ အဖွားကိုခွင့်တောင်းပြီး ညီအစ်ကိုနှစ်ယောက် မီးဖိုချောင်မှထွက်လာခဲ့သည်။

ဧည့်ခန်းတွင် ကိုဇေလင်းထက်တို့အုပ်စုက သတင်းစာတစ်ယောက်တစ်စောင်စီကိုင်၍ ထိုင်နေကြသည်။

"ဘယ်သွားမလို့လဲ ငထွန်း။"

ကိုဇေလင်းထက်၏ မျက်လုံးက ချက်ချင်း ကိုထွန်းသန့်လင်းဆီသို့ ရောက်လာသည်။

"ရွာထဲမှာ လက်ဖက်ရည်သွားဝယ်မလို့။
မင်းအတွက်က ပုံမှန်ဝယ်ခဲ့မယ်။"

"ငါတို့အတွက်ကရော။"

ကိုပိုင်ဟိန်းခန့်က စကားနိုင်လုလာပြန်၏။

"မင်းက ကော်ဖီသောက်တာပဲကို။
အာ...ဝယ်ခဲ့မယ်ကွာ။ကဂျီကဂျောင်မလုပ်နဲ့။
မျိုးသက်လည်း ပုံမှန်မလား။"

ကိုမျိုးသက်က သတင်းစာမှ အကြည့်မခွာဘဲ ခေါင်းညိတ်ရုံသာညိတ်ပြသည်။

"ခွန်မြဲ မီးဖိုချောင်မှာနော်
တစ်ချက်ကြည့်ပေးလိုက်ပါ။"

ခိုင်ခံ့မောင်က ခွန်မြဲတစ်ယောက်တည်း ပျင်းနေမည်စိုး၍ မှာခဲ့ရသည်။

ခိုင်မြဲစေလို...Where stories live. Discover now