အပိုင်း (၃၃)

Start from the beginning
                                    

အားကျတယ်ဆိုတဲ့ အင်ဒူလင့်ရဲ့ထိုအပြောမှာ မနာလိုခြင်းတွေအလျဉ်းမရှိပါ။ အင်ဒူလင်က တကယ်ပဲ စိတ်ထားပြည့်ဝတဲ့အမျိုးသမီးဆိုတာကို သူမရဲ့မျက်လုံးတွေကတဆင့် ကျွန်တော်သိလိုက်ရသည်။

ဒီလိုမျိုး ပြည့်စုံတဲ့ အမျိုးသမီးရှိနေတာကို ဘာလို့များမတင်းတိမ်နိုင်ရသလဲလို့ ကျွန်တော်တွေးမိပြီး အင်ဒူလင့်ကို ကြည့်မိတော့ သူမက ကျွန်တော့်အတွးကို သိသည့်အလား...
"Don't look at me like this.I'm ok"
(ငါ့ကို အဲ့လိုမကြည့်နဲ့။ ငါအဆင်ပြေနေတာကို)

"Sorry."
(တောင်းပန်ပါတယ်)

ကျွန်တော်တောင်းပန်စကား ပြောပြီးသည့် အချိန်မှာပဲ အင်ဒူလင်က မျက်ခုံးတစ်ဖက်ပင့်ပြီး အရေးမစိုက်သလို ပုံစံနှင့် ထမင်းဝိုင်းကနေ ထွက်သွားလေသည်။

ထို့ကြောင့် ကျွန်တော်လည်း သားနဲ့သမီးဆီကိုပြန်ကြည့်လိုက်သည်။ မျက်တောင်လေးတွေဆင်းနေပြီမို့ အလိုက်တသိနဲ့ပဲ အခန်းထဲပြန်ခေါ်သွားပြီး အိပ်ရာပေါ်ကို ချပေးလိုက်သည်။

"ပုံ..."

မျက်တောင်တွေလည်း ဆင်းနေပြီး ပါးစပ်ကလေးကလည်း တဝှါးဝှါးနှင့်သန်းနေပြီ။ဒါကို အရစ်ထုပ်လုပ်နေသည့် ရောင်ဝါ့ကို ကျွန်တော်က ခပ်ကြမ်းကြမ်းပင် မွှေးကြူလိုက်ပြီး.....
"ဟိုရှေးရှေးတုန်းက ကောင်းကင်ကြီးက ဘာမှမရှိပဲဒီတိုင်း ဟင်းလင်ပြင်ကြီးတဲ့။"

"ကောင်း"

"ကောင်းကင်လို့ခေါ်ရတယ် သမီးရ။"

အခန်းပြတင်းပေါက်ကနေတဆင့်မြင်နေတဲ့ ကောင်းကင်ကို ညွှန်းပြပြီးပြောလိုက်တော့ သမီးကြီးရဲ့မျက်လုံးတွေက ကောင်းကင်ဆီသို့ရောက်သွားသည်။ ဒီည မိုးသားကင်စင်တာကြောင့်လားတော့မသိ။ ကောင်းကင်မှာရှိနေတဲ့ လခြမ်းကွေးက ထိန်ထိန်လင်းနေသည်။

"ဆက်ပြီးပြောရရင် အထီးကျန်နေတဲ့ ကောင်းကင်ကြီးအတွက် နေနဲ့လဆိုတာ ဖြစ်ပေါ်ခဲ့တယ်။ နေကပူပြင်လွန်းတယ်၊ တောက်ပလွန်းတယ်။ လကတော့ အေးချမ်းတယ်။"

ကျွန်တော့်ပုံပြင် အဆုံးမသတ်သေးပေမယ့်လည်း သားနဲ့သမီးက အိပ်သွားကြပြီ။ နေ့လယ်တုန်းက တော်တော်လေး ဆော့ထားသည်မို့ သူတို့လေးတွေ ပင်ပန်းသွားတာနေမှာ။

ကော်ဖီတစ်ခွက်၊ကြံရည်တစ်ခွက် နှင့် အချစ်တစ်ပွဲ (Completed)Where stories live. Discover now