♡︎(13)♡︎[U+Z]

Start from the beginning
                                    

သို့သော် အချိန်ဆွဲမနေတော့ဘဲ မျက်နှာကို ခပ်သွက်သွက်သစ်လိုက်ပြီး သွားတိုက်ခြင်းကိုလည်း မြန်မြန်ဆန်ဆန်ပင် ပြုလိုက်၏။

ထို့နောက် ခိုင်ခံ့မောင်သည် အိမ်ထဲသို့ပြန်ဝင်လိုက်ပြီး မီးဖိုချောင်သို့ လျှောက်လာခဲ့လေသည်။အဖွားသည် အငွေ့တထောင်းထောင်းထနေသည့် ကောက်ညှင်းပေါင်းကို မနက်စာအဖြစ်ပြင်ဆင်နေသဖြင့် ကောက်ညှင်းပေါင်း၏ မွှေးရနံ့က သူ၏ နှာခေါင်းထဲသို့ပင် တိုးဝင်လာ၏။

"မြေး...နိုးတောင်နိုးနေပြီလား။"
ခြေသံကြား၍ လှည့်ကြည့်လာသော အဖွား၏ ပါးပြင်၌ ထုံးစံအတိုင်း သနပ်ခါးဖွေးဖွေးသည် တင့်တယ်စွာ တည်ရှိနေပေသည်။

"ဟုတ် အဖွား...။
အဖိုးရောဟင်။"

"မြေး အဖိုးက ကောက်ညှင်းပေါင်းနဲ့စားဖို့ ရွာထဲမှာ အကြော်သွားဝယ်လေရဲ့။"

"သြော်...ဒါနဲ့ သားဘာကူရမလဲဟင် အဖွား။"

ခိုင်ခံ့မောင်က သူ့ထက် အရပ်တိုသည့် အဖွား၏ ပုခုံးကို ဆုပ်ကိုင်၍ မေးလိုက်သည်။

"မြေး ကူချင်ရင် ကော်ဖီဖျော်ကူလေ။
မြေးတို့အကြိုက်ကို အဖွားက မသိတော့ မြေးကူပေးနော်။"

ခိုင်ခံ့မောင်သည် အဖွားပြောသည့်စကားကို ခေါင်းညိတ်ထောက်ခံလိုက်ပြီး ဖန်ခွက်များရှိရာ သို့ သွက်သွက်လေးသွားလိုက်သည်။

"မင်းက ဒီမှာ အမှတ်လာယူနေတာပေါ့။
ဟုတ်လား ခိုင်ခံ့မောင်...။"

တစ်စုံတစ်ယောက်က သူ့နာမည်ခေါ်သံကြား၍ ဖန်ခွက်ဆေးနေရာမှ ခိုင်ခံ့မောင်လှည့်ကြည့်လိုက်မိသည်။

"ကိုထွန်းက အိပ်ပုတ်ကြီးနေပြီး။
နိုးလာရင်လည်း လာကူ လာ။"

ဝမ်းကွဲဖြစ်သော်လည်း ညီအစ်ကိုအရင်းလိုပင်ရင်းရင်းနှီးနှီးရှိကြသဖြင့် စကားနိုင်လုနေကြပြန်၏။

"ဟင် ခွန်မြဲလည်းနိုးပြီလား။"

ကိုထွန်း၏ နောက်တွင် ရပ်နေသည့် ခွန်မြဲကိုမြင်သည်နှင့် ခိုင်ခံ့မောင်၏ မျက်ဝန်းတို့ ဝိုင်းစက်သွားရ၏။
ခွန်မြဲဟိန်သည် ဘယ်သောအခါမှ စောစောထလေ့မရှိ။

ခိုင်မြဲစေလို...Where stories live. Discover now