Part-7

10.1K 291 15
                                    

[Unicode]🔞Sex Game Together🔞

Part (7)

ခပ်စူးစူးနေရောင်ခြည်ကြောင့်ရိပေါ်နိုးလာခဲ့ရသည်။
ဘေးကိုကြည့်တော့ ပင်လယ်ကြီး..
ဟင် ?? ဒါဆိုသူတို့ကမနေ့ညကနေရာမှာပဲပေါ့။

"Bae နိုးပြီလား?"

"ဒါဘယ်နေရာလဲ?"

"ပင်လယ်နားလေ ဒီနားမှာရွာရှိတယ်ဆိုလို့Baeနဲ့လျှောက်လည်မလားလို့"

"တကယ်..?"

အရောင်တလက်လက်မျက်၀န်များဖြင့်မေးလာသောကောင်လေးကြောင့်ရှောင်းကျန့်ပြုံးလိုက်မိသည်။တကယ့်ကလေးပေါက်စလေး။
~~~~~~~~~~~~~~~~~
ရွာထဲရောက်တော့ရွာသားများကနွေးထွေးစွာကြိုဆိုသည်။
သူတို့ကတော့အဘိုးတစ်ယောက်အိမ်မှာ တစ်ညတည်းဖို့ဆုံးဖြတ်ထားသည်။
ရှောင်းကျန့်ကကွပ်ပျစ်ပေါ်တွင်ထိုင်တာ အိမ်ရှင်အဖိုးနှင့်ရောက်တာရာရာများပြောနေသည်။

ဘေးကိုကြည့်တော့သူ့ချာတိတ်လေးက ကလေးတွေဆော့တာကိုကြည့်ရင်းပြုံးနေသည်။
အပြုံးနုနုလေးကအလွန်လှပသော်လဲ အိပ်ယာထပ်သူ့အောက်တွင်အော်ငြီးနေပုံလောက်တော့မလှပခဲ့။ တွေးရင်း တွေးရင်းး အောက်ကအရာကထောင်ခနဲ!

ဟူးးး စိတ်လျော့ရှောင်းကျန့် စိတ်လျော့ အော်မီသော်ဖော်...ဥုံ ၀မ်ရိပေါ်နဲ့ငါနဲ့ရ

တရားထိုင်မှတ်နေ‌သည့်ရှောင်းကျန့်ကိုကြည့်ပြီးရိပေါ်တစ်ယောက်ကြိတ်ခွီနေလေသည်။ ဘယ်လိုတောင်လား??

ရုတ်တရက်သူ့ရှေ့ရောက်လာသောနှင်းဆီပန်းလေးကြောင့် မော့ကြည့်လိုက်တော့ ကလေးမလေးတစ်ယောက်။

"တို့တို့အတွက်..."

ကလေးမလေးကချစ်စရာလေးဖြစ်သည့်အပြင် မပီကလာလေးဖြင့်သူ့ကိုခေါ်နေသောကြာင့် အသည်းယားလာရသည်။
ထိုကလေးလေးပေးသော နှင်းဆီပန်းအား ရိပေါ်ယူရန်လက်လှမ်းလိုက်စဉ်...

"အဟမ်း.. ကိုကိုရိပေါ်ကနှင်းဆီနဲ့မတည့်ဘူး ကလေးမလေးရဲ့"

"ဟင်?"

"ဟုတ်တယ် အဲ့တာကြောင့်ပြန်ယူသွားလိုက်နော်...
သမီးပဲပန်ထား"

🔞Sex Game Together🔞Donde viven las historias. Descúbrelo ahora